ခ်စ္စႏိုးဦးရဲ႕ မဂၤလာသတင္းအေပၚ ဝမ္းသာမဆံုးျဖစ္ေနတဲ့ ဆုပန္ထြြာ

မဂၤလာပြဲက်င္းပေတာ့မွာျဖစ္တဲ့ သရုပ္ေဆာင္ ခ်စ္စႏိုးဦးအတြက္ ဆုပန္ထြာတစ္ေယာက္ အေပ်ာ္ႀကီးေပ်ာ္ေနရပါတယ္တဲ့။ အျမန္ဆုံးကေလးေမြးႏုိင္ဖုိ႔ကုိလည္း

တုိက္တြန္းထားတယ္လုိ႔ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။ ဆုပန္ထြာက အႏုပညာညီမတစ္ဦးျဖစ္တဲ့ သရုပ္ေဆာင္ခ်စ္စႏုိးဦးအတြက္ အေပ်ာ္ရႊင္ခဲ့ရဆုံး

အခ်ိန္ကုိ ရင္ဖြင့္ေျပာျပလာပါတယ္။ ခ်စ္စႏုိးဦးရဲ႕ မဂၤလာသတင္းအေပၚမွာလည္း သူမရဲ႕ စိတ္သေဘာထားကုိ မီဒီယာေတြကေနတဆင့္ေျပာျပလာပါတယ္။

‘’သူလည္း ေမာင္ဖုိးသားနဲ႔ လက္ထပ္ေတာ့မယ္ဆုိတာၾကားေတာ့ အစ္မအရမ္းေပ်ာ္တာ။ ကုိယ္နဲ႔ ဘာမွေတာ့ မေတာ္ဘူး၊ ဘာမွေတာ့ မဆုိင္ဘူးဆုိေပမယ့္

ေမတၱာတရားေလးေၾကာင့္ ႏွစ္ေယာက္စလုံးကုိ အစ္မက ေက်းဇူးတင္တယ္။ အဓိက ကေတာ့ ေယာက်္ားေလးက အဓိကပါ။ သူယူခ်င္မွျဖစ္မွာေလ မိန္းကေလးက

ယူရေအာင္ ေျပာလုိ႔မွ မရတာ။ အခုက်ေတာ့ ေမာင္ေလးက လက္ထပ္ခြင့္ေတာင္းခဲ့တာဆုိေတာ့ အေပ်ာ္ဆံုးအခ်ိန္ပဲ’’ လုိ႔သူကဆုိပါတယ္။

အဲဒီေနာက္ မဂၤလာေဆာင္ဖုိ႔ စီစဥ္ေနၾကတဲ့ ခ်စ္စႏုိးဦးတုိ႔ စုံတြဲကုိလည္း အျမန္ဆုံးကေလးယူဖုိ႔ တုိက္တြန္းထားတယ္လုိ႔လည္း စေနာက္ရင္း ေျပာျပလာပါေသးတယ္။

‘’ ကေလးတန္းေမြးလုိ႔ေျပာထားတယ္။ ကေလးတန္းေမြးခုိင္းတာကလည္း မပန္ကေလ ယူဖုိ႔အစီအစဥ္မရွိေပမယ့္ ဖူးစာပါလာေတာ့ အိမ္ေထာင္က်တယ္။

မမဆုိ တစ္ႏွစ္ေလာက္ေနမွ ကေလးယူျဖစ္တာပါ။ ကေလးတစ္ေယာက္ယူဖုိ႔ဆုိတာ မိန္းမတစ္ေယာက္အတြက္ ခြန္အားေတြလုိတယ္။ က်န္းမာဖုိ႔လည္း လုိတယ္။’’

ဆုိၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပခဲ့တာပါ။ဆုပန္ထြာနဲ႔ ခ်စ္စႏုိးဦးတုိ႔ဟာ အႏုပညာေလာကထဲမွာ အလုပ္အတူတူလက္တြဲလုပ္ေဆာင္လာ ၾကတဲ့

ႏွစ္ေတြကလည္း မနည္းေတာ့ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ကလည္း ညီအစ္မအရင္းေတြလုိပဲ ခ်စ္ခ်စ္ခင္ခင္ရွိၾကတယ္လုိ႔ ဆုပန္ထြာက ေျပာပါတယ္။

‘’ ညီမေလး ခ်စ္စႏုိးဦးနဲ႔ကေတာ့ တကယ့္ ညီအစ္မေတြလုိ ေနခဲ့တာဆုိေတာ့ အစ္မအတြက္ကုိ သူစိတ္ပူေပးတာေတြ အမ်ားႀကီးရွိတယ္။ သူ႔အတြက္ဆုိလည္း

အစ္မစိတ္ပူေပးတာေတြ အမ်ားႀကီးရွိပါတယ္။ ညီအစ္မႏွစ္ေယာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ သိတတ္ နားလည္တဲ့ စိတ္ကေလးနဲ႔ေပါ့’’ ဆုိၿပီးေတာ့ 2.9 ရတနာဆုိင္ဖြင့္ပြဲကုိ တက္ေရာက္ရင္း ေျဖဆုိခဲ့တာပါ။

ဆုပန္ထြာက အခုလက္ရွိမွာေတာ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးေနတာျဖစ္သလုိ၊ ဂီတဘက္မွာလည္း သီခ်င္းေတြ သီဆုိေနရသူပါ။ သူဟာ

‘’ေသေလာက္ေအာင္ ခ်စ္တယ္’’ ဆုုိတဲ့ တစ္ကုိယ္ေတာ္ သီခ်င္းေခြလည္း ထြက္ရွိၿပီးသားျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြလည္း

ေဆာင္ရြက္ေနတာျဖစ္သလုိ မိသားစုကုိလည္း အခ်ိန္ေပးေနတာကုိ ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Cele Yatkwat

#Unicode Version# ျဖင့္ဖတ္ပါ ။

ချစ်စနိုးဦးရဲ့ မင်္ဂလာသတင်းအပေါ် ဝမ်းသာမဆုံးဖြစ်နေတဲ့ ဆုပန်ထွာ

မင်္ဂလာပွဲကျင်းပတော့မှာဖြစ်တဲ့ သရုပ်ဆောင် ချစ်စနိုးဦးအတွက် ဆုပန်ထွာတစ်ယောက် အပျော်ကြီးပျော်နေရပါတယ်တဲ့။ အမြန်ဆုံးကလေးမွေးနိုင်ဖို့ကိုလည်း

တိုက်တွန်းထားတယ်လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ ဆုပန်ထွာက အနုပညာညီမတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ချစ်စနိုးဦးအတွက် အပျော်ရွှင်ခဲ့ရဆုံး

အချိန်ကို ရင်ဖွင့်ပြောပြလာပါတယ်။ ချစ်စနိုးဦးရဲ့ မင်္ဂလာသတင်းအပေါ်မှာလည်း သူမရဲ့ စိတ်သဘောထားကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

‘’သူလည်း မောင်ဖိုးသားနဲ့ လက်ထပ်တော့မယ်ဆိုတာကြားတော့ အစ်မအရမ်းပျော်တာ။ ကိုယ်နဲ့ ဘာမှတော့ မတော်ဘူး၊ ဘာမှတော့ မဆိုင်ဘူးဆိုပေမယ့်

မေတ္တာတရားလေးကြောင့် နှစ်ယောက်စလုံးကို အစ်မက ကျေးဇူးတင်တယ်။ အဓိက ကတော့ ယောကျ်ားလေးက အဓိကပါ။ သူယူချင်မှဖြစ်မှာလေ မိန်းကလေးက

ယူရအောင် ပြောလို့မှ မရတာ။ အခုကျတော့ မောင်လေးက လက်ထပ်ခွင့်တောင်းခဲ့တာဆိုတော့ အပျော်ဆုံးအချိန်ပဲ’’ လို့သူကဆိုပါတယ်။

အဲဒီနောက် မင်္ဂလာဆောင်ဖို့ စီစဉ်နေကြတဲ့ ချစ်စနိုးဦးတို့ စုံတွဲကိုလည်း အမြန်ဆုံးကလေးယူဖို့ တိုက်တွန်းထားတယ်လို့လည်း စနောက်ရင်း ပြောပြလာပါသေးတယ်။

‘’ ကလေးတန်းမွေးလို့ပြောထားတယ်။ ကလေးတန်းမွေးခိုင်းတာကလည်း မပန်ကလေ ယူဖို့အစီအစဉ်မရှိပေမယ့် ဖူးစာပါလာတော့ အိမ်ထောင်ကျတယ်။

မမဆို တစ်နှစ်လောက်နေမှ ကလေးယူဖြစ်တာပါ။ ကလေးတစ်ယောက်ယူဖို့ဆိုတာ မိန်းမတစ်ယောက်အတွက် ခွန်အားတွေလိုတယ်။ ကျန်းမာဖို့လည်း လိုတယ်။’’

ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့တာပါ။ဆုပန်ထွာနဲ့ ချစ်စနိုးဦးတို့ဟာ အနုပညာလောကထဲမှာ အလုပ်အတူတူလက်တွဲလုပ်ဆောင်လာ ကြတဲ့

နှစ်တွေကလည်း မနည်းတော့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ကလည်း ညီအစ်မအရင်းတွေလိုပဲ ချစ်ချစ်ခင်ခင်ရှိကြတယ်လို့ ဆုပန်ထွာက ပြောပါတယ်။

‘’ ညီမလေး ချစ်စနိုးဦးနဲ့ကတော့ တကယ့် ညီအစ်မတွေလို နေခဲ့တာဆိုတော့ အစ်မအတွက်ကို သူစိတ်ပူပေးတာတွေ အများကြီးရှိတယ်။ သူ့အတွက်ဆိုလည်း

အစ်မစိတ်ပူပေးတာတွေ အများကြီးရှိပါတယ်။ ညီအစ်မနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် သိတတ် နားလည်တဲ့ စိတ်ကလေးနဲ့ပေါ့’’ ဆိုပြီးတော့ 2.9 ရတနာဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဆုပန်ထွာက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာဖြစ်သလို၊ ဂီတဘက်မှာလည်း သီချင်းတွေ သီဆိုနေရသူပါ။ သူဟာ

‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော် သီချင်းခွေလည်း ထွက်ရှိပြီးသားဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေလည်း

ဆောင်ရွက်နေတာဖြစ်သလို မိသားစုကိုလည်း အချိန်ပေးနေတာကို တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Cele Yatkwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top