အနီရောင်
လိမ္မော်ရောင်
အဝါရောင်
အစိမ်းရောင်
အပြာရောင်
ခရမ်းရောင်
အပန်းရောင်
အညှိရောင်
အနက်ရောင်
အဖြူရောင်
Credit:marry
# Unicode Version # ဖြင့် ဖတ်ပါ #
အရောင်များကလည်း လူတွေရဲ့အကျင့်များကို ပြောနိုင်တာကြောင့် ဒီတစ်ပါတ်မှာတော့ သက်ဆိုင်ရာ အရောင်နှင့် ကိုယ့်အကြောင်းကို သိအောင်ဖော်ပြလိုက်ပါတယ်။
အရောင်များကလည်း လူတွေရဲ့အကျင့်များကို ပြောနိုင်တာကြောင့် ဒီတစ်ပါတ်မှာတော့ သက်ဆိုင်ရာ အရောင်နှင့် ကိုယ့်အကြောင်းကို သိအောင်ဖော်ပြလိုက်ပါတယ်။
အနီရောင်
ရဲ့ရင်ခြင်း အဓိပ္ပာယ်ဆောင်သော အနီရောင်ကို သဘောကျ နှစ်သက်သောသူများကတော့ ဆုံဖြတ်ချက်ကို မြန်ဆန်စွာ ချမှတ်တတ်ကြပါတယ်။ အခက်အခဲများနှင့် ကြုံတွေ့လာလျှင်လည်း မားမားမတ်မတ် ရပ်တည်ကာ ဖြေးရှင်းမှုကို အားသန်လေ့ရှိပါတယ်။ အမှားများနှင့် ရင်ဆိုင်ရလျှင်လည်း ပူးပေါင်းပါဝင်ရန် ဝန်မလေးတတ်ပါဘူး ။
လိမ္မော်ရောင်
လိမ္မော်ရောင် ကိုနှစ်သက်သော သူများကတော့ လူမှုရေးတွင် ဖော်ရွှေတတ်ကြပြီး အသင်းအဖွဲ့နှင့်လုပ်ကိုင်ရာတွင် အမြဲ လေးစားအားကျခံရတတ်ပါတယ်။ ခေါင်းဆောင်နေရာသို့အမြဲ ခန့်အပ်ခံထားရလေ့ရှိပါတယ်။ ထိုသို့နေရာပေးခြင်း၊ ယုံကြည်ခြင်းခံရသော်လည်း တာဝန်များကိုလည်း အနည်းငယ်ပင်ပန်းစွာ စီမံခန့်ခွဲရပါလိမ့်မယ်။
အဝါရောင်
အဝါရောင်ကို နှစ်သက်သောသူများကတော့ အတွေးအခေါ်ပိုင်းဆိုင်ရာ ကောင်းမွန်လေ့ရှိပြီး လက်တွေ့ကျကျ တွေးခေါ် ဆင်ခြေနိုင်စွမ်းရှိကြပါတယ်။ သီးသန့်တွေးခေါ်နိုင်စွမ်းမှ တစ်ဆင့်ကောင်းမွန် ဆန်းသစ်သော အကြံသစ် များထုတ်ဖော်နိုင်ပါတယ်။
အစိမ်းရောင်
အစိမ်းရောင်ကို နှစ်သက်သောသူများကတော့ လုံခြုံမှုကိုခံစားရပြီး လူအများ၏ ချစ်ခင်နှစ်သက်မှုကို ရရှိထားနိုင်သော သူများဖြစ်ပါတယ်။ သူတစ်ပါးကို ကူညီချင်စိတ်ရှိပြီး အမြဲလိုက်ရော နေတတ်ပါတယ်။ထိုသို့ကူညီခြင်းမှတစ်ဆင့် မည်သည့်အရာမှ မမျှော်လင့်ဘဲ ကျေးဇူးတင်စကားဖြင့် ကျေနပ်ပီတိဖြစ်နေတတ်ပါတယ်။
အပြာရောင်
အပြာရောင်ကို နှစ်သက်သောသူများကတော့ မိမိ၏ခံယူချက်ကို အလေးထားတတ်ကြပြီး တော်ရုံမပြောင်းလဲကြပါ။ ကိုယ်တိုင်ခံယူချက် ပြင်းထန်ကာ သူတစ်ပါး တစ်ယောက်ယောက်ကြောင့် ချက်ချင်းပြောင်းလဲလေ့မရှိတတ်ပေ။ ထိုသို့ကိုယ်တိုင်ခံယူချက်များနှင့် အတွင်းစိတ် ငြိမ်းချမ်းမှု စိတ်အေးချမ်းမှုကို ရယူတတ်ပါတယ်။
ခရမ်းရောင်
ခရမ်းရောင်ကို နှစ်သက်သဘောကျသော သူများကတော့ ခံစားချက်ကို အမြဲရှေ့တန်းတင်လေ့ရှိပြီး ကူညီရာတွင် ဦးဆောင်လေ့ရှိပါတယ်။ လမ်းညွန်ချက်ကောင်းများကို လမ်းပြနိုင်ပြီး ဘဝတွင် ခံစားချက်ကောင်းများဖြင့် ဖေးမနေတတ်ပါတယ်။
အပန်းရောင်
အပန်းရောင်ကို သဘောကျသောသူများကတော့ သူတစ်ပါး၏ ချစ်ခင် ကြင်နာခြင်းကို ခံရတတ်ပြီး နူးညံနေတတတ်ပါတယ်။ ဆုံးဖြတ်ချက်များကိုလည်း အေးဆေးစွာ ချမှတ်ဆုံးဖြတ်နိုင်လေ့ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ အိမ်မက်များ ရည်မှန်းချက်များကို ထုတ်ဖော်ပြောဆိုရန် အမြဲတတ်ကြွနေပါတယ်။
အညှိရောင်
အညှိရောင် ကိုနှစ်သက်သောသူများကတော့ ရိုးရှင်းအေးဆေးတည်ငြိမ်သော ဘဝကို ရယူ ဖြတ်သန်းလိုကြပါတယ်။ မိတ်ဆွေ သူငယ်ချင်းများနှင့် အတူအမြဲ ရှိနေတတ်ပြီး ဖော်ရွေမှုကို ခံစားရယူလို ကြပါတယ်။
အနက်ရောင်
အနက်ရောင် ကိုသဘောကျသောသူများကတော့ ကိုယ့်တိုင် အခက်အခဲများကို ကျော်လွှားရန် အားသန်ပြီးး သူတစ်ပါးအကူအညီဖြင့် ဖြေရှင်းလေ့မရှိတတ်ပါဘူး။ ကိုယ်တိုင်လည်း ကာကွယ်နိုင်စွမ်း အပြည့်ရှိပါတယ်။
အဖြူရောင်
အဖြူရောင် ကိုနှစ်ခြိုက်သော သူများကတော့ ကိုယ့်တိုင်ယုံကြည်မှု ရှိတတ်ကြပြီး သူတစ်ပါးအပေါ်တွင် အမှီအခိုကင်းကြပါတယ်။ ကိစ္စတိုင်းကို ကိုယ်တိုင်ပါဝင်ဖြေရှှုင်းခြင်းကို အားသန်နေတတ်ပြီး တည်ငြိမ်စွာ ဖြေရှင်းနိုင်သော သူမျိုးဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:marry
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top