တစ္ခါတုန္းက ခဏခဏ စကားမ်ား ရန္ျဖစ္တတ္ၾကတ့ဲ ခ်စ္သူနွစ္ဦး ရွိတယ္…။

ဒါေပမ့ဲ စကားမ်ားတ့ဲအခါတိုင္း ေကာင္ေလးက ေကာင္မေလးကို အေလ်ွာ့ေပးတတ္တယ္။

တစ္ခါမွာေတာ့ ေကာင္မေလးက ခ်စ္သူေကာင္ေလးကို ေမးတယ္။

” ရန္ျဖစ္တိုင္း နင္ဘာလို႔ ငါ့ကိုအေလ်ွာ့ေပးတာလဲ။ တခါတေလ ငါ့ဘက္ကမွားတာလဲ ရွိတယ္ေလ ”

ေကာင္ေလးက ျပန္ေျဖတယ္။

” မင္းက ငါ့ခ်စ္သူေလ…။ ဘာပဲေျပာေျပာ ေရွးဘဝက ေရစက္ေၾကာင့္ ဒီဘဝမွာ ခ်စ္သူျဖစ္လာၾကတာ…။

စကားမ်ားၾကလို႕ ကိုယ္ေျပာတာ နိုင္သြားေတာ့ေရာ ဘာထူးမွာလဲ။ စကားနိုင္ေပမ့ဲ ခ်စ္ခ်င္းေမတၱာမွာေတာ့ ရံႈးသြားမွာေလ။ ဒါကိုေတာ့ ကိုယ္အရံႈးမခံနိုင္ဘူး။ ”

ေကာင္မေလးက ျငိမ္ျပီးနားေထာင္ေနတယ္။ ေကာင္ေလးက ဆက္ေျပာတယ္။

” မင္းကဆူလိုက္ ကိုယ္ကျပံဳးျပီးနားေထာင္လ္ိုက္။ မင္းကစိတ္တိုလိုက္ ကိုယ္ကေခ်ာ့လိုက္။ ေတြးၾကည့္ရင္ ၾကည္ႏူးစရာၾကီးပါ။

ဒါေပမ့ဲ ကိုယ္မင္းကို အျမဲအေလ်ွာ့ေပးေနတာ စကားေျပာမကြ်မ္းက်င္လို႕ေတာ့မဟုတ္ဘူးေနာ္။ မင္းနာက်င္ေစမ့ဲစကားမ်ိဳး ေျပာမထြက္ရက္လို႕ပါ။

တစ္ေယာက္တင္းေနရင္ တစ္ေယာက္ကအေလ်ွာ့ေပးရမယ္ေလ။ ဒါမွ နွစ္ေယာက္လံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ တသက္လံုးလက္တြဲသြားနိုင္မွာ။

အေလ်ွာ့ေပးရတာ ဘာမွအပမ္းမၾကီးဘူး။ ကိုယ္တို႕နွစ္ေယာက္ရဲ႕ အခ်စ္ကိုေတာ့ လံုးဝအဆံုးရံႈးမခံနိုင္ပါဘူး။ ” တ့ဲ…။

အခ်စ္ဆိုတာ တစ္ေယာက္ကတင္းေနရင္ တစ္ေယာက္ကအေလ်ွာ့ေပးရတယ္။ နွစ္ဖက္လံုးတင္းရင္ေတာ့ အလြယ္တကူ ျပတ္စဲသြားနိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ခါတုန်းက ခဏခဏ စကားများ ရန်ဖြစ်တတ်ကြတဲ့ ချစ်သူနှစ်ဦး ရှိတယ်…။

ဒါပေမဲ့ စကားများတဲ့အခါတိုင်း ကောင်လေးက ကောင်မလေးကို အလျှော့ပေးတတ်တယ်။

တစ်ခါမှာတော့ ကောင်မလေးက ချစ်သူကောင်လေးကို မေးတယ်။

” ရန်ဖြစ်တိုင်း နင်ဘာလို့ ငါ့ကိုအလျှော့ပေးတာလဲ။ တခါတလေ ငါ့ဘက်ကမှားတာလဲ ရှိတယ်လေ ”

ကောင်လေးက ပြန်ဖြေတယ်။

” မင်းက ငါ့ချစ်သူလေ…။ ဘာပဲပြောပြော ရှေးဘဝက ရေစက်ကြောင့် ဒီဘဝမှာ ချစ်သူဖြစ်လာကြတာ…။

စကားများကြလို့ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။ စကားနိုင်ပေမဲ့ ချစ်ချင်းမေတ္တာမှာတော့ ရှုံးသွားမှာလေ။ ဒါကိုတော့ ကိုယ်အရှုံးမခံနိုင်ဘူး။ ”

ကောင်မလေးက ငြိမ်ပြီးနားထောင်နေတယ်။ ကောင်လေးက ဆက်ပြောတယ်။

” မင်းကဆူလိုက် ကိုယ်ကပြုံးပြီးနားထောင်လိုက်။ မင်းကစိတ်တိုလိုက် ကိုယ်ကချော့လိုက်။ တွေးကြည့်ရင် ကြည်နူးစရာကြီးပါ။

ဒါပေမဲ့ ကိုယ်မင်းကို အမြဲအလျှော့ပေးနေတာ စကားပြောမကျွမ်းကျင်လို့တော့မဟုတ်ဘူးနော်။ မင်းနာကျင်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပါ။

တစ်ယောက်တင်းနေရင် တစ်ယောက်ကအလျှော့ပေးရမယ်လေ။ ဒါမှ နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးလက်တွဲသွားနိုင်မှာ။

အလျှော့ပေးရတာ ဘာမှအပမ်းမကြီးဘူး။ ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်ကိုတော့ လုံးဝအဆုံးရှုံးမခံနိုင်ပါဘူး။ ” တဲ့…။

အချစ်ဆိုတာ တစ်ယောက်ကတင်းနေရင် တစ်ယောက်ကအလျှော့ပေးရတယ်။ နှစ်ဖက်လုံးတင်းရင်တော့ အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top