20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ေတာင္ကိုးရီးယားႏုိင္ငံ နာမည္ႀကီးေရာ့ခ္အဆုိေတာ္ Jung Joon Young ႏွင့္ သူငယ္ခ်င္းအေပါင္းအပါတို႔ဟာ အမ်ိဳးသမီးေတြကို အလုိမတူပဲ အဓမၼျပဳက်င့္မွုနဲ႔ ရဲစခန္းမွာရုံးတင္စစ္ေဆးခံေနရတာျဖစ္ပါတယ္။ Jung Joon Young နဲ႔အတူ ဒီအမွုမွာပါဝင္တဲ့အေပါင္းအပါေတြကေတာ့ Big Bang အဖြဲ႕မွ Seungri ၊ FT island မွ Choi Jong Hoon ၊ Roy Kim တို႔ပဲျဖစ္ပါတယ္။

Jung Joon Young နဲ႔ Choi Jong Hoon တို႔ မုဒိန္းက်င့္တာခံခဲ့ရတဲ့ မိန္းကေလး A ဟာမတ္လ (၁၉) ရက္ေန႔မွာ အမွုဖြင့္ခဲ့ပါတယ္။ A ဟာ Seungri တြဲေနတဲ့မိန္းကေလးရဲ႕ သူငယ္ခ်င္းျဖစ္ခဲ့ၿပီး Seungri ေၾကာင့္ Jung Joon Young တို႔အဖြဲ႔နဲ႔ ရင္းႏွီးကၽြမ္းဝင္ခဲ့ပါတယ္။ A, Jung Joon Young, Choi Jong Hoon, Burning Sun Club မွ Mr.Kim၊ YG Entertainment မွ Mr.Heo ၊ စီးပြားေရး လုပ္ငန္းရွင္ Park တို႔ဟာ kakaotalk မွာ groupchat တစ္ခုဖြင့္ခဲ့ပါတယ္။



တစ္ရက္မွာ Jung Joon Young တို႔အုပ္စုဟာ A ကို သူတို႔နဲ႔အတူ အရက္ေသာက္ဖို႔ေခၚခဲ့ပါတယ္။ A ဟာ Jung Joon Young တို႔အုပ္စုနဲ႔ အရက္ေသာက္ၿပီး အနည္းငယ္ရီေဝေဝျဖစ္ေနခ်ိန္မွာဟိုတယ္ကို ေခၚသြားခံခဲ့ရပါတယ္။ ဟိုတယ္ေရာက္တဲ့အခါ A ကုိအရက္ေနာက္တစ္ခြက္ေသာက္ဖို႔ ေတာင္းဆိုခဲ့တဲ့အတြက္ A ဟာ ေသာက္လိုက္ၿပီး ခ်က္ခ်င္းအသိစိတ္ေပ်ာက္သြားခဲ့ပါတယ္။

သူမႏုိးလာတဲ့အခါမွာ သူမခႏၶာကိုယ္မွာ အက်ၤီအဝတ္အစားတစ္ထည္မွကပ္မေနပဲ သူမႏိုးလာတာကို ေစာင့္ၾကည္႔ေနပုံရတဲ့ Choi Jong Hoon ကိုေတြ႔လုိက္ရတယ္လို႔ ထြက္ဆုိထားပါတယ္။ တစ္ခ်ိန္တည္းမွာပဲ A ဟာမုဒိန္းက်င့္ခံလုိက္ရေၾကာင္း သိလုိက္ၿပီး ဟိုတယ္မွေျပးထြက္လာခဲ့ပါတယ္။



Jung Joon Young, Choi Jong Hoon နဲ႔ Seungri တို႔ မိန္းကေလးေတြကို အလုိမတူပဲ အဓၶမက်င့္ၿပီး ဗြီဒီယိုေခ်ာင္းရိုက္ကာ group chat ထဲမွာ ေဝမ်ွခဲ့ၾကပါတယ္။ A ဟာဒီသတင္းကို ၾကားၾကားခ်င္း သူမကုိလဲ က်န္တဲ့မိန္းကေလးမ်ားနည္းတူ ဗြီဒီယို ရုိက္ထားမလားဆိုတဲ့သံသယနဲ႔ ထိတ္လန္႔ခဲ့ၿပီး Choi Jong Hoon နဲ႔ Kim ကိုဆက္သြယ္ခဲ့ပါတယ္။ သူတို႔ႏွစ္ဦးက A ကိုစိုးရိမ္စရာမလိုေၾကာင္း၊ A နဲ႔ တစ္ခါေလာက္ျဖစ္ျဖစ္ေတြ႔လိုေၾကာင္းေျပာၾကားခဲ့ပါတယ္။

A ဟာအစကေတာ့ ၿငိမ္ခံေနခဲ့ေပမယ့္ ဒီလိုလူေတြက အမွုရင္ဆုိင္ေနရတဲ့အေျခအေနမွာေတာင္ သူမကိုေတြ႔ဖို႔ ေတာင္းဆိုလာတဲ့အခါ ေၾကာက္လန္႔မိတယ္လို႔ ေျပာလာပါတယ္။ ဒါေၾကာင့္ Jung Joon Young, Choi Jong Hoon တို႔ ပါဝင္တဲ့ လူ(၅) ေယာက္အဖြဲ႕ကို တရားရုံးမွာအမွုဖြင့္ျဖစ္ခဲ့တယ္လို႔ SBS သတင္း႒ာနကို ေျပာၾကားသြားခဲ့ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:popolay
# Unicode Version # ျဖင့္ ဖတ္ပါ #


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးရော့ခ်အဆိုတော် Jung Joon Young နှင့် သူငယ်ချင်းအပေါင်းအပါတို့ဟာ အမျိုးသမီးတွေကို အလိုမတူပဲ အဓမ္မပြုကျင့်မှုနဲ့ ရဲစခန်းမှာရုံးတင်စစ်ဆေးခံနေရတာဖြစ်ပါတယ်။ Jung Joon Young နဲ့အတူ ဒီအမှုမှာပါဝင်တဲ့အပေါင်းအပါတွေကတော့ Big Bang အဖွဲ့မှ Seungri ၊ FT island မှ Choi Jong Hoon ၊ Roy Kim တို့ပဲဖြစ်ပါတယ်။

Jung Joon Young နဲ့ Choi Jong Hoon တို့ မုဒိန်းကျင့်တာခံခဲ့ရတဲ့ မိန်းကလေး A ဟာမတ်လ (၁၉) ရက်နေ့မှာ အမှုဖွင့်ခဲ့ပါတယ်။ A ဟာ Seungri တွဲနေတဲ့မိန်းကလေးရဲ့ သူငယ်ချင်းဖြစ်ခဲ့ပြီး Seungri ကြောင့် Jung Joon Young တို့အဖွဲ့နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ A, Jung Joon Young, Choi Jong Hoon, Burning Sun Club မှ Mr.Kim၊ YG Entertainment မှ Mr.Heo ၊ စီးပွားရေး လုပ်ငန်းရှင် Park တို့ဟာ kakaotalk မှာ groupchat တစ်ခုဖွင့်ခဲ့ပါတယ်။

တစ်ရက်မှာ Jung Joon Young တို့အုပ်စုဟာ A ကို သူတို့နဲ့အတူ အရက်သောက်ဖို့ခေါ်ခဲ့ပါတယ်။ A ဟာ Jung Joon Young တို့အုပ်စုနဲ့ အရက်သောက်ပြီး အနည်းငယ်ရီဝေဝေဖြစ်နေချိန်မှာဟိုတယ်ကို ခေါ်သွားခံခဲ့ရပါတယ်။ ဟိုတယ်ရောက်တဲ့အခါ A ကိုအရက်နောက်တစ်ခွက်သောက်ဖို့ တောင်းဆိုခဲ့တဲ့အတွက် A ဟာ သောက်လိုက်ပြီး ချက်ချင်းအသိစိတ်ပျောက်သွားခဲ့ပါတယ်။

သူမနိုးလာတဲ့အခါမှာ သူမခန္ဓာကိုယ်မှာ အင်္ကျီအဝတ်အစားတစ်ထည်မှကပ်မနေပဲ သူမနိုးလာတာကို စောင့်ကြည့်နေပုံရတဲ့ Choi Jong Hoon ကိုတွေ့လိုက်ရတယ်လို့ ထွက်ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ A ဟာမုဒိန်းကျင့်ခံလိုက်ရကြောင်း သိလိုက်ပြီး ဟိုတယ်မှပြေးထွက်လာခဲ့ပါတယ်။

Jung Joon Young, Choi Jong Hoon နဲ့ Seungri တို့ မိန်းကလေးတွေကို အလိုမတူပဲ အဓ္ဓမကျင့်ပြီး ဗွီဒီယိုချောင်းရိုက်ကာ group chat ထဲမှာ ဝေမျှခဲ့ကြပါတယ်။ A ဟာဒီသတင်းကို ကြားကြားချင်း သူမကိုလဲ ကျန်တဲ့မိန်းကလေးများနည်းတူ ဗွီဒီယို ရိုက်ထားမလားဆိုတဲ့သံသယနဲ့ ထိတ်လန့်ခဲ့ပြီး Choi Jong Hoon နဲ့ Kim ကိုဆက်သွယ်ခဲ့ပါတယ်။ သူတို့နှစ်ဦးက A ကိုစိုးရိမ်စရာမလိုကြောင်း၊ A နဲ့ တစ်ခါလောက်ဖြစ်ဖြစ်တွေ့လိုကြောင်းပြောကြားခဲ့ပါတယ်။

A ဟာအစကတော့ ငြိမ်ခံနေခဲ့ပေမယ့် ဒီလိုလူတွေက အမှုရင်ဆိုင်နေရတဲ့အခြေအနေမှာတောင် သူမကိုတွေ့ဖို့ တောင်းဆိုလာတဲ့အခါ ကြောက်လန့်မိတယ်လို့ ပြောလာပါတယ်။ ဒါကြောင့် Jung Joon Young, Choi Jong Hoon တို့ ပါဝင်တဲ့ လူ(၅) ယောက်အဖွဲ့ကို တရားရုံးမှာအမှုဖွင့်ဖြစ်ခဲ့တယ်လို့ SBS သတင်းဋ္ဌာနကို ပြောကြားသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top