မႏၱေလးမွာ ကုသမႈေတြျပုလုပ္ရင္း ထူးျခားတာေလးတစ္ခု ေတြ႕လိုက္ရပါတယ္။ အဲဒါကေတာ့ကေလးသိုက္ကိစၥပါပဲ။ ရွားရွားပါးပါး ကေလးသိုက္ ရယ္လို႔ တစ္ခါမွမျကားဖူးခဲ့ပါဘူး။ ဒါေပမဲ့ မႏၱေလး ေရာက္ျပီး ဒုတိယေန့မွာ ကြ်နု္ပ္ အစီအစဉ္ အရ မဟာ ျမတ္မုနိဘုရားျကီး၊ ေနာက္မႏၱေလးေတာင္ေတာ္ ျပီးရင္ရန္ကင္းေတာင္တို့ကို ခရီးဆက္ဖို့ ျပင္ဆင္ထား ပါတယ္။ဒါကလည္း မႏၱေလးေရာက္မွ စိတ္ကူး ေပါက္ျပီး သြားဖို့အျကံေပၚလာတာ မဟုတ္ပါဘူး။ ရန္ကုန္က မထြက္ခင္ ကတည္းက သြားမယ့္အစီအစဉ္ ေတြပါ။

ေရာက္စေန့မွာ မယ္ေတာ္ျကီးေစာရွင္ကြမ္း နန္း တည္မယ့္ေနရာသြားျကည့္မယ္။ ေနာက္ေန့မွာ ခုနေျပာတဲ့အစီအစဉ္ အတိုင္းသြားျပီး ပဲြေတြသြားလႉ မယ္လို့ စိတ္ကျကိုေရာက္ထားျပီးသားပါ။ ပထမေန့အစီအစဉ္ ေအာင္ျမင္ခဲ့ျပီမို့ ဒုတိ ယေန့အစီအစဉ္သြားဖို့အတြက္ လိုက္ပို့ေပးမယ့္သူကိုေမွ်ာ္ရင္း မနက္ပိုင္းကတည္းက လည္ပင္းရွည္ ေအာင္ေစာင့္ေန ရပါတယ္။ ဒါေပမဲ့ လိုက္ပို့မယ့္သူ ေရာက္မလာဘဲ ေဆးကုမယ့္သူေတြသာ ေရာက္ လာျကပါတယ္။

သူတို့က မိသားစုလိုက္ လာျကတာပါ။ အေမရယ္၊ သားရယ္၊ သမီးရယ္၊ ေခြ်းမနဲ့ ေျမး သံုးေယာက္ ပါလာပါတယ္။ သူတို့မွ မျမင္အပ္ေသာ မိစာၦပညာနဲ့ တိုက္ခိုက္ခံထားရလို့ ပညာစက္ေတြကို ရွင္းေပးလိုက္ရပါတယ္။ သိပ္အမ်ားျကီးလည္း မဟုတ္တာေျကာင့္ ခဏေလးနဲ့ ျပီးသြားေပမယ့္ က်န္ တဲ့တစ္ေယာက္ကို စစ္ျကည့္လိုက္တဲ့အခါ အဂၤါသမီးေလးက သိုက္ကလာတာလို့ သိလိုက္ရပါ တယ္။

ဒါေျကာင့္ သိုက္ခု်ပ္ဘိုးေတာ္ကို ေခၚသြင္း လိုက္တယ္။ ေရာက္လာတယ္ဆိုရင္ပဲ ဘိုးေတာ္က ေတာ္ေတာ္စိတ္မေကာင္းျဖစ္ေနပံုနဲ့” ဒီကေလးက မလိမၼာဘူး …၊ ကု်ပ္တို့ကို အသိအမွတ္မျပုဘူး …၊ ဒါေျကာင့္ သူ့အစ္ကို နွစ္ေယာက္က သူသိေအာင္ လုပ္ေပးထားတာပါ၊ ဒါေပမဲ့ သူတို့က သူတို့ညီမေလးကို ျပန္မေခၚပါဘူး”

” သူ့သိုက္နန္းကဘယ္မွာလဲ …၊ သူက ဘာကိုမသိတတ္တာလဲ ေျပာပါဦး …” ” သိုက္က ေရွြစာရံမွာပါ …၊ သူမသိတတ္ တာက သူသိုက္နန္းနားကိုေရာက္လာတယ္ …၊ ေရာက္တာမွ ခဏခဏကို ေရာက္လာတယ္ …၊ ဒါေပမယ့္ ကု်ပ္တို့ကို ဘာမွလုပ္မေပးဘူး သူနဲ့ မဆိုင္ တဲ့သူေတြကိုပဲ လုပ္ေပးျပီးျပန္သြားတယ္ …၊ အဲဒါက သူမသိတတ္လို့ေပါ့ ..” ကြ်နု္ပ္လည္း နေဘးရိွ ကာယကံရွင္ကို ေမး လိုက္ရာ သူမကလည္းေရွြစာရံသို့ မျကာခဏေရာက္ ေျကာင္း ေျပာပါတယ္။ ”

“သမီးတို့က ေရွြစာရံကို တစ္ပတ္တစ္ခါ ေလာက္ေရာက္ပါတယ္ …၊ ဒါေပမဲ့ ဘာမွမသိလို့ ဘာမွမလုပ္ျဖစ္တာပါ ..”” ဘာသြားလုပ္တာလဲ …” ကြ်နု္ပ္ေမးခြန္းကိုျကားဝင္ေျဖေပးလိုက္သူက အဂၤါသမီးရဲ့ေယာက္မျဖစ္ပါတယ္။ သူမကခ်က္ခ်က္ ခ်ာခ်ာရိွျပီး ဝင္ေရာက္ေျပာျပျခင္းပါ။ ” အဲဒီမွာကေလးသိုက္ဆိုတာ ရိွပါတယ္ ဆရာ …၊ ကြ်န္မေယာက်ာ္းက ကေလး ခ်စ္တတ္ လို့ အဲဒီကေလးသိုက္က သိုက္နန္းရွင္ကေလးေတြ ကို အပတ္စဉ္မုန့္ဝယ္ေကြ်း၊ အဝတ္အစားေတြသြား ေပး၊ အလွကုန္ေတြသြားေပး လုပ္ေနတာပါ …၊ သြားရင္ တစ္အိမ္လံုးသြားျကတာမို့ ဒီအဂၤါသမီးလည္း အျမဲပါတယ္ဆရာ ..”

“ကေလးသိုက္ ..” ကြ်နု္ပ္မျကားဖူးေသာေျကာင့္ တအံ့တျသ ျဖစ္သြားရပါတယ္။ ” ဟုတ္ပါတယ္ဆရာ …၊ ေရွြစာရံမွာ ကေလးသိုက္ဆိုတာရိွပါတယ္ .” ” ေတာ္ျကီး သူတို့လာတာက ကေလးသိုက္ျဖစ္ေနတာ ရယ္၊ သူကိုယ္တိုင္ကလည္း ဘိုးေတာ္တို့သိုက္က ဆိုတာ မသိထားတာရယ္ေျကာင့္ ဘာမွလုပ္မေပးျဖစ္ တာကို ခြင့္လွြတ္ေပးပါ …၊ သူနဲ့ပတ္သက္ျပီး ဘာေတြလိုအပ္လဲ …၊ လိုအပ္တာေတြေျပာပါ၊ အဂၤါသမီးက လုပ္ေပးပါလိမ့္မယ္ …” ” ပဲြလႉေပးပါ ..” ” ဟုတ္ကဲ့ လႉေပးပါ့မယ္ …၊ ဘုရားမွာလာ လႉရင္ရတယ္မဟုတ္လား ..” ” ရတယ္ကေလးသိုက္ေတြ ညာဘက္နား မွာလႉေပး၊ တို့ကိုေခၚလိုက္၊ တို့လာခဲ့မယ္ …”” စိတ္ခ်ပါ လႉေပးပါ့မယ္ …၊”

ထို့ေနာက္ကြ်နု္ပ္လည္း အဂၤါသမီးသိုက္ခု်ပ္ ကို သစၥာဆိုခိုင္းလိုက္ျပီး ျပန္လွြတ္လိုက္ပါတယ္။ ျပီးတာနဲ့ ကြ်နု္ပ္ စိတ္ဝင္စား ေနတဲ့ ကေလးသိုက္ဆို တာကို ေခၚလိုက္မိပါတယ္။ ေရာက္လာကတည္းက ကြ်နု္ပ္ကိုလည္း စိတ္မဝင္စား ျကပါဘူး၊ မလွမ္းမကမ္းမွာကစားေနတဲ့ ကေလးေတြကိုလွမ္းျကည့္ျပီး တဟီးဟီးတဟားဟား လုပ္ေနပါတယ္။

” ဘာေတြ ျဖစ္ေနျက တာလဲ …၊””: ဘာမွမဟုတ္ပါဘူး ..၊ ဟိုမွာ သူငယ္ခ်င္း ေတြေတြ့လို့ …”” ဘာသူငယ္ခ်င္းလဲ …” ” သူတို့ေတြေလ၊ သူတို့ကကြ်န္ေတာ္တို့ သူ ငယ္ခ်င္းေတြပါ …၊ ဒီကမမေတြလာျပီး မုန့္ေတြ ေကြ်း၊ အဝတ္ေတြေပး၊ ရီွးရီွးေတြေပးျပီးလို့ သူတို့ ျပန္သြားတာနဲ့ ကြ်န္ေတာ္တို့ကသူတို့နဲ့လိုက္သြားျပီး ျခံထဲမွာလိုက္ေဆာ့ပါတယ္ …၊ ဒါေျကာင့္ သူတို့နဲ့ ကြ်န္ေတာ္တို့က သူငယ္ခ်င္းေတြျဖစ္ေနတာလဲ”

” ေျသာ္ ဒီလိုလား …၊ မင္းတို့ေလွ်ာက္ သြားေနျကတာကို သိုက္ထဲကတာဝန္ရိွသူေတြက ဘာမွမေျပာဘူးလား …”” သူတို့မသိေအာင္သြားတာေပါ့ ..”” ေအး ဒါဆိုရင္ မယ္ေတာ္ျကီးေစာမြန္လွကို ဒီအေျကာင္းေတြေျပာျပလိုက္မယ္ …”” မေျပာပါနဲ့ …၊ မယ္ေတာ္ျကီးသိသြားရင္ ကြ်န္ေတာ္တို့ေနာက္ဆို သူငယ္ခ်င္းေတြ အိမ္သြား လို့မရေတာ့ဘူးျဖစ္ေနပါ့မယ္ ..” သူတို့ဆီကိုအပါတ္စဉ္လာေနတဲ့ အဂၤါသမီး မိသားစုကိုလည္း ေပ်ာ္ေပ်ာ္ရွြင္ရွြင္နႈတ္ဆက္ရင္း-” မမ …ေနာက္ဆို ရီွးရီွးေတြ မ်ားမ်ား ယူလာခဲ့ေနာ္ ..”” ေအးပါ ေအးပါ ယူလာခဲ့ပါ့မယ္ …”” ေဘာ္ဒီစပေရးလို၊ ေရေမွြးလို နိွပ္ရတဲ့ ဘူး မို်းေတြကို သူတို့က သိပ္ျကိုက္တာတဲ့ …၊ ကြ်န္မ တို့ကို အိပ္မက္ေပးျပီးေျပာဖူးတယ္ …”” ေနပါဦး …၊ သူတို့ကမင္းတို့ကို အျမဲလာ ေပးေန …၊ ေကြ်းေနတယ္ …၊ မင္းတို့ကေရာ သူတို့ကို ဘာေတြျပန္လုပ္ေပးလဲ …”

“မမတို့ စိတ္ခ်မ္းသာေအာင္လုပ္ေပးတယ္၊ ပိုက္ဆံေတြအမ်ားျကီးဝင္ေအာင္ လုပ္ေပးတယ္၊ (လက္ညိွုးနွစ္ေခ်ာင္းပူးျပျပီး) သူတို့ နွစ္ေယာက္ တည့္ေအာင္လည္းလုပ္ေပးတယ္ …” ေရွြစာရံကိုေရာက္ျကတဲ့ မန္းသူမန္းသားမ်ား နဲ့ ဘုရားဖူးမ်ားကို သိေစဖို့ ဒီအေျကာင္းကိုေရးျပ လိုက္တာပါ။

ေရွြစာရံဘုရားပရဝဏ္ထဲမွာ ကေလး သိုက္ဆိုတာရိွျပီး သူတို့ကို မုန့္ေတြ၊ ေရေမွြးနဲ့ ကစား စရာေတြေပးရင္ ကိုယ့္အိမ္ကကေလးေတြနဲ့ ကိုယ့္ မိသားစု စိတ္ခ်မ္းသာေအာင္ ေစာင့္ေရွာက္ေပးတတ္ ေျကာင္း အသိေပးလိုက္ျခင္းျဖစ္ပါတယ္။ တစ္ေခါက္တစ္ခါေရာက္သြားရင္ ကေလး သိုက္ေနရာကို ေမးျပီး မုန့္ပဲသေရစာနဲ့ အလွအပ ပစၥည္းေလးေတြ ဒါနျပုေပးဖို႔ေမတၱာ ရပ္ခံလိုက္ပါရ ေစ …။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myanmartzchannel

#Unicode Version# ျဖင့္ဖတ္ပါ ။

မန္တလေးမှာ ကုသမှုတွေပြုလုပ်ရင်း ထူးခြားတာလေးတစ်ခု တွေ့လိုက်ရပါတယ်။ အဲဒါကတော့ကလေးသိုက်ကိစ္စပါပဲ။ ရှားရှားပါးပါး ကလေးသိုက် ရယ်လို့ တစ်ခါမှမကြားဖူးခဲ့ပါဘူး။ ဒါပေမဲ့ မန္တလေး ရောက်ပြီး ဒုတိယနေ့မှာ ကျွနု်ပ် အစီအစဉ် အရ မဟာ မြတ်မုနိဘုရားကြီး၊ နောက်မန္တလေးတောင်တော် ပြီးရင်ရန်ကင်းတောင်တို့ကို ခရီးဆက်ဖို့ ပြင်ဆင်ထား ပါတယ်။ဒါကလည်း မန္တလေးရောက်မှ စိတ်ကူး ပေါက်ပြီး သွားဖို့အကြံပေါ်လာတာ မဟုတ်ပါဘူး။ ရန်ကုန်က မထွက်ခင် ကတည်းက သွားမယ့်အစီအစဉ် တွေပါ။

ရောက်စနေ့မှာ မယ်တော်ကြီးစောရှင်ကွမ်း နန်း တည်မယ့်နေရာသွားကြည့်မယ်။ နောက်နေ့မှာ ခုနပြောတဲ့အစီအစဉ် အတိုင်းသွားပြီး ပွဲတွေသွားလှူ မယ်လို့ စိတ်ကကြိုရောက်ထားပြီးသားပါ။ ပထမနေ့အစီအစဉ် အောင်မြင်ခဲ့ပြီမို့ ဒုတိ ယနေ့အစီအစဉ်သွားဖို့အတွက် လိုက်ပို့ပေးမယ့်သူကိုမျှော်ရင်း မနက်ပိုင်းကတည်းက လည်ပင်းရှည် အောင်စောင့်နေ ရပါတယ်။ ဒါပေမဲ့ လိုက်ပို့မယ့်သူ ရောက်မလာဘဲ ဆေးကုမယ့်သူတွေသာ ရောက် လာကြပါတယ်။

သူတို့က မိသားစုလိုက် လာကြတာပါ။ အမေရယ်၊ သားရယ်၊ သမီးရယ်၊ ချွေးမနဲ့ မြေး သုံးယောက် ပါလာပါတယ်။ သူတို့မှ မမြင်အပ်သော မိစ္ဆာပညာနဲ့ တိုက်ခိုက်ခံထားရလို့ ပညာစက်တွေကို ရှင်းပေးလိုက်ရပါတယ်။ သိပ်အများကြီးလည်း မဟုတ်တာကြောင့် ခဏလေးနဲ့ ပြီးသွားပေမယ့် ကျန် တဲ့တစ်ယောက်ကို စစ်ကြည့်လိုက်တဲ့အခါ အင်္ဂါသမီးလေးက သိုက်ကလာတာလို့ သိလိုက်ရပါ တယ်။

ဒါကြောင့် သိုက်ခုျပ်ဘိုးတော်ကို ခေါ်သွင်း လိုက်တယ်။ ရောက်လာတယ်ဆိုရင်ပဲ ဘိုးတော်က တော်တော်စိတ်မကောင်းဖြစ်နေပုံနဲ့” ဒီကလေးက မလိမ္မာဘူး …၊ ကုျပ်တို့ကို အသိအမှတ်မပြုဘူး …၊ ဒါကြောင့် သူ့အစ်ကို နှစ်ယောက်က သူသိအောင် လုပ်ပေးထားတာပါ၊ ဒါပေမဲ့ သူတို့က သူတို့ညီမလေးကို ပြန်မခေါ်ပါဘူး”

” သူ့သိုက်နန်းကဘယ်မှာလဲ …၊ သူက ဘာကိုမသိတတ်တာလဲ ပြောပါဦး …” ” သိုက်က ရွှေစာရံမှာပါ …၊ သူမသိတတ် တာက သူသိုက်နန်းနားကိုရောက်လာတယ် …၊ ရောက်တာမှ ခဏခဏကို ရောက်လာတယ် …၊ ဒါပေမယ့် ကုျပ်တို့ကို ဘာမှလုပ်မပေးဘူး သူနဲ့ မဆိုင် တဲ့သူတွေကိုပဲ လုပ်ပေးပြီးပြန်သွားတယ် …၊ အဲဒါက သူမသိတတ်လို့ပေါ့ ..” ကျွနု်ပ်လည်း နဘေးရှိ ကာယကံရှင်ကို မေး လိုက်ရာ သူမကလည်းရွှေစာရံသို့ မကြာခဏရောက် ကြောင်း ပြောပါတယ်။ ”

“သမီးတို့က ရွှေစာရံကို တစ်ပတ်တစ်ခါ လောက်ရောက်ပါတယ် …၊ ဒါပေမဲ့ ဘာမှမသိလို့ ဘာမှမလုပ်ဖြစ်တာပါ ..”” ဘာသွားလုပ်တာလဲ …” ကျွနု်ပ်မေးခွန်းကိုကြားဝင်ဖြေပေးလိုက်သူက အင်္ဂါသမီးရဲ့ယောက်မဖြစ်ပါတယ်။ သူမကချက်ချက် ချာချာရှိပြီး ဝင်ရောက်ပြောပြခြင်းပါ။ ” အဲဒီမှာကလေးသိုက်ဆိုတာ ရှိပါတယ် ဆရာ …၊ ကျွန်မယောကျာ်းက ကလေး ချစ်တတ် လို့ အဲဒီကလေးသိုက်က သိုက်နန်းရှင်ကလေးတွေ ကို အပတ်စဉ်မုန့်ဝယ်ကျွေး၊ အဝတ်အစားတွေသွား ပေး၊ အလှကုန်တွေသွားပေး လုပ်နေတာပါ …၊ သွားရင် တစ်အိမ်လုံးသွားကြတာမို့ ဒီအင်္ဂါသမီးလည်း အမြဲပါတယ်ဆရာ ..”

“ကလေးသိုက် ..” ကျွနု်ပ်မကြားဖူးသောကြောင့် တအံ့တသြ ဖြစ်သွားရပါတယ်။ ” ဟုတ်ပါတယ်ဆရာ …၊ ရွှေစာရံမှာ ကလေးသိုက်ဆိုတာရှိပါတယ် .” ” တော်ကြီး သူတို့လာတာက ကလေးသိုက်ဖြစ်နေတာ ရယ်၊ သူကိုယ်တိုင်ကလည်း ဘိုးတော်တို့သိုက်က ဆိုတာ မသိထားတာရယ်ကြောင့် ဘာမှလုပ်မပေးဖြစ် တာကို ခွင့်လွှတ်ပေးပါ …၊ သူနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်လဲ …၊ လိုအပ်တာတွေပြောပါ၊ အင်္ဂါသမီးက လုပ်ပေးပါလိမ့်မယ် …” ” ပွဲလှူပေးပါ ..” ” ဟုတ်ကဲ့ လှူပေးပါ့မယ် …၊ ဘုရားမှာလာ လှူရင်ရတယ်မဟုတ်လား ..” ” ရတယ်ကလေးသိုက်တွေ ညာဘက်နား မှာလှူပေး၊ တို့ကိုခေါ်လိုက်၊ တို့လာခဲ့မယ် …”” စိတ်ချပါ လှူပေးပါ့မယ် …၊”

ထို့နောက်ကျွနု်ပ်လည်း အင်္ဂါသမီးသိုက်ခုျပ် ကို သစ္စာဆိုခိုင်းလိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။ ပြီးတာနဲ့ ကျွနု်ပ် စိတ်ဝင်စား နေတဲ့ ကလေးသိုက်ဆို တာကို ခေါ်လိုက်မိပါတယ်။ ရောက်လာကတည်းက ကျွနု်ပ်ကိုလည်း စိတ်မဝင်စား ကြပါဘူး၊ မလှမ်းမကမ်းမှာကစားနေတဲ့ ကလေးတွေကိုလှမ်းကြည့်ပြီး တဟီးဟီးတဟားဟား လုပ်နေပါတယ်။

” ဘာတွေ ဖြစ်နေကြ တာလဲ …၊””: ဘာမှမဟုတ်ပါဘူး ..၊ ဟိုမှာ သူငယ်ချင်း တွေတွေ့လို့ …”” ဘာသူငယ်ချင်းလဲ …” ” သူတို့တွေလေ၊ သူတို့ကကျွန်တော်တို့ သူ ငယ်ချင်းတွေပါ …၊ ဒီကမမတွေလာပြီး မုန့်တွေ ကျွေး၊ အဝတ်တွေပေး၊ ရှီးရှီးတွေပေးပြီးလို့ သူတို့ ပြန်သွားတာနဲ့ ကျွန်တော်တို့ကသူတို့နဲ့လိုက်သွားပြီး ခြံထဲမှာလိုက်ဆော့ပါတယ် …၊ ဒါကြောင့် သူတို့နဲ့ ကျွန်တော်တို့က သူငယ်ချင်းတွေဖြစ်နေတာလဲ”

” သြော် ဒီလိုလား …၊ မင်းတို့လျှောက် သွားနေကြတာကို သိုက်ထဲကတာဝန်ရှိသူတွေက ဘာမှမပြောဘူးလား …”” သူတို့မသိအောင်သွားတာပေါ့ ..”” အေး ဒါဆိုရင် မယ်တော်ကြီးစောမွန်လှကို ဒီအကြောင်းတွေပြောပြလိုက်မယ် …”” မပြောပါနဲ့ …၊ မယ်တော်ကြီးသိသွားရင် ကျွန်တော်တို့နောက်ဆို သူငယ်ချင်းတွေ အိမ်သွား လို့မရတော့ဘူးဖြစ်နေပါ့မယ် ..” သူတို့ဆီကိုအပါတ်စဉ်လာနေတဲ့ အင်္ဂါသမီး မိသားစုကိုလည်း ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်ရင်း-” မမ …နောက်ဆို ရှီးရှီးတွေ များများ ယူလာခဲ့နော် ..”” အေးပါ အေးပါ ယူလာခဲ့ပါ့မယ် …”” ဘော်ဒီစပရေးလို၊ ရေမွှေးလို နှိပ်ရတဲ့ ဘူး မိုျးတွေကို သူတို့က သိပ်ကြိုက်တာတဲ့ …၊ ကျွန်မ တို့ကို အိပ်မက်ပေးပြီးပြောဖူးတယ် …”” နေပါဦး …၊ သူတို့ကမင်းတို့ကို အမြဲလာ ပေးနေ …၊ ကျွေးနေတယ် …၊ မင်းတို့ကရော သူတို့ကို ဘာတွေပြန်လုပ်ပေးလဲ …”

“မမတို့ စိတ်ချမ်းသာအောင်လုပ်ပေးတယ်၊ ပိုက်ဆံတွေအများကြီးဝင်အောင် လုပ်ပေးတယ်၊ (လက်ညှိုးနှစ်ချောင်းပူးပြပြီး) သူတို့ နှစ်ယောက် တည့်အောင်လည်းလုပ်ပေးတယ် …” ရွှေစာရံကိုရောက်ကြတဲ့ မန်းသူမန်းသားများ နဲ့ ဘုရားဖူးများကို သိစေဖို့ ဒီအကြောင်းကိုရေးပြ လိုက်တာပါ။

ရွှေစာရံဘုရားပရဝဏ်ထဲမှာ ကလေး သိုက်ဆိုတာရှိပြီး သူတို့ကို မုန့်တွေ၊ ရေမွှေးနဲ့ ကစား စရာတွေပေးရင် ကိုယ့်အိမ်ကကလေးတွေနဲ့ ကိုယ့် မိသားစု စိတ်ချမ်းသာအောင် စောင့်ရှောက်ပေးတတ် ကြောင်း အသိပေးလိုက်ခြင်းဖြစ်ပါတယ်။ တစ်ခေါက်တစ်ခါရောက်သွားရင် ကလေး သိုက်နေရာကို မေးပြီး မုန့်ပဲသရေစာနဲ့ အလှအပ ပစ္စည်းလေးတွေ ဒါနပြုပေးဖို့မေတ္တာ ရပ်ခံလိုက်ပါရ စေ …။

ဖိုးသူတော် (www.phothutaw.com)
Credit:myanmartzchannel
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top