မေကြးတိုင္းေဒသႀကီး၊ အထက္မင္းလွၿမိဳ႕၊ ထန္းကိုင္းေက်း႐ြာ အေနာက္ေျမာက္ဘက္ တစ္မိုင္ခန႔္အကြာရွိ ေရနံေလွာင္ကန္အတြင္း၌ ဧၿပီလ ၁ရရက္ ေန႔လယ္ ၁၂ နာရီအခ်ိန္က ေရနံေကာက္သင္းေကာက္သူတစ္ဦးကို ေသဆုံးလ်က္ေတြ႕ရွိခဲ့ရေၾကာင္း မင္းလွၿမိဳ႕မရဲစခန္းက သိရသည္။

ေရနံေလွာင္ကန္မွာ (၁၅)ေပပတ္လည္အက်ယ္၊ အနက္(၁၀)ေပခန႔္ရွိေသာ ေျမ ျပင္တြင္မိုးကာျဖင့္ ကန္ျပဳလုပ္ထားၿပီး ေရနံဂါလံ(၁၀၀)ခန႔္သိုေလွာင္ထားေၾကာင္း သိရသည္။

မင္းဘူးၿမိဳ႕၊သူေဌးကုန္းရပ္ကြက္ ေနထိုင္သူေအာင္သူမိုး(၃၀)ႏွစ္သည္ ေရနံေလွာင္ကန္အတြင္း အေရွ႕ဘက္သို႔ ဦးေခါင္းျပဳ၍ မ်က္ႏွာေပၚလ်က္ ပက္လက္အေနအထားျဖင့္ ေသဆုံးေနသည္ကို ေရနံေလွာင္ကန္အတြင္းမွ ေရနံခပ္ရန္လာေရာက္သူ တစ္ဦးမွ ေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။

ေသဆုံးသူ ေအာင္သူမိုးသည္ ဧၿပီလ ၁၆ရက္ ေန႔လယ္ ၂နာရီအခ်ိန္က ဇနီးျဖစ္သူႏွင့္စကားမ်ားရန္ျဖစ္၍ေနအိမ္မွ ထြက္ခြာသြားခဲ့ျခင္းျဖစ္ၿပီး ေရနံေလွာင္ကန္အတြင္း ေသဆုံးေနခ်ိန္တြင္ ၎အနီး၌ (၅)ဂါလံဆံ့ အဝါေရာင္ ေကာ္ပုံးႏွစ္ပုံးအား ေရနံထည့္ထားသည္ကိုစစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

“ေသဆုံးသူမွာ အရက္ေသစာေသာက္စားထားၿပီးေရနံေလွာင္ကန္အတြင္းသို႔ ဆင္း၍ေရနံခိုးခပ္ရာမွတဆင့္ ကန္ေပၚျပန္မတက္ႏိုင္ဘဲ ဆီမြန္း၍ေသဆုံးျခင္းျဖစ္ႏိုင္ေၾကာင္း"မင္းလွၿမိဳ႕နယ္ရဲတပ္ဖြဲ႕က တာဝန္ရွိသူတစ္ဦးကေျပာသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး မင္းလွၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္(၅/၂၀၁၉)ျဖင့္ စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ထန်းကိုင်းကျေးရွာ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ရေနံလှောင်ကန်အတွင်း၌ ဧပြီလ ၁ရရက် နေ့လယ် ၁၂ နာရီအချိန်က ရေနံကောက်သင်းကောက်သူတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း မင်းလှမြို့မရဲစခန်းက သိရသည်။

ရေနံလှောင်ကန်မှာ (၁၅)ပေပတ်လည်အကျယ်၊ အနက်(၁၀)ပေခန့်ရှိသောမြေပြင်တွင်မိုးကာဖြင့် ကန်ပြုလုပ်ထားပြီး ရေနံဂါလံ(၁၀၀)ခန့်သိုလှောင်ထားကြောင်း သိရသည်။

မင်းဘူးမြို့၊သူဌေးကုန်းရပ်ကွက် နေထိုင်သူအောင်သူမိုး(၃၀)နှစ်သည် ရေနံလှောင်ကန်အတွင်း အရှေ့ဘက်သို့ ဦးခေါင်းပြု၍ မျက်နှာပေါ်လျက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို ရေနံလှောင်ကန်အတွင်းမှ ရေနံခပ်ရန်လာရောက်သူ တစ်ဦးမှ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူ အောင်သူမိုးသည် ဧပြီလ ၁၆ရက် နေ့လယ် ၂နာရီအချိန်က ဇနီးဖြစ်သူနှင့်စကားများရန်ဖြစ်၍နေအိမ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ရေနံလှောင်ကန်အတွင်း သေဆုံးနေချိန်တွင် ၎င်းအနီး၌ (၅)ဂါလံဆံ့ အဝါရောင် ကော်ပုံးနှစ်ပုံးအား ရေနံထည့်ထားသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

“သေဆုံးသူမှာ အရက်သေစာသောက်စားထားပြီးရေနံလှောင်ကန်အတွင်းသို့ ဆင်း၍ရေနံခိုးခပ်ရာမှတဆင့် ကန်ပေါ်ပြန်မတက်နိုင်ဘဲ ဆီမွန်း၍သေဆုံးခြင်းဖြစ်နိုင်ကြောင်း"မင်းလှမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းလှမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၉)ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top