ပရိသတ္ႀကီးေရ စိုင္းစိုင္းခမ္းလႈိင္လို႕ ေျပာလိုက္တာနဲ႕ လူငယ္ပရိသတ္ေတြၾကား (အထူးသျဖင့္ေတာ့ မိန္းကေလးပရိသတ္ေတြၾကား)မွာ နာမည္ေက်ာ္ၾကားသူတစ္ဦးဆိုတာ အားလံုးကသိၾကမွာပါ။ အဲ့ဒီလိုမ်ဳိးစိုင္းစိုင္းခမ္းလႈိင္ဆိုတဲ့ နာမည္တစ္လံုးရလာဖို႕အတြက္ သူ႕ရဲ႕ႀကိဳးစားအားထုတ္ခဲ့ရမႈေတြကလည္း မနည္းပါဘူးေနာ္။ အခုေျပာျပေပးမွာကေတာ့ အားလံုးသိၾကတဲ့ အဆိုေတာ္စိုင္းစိုင္းခမ္းလႈိင္ဆိုတဲ့ ေကာင္ေလးကို ရုပ္ရွင္ပိုးစသြင္းေပးခဲ့တဲ့ တရားခံပါပဲ။

အဆိုေတာ္ျဖစ္ခ်င္တဲ့စိတ္ကူးနဲ႕ ေတာင္ႀကီးကေန ရန္ကုန္ကိုတက္လာတဲ့ ပိန္ပိန္ရွည္ရွည္ေကာင္ေလးတစ္ေယာက္၊ ေမာ္ဒယ္လ္သင္တန္းေတြတက္ခဲ့ေပမယ့္ သူ႕ရဲ႕ေဘာ္ဒီေၾကာင့္အဆင္မေျပျဖစ္ေနတဲ့အခ်ိန္ သူအရမ္းႀကိဳက္တဲ့ သူအၿမဲဖတ္ျဖစ္ေနတဲ့ စာေရးဆရာတစ္ဦးနဲ႕ ေတြ႕ဆံုခဲ့ပါတယ္။ အဲ့ဒီစာေရးဆရာကပဲ ဒါရိုက္တာလုပ္ၿပီး စိုင္းစိုင္းဆိုတဲ့ေကာင္ေလးကို မင္းသားတင္လို႕ဗီဒီယိုကားေလးရိုက္ကူးျဖစ္ခဲ့ပါသတဲ့။ စိုင္းစိုင္းကေတာ့ သူ႕ကို ပထမဆံုးရုပ္ရွင္ပိုး စသြင္းေပးခဲ့သူဟာ စာေရးဆရာနီကိုရဲပါလို႕ အတပ္ေျပာျပခဲ့တာပါ။

ပရိသတ္ႀကီးေရ စိတ္မေကာင္းစရာတစ္ခုကေတာ့ စိုင္းစိုင္းနဲ႕သူ႕ရဲ႕သူငယ္ခ်င္းေတြ ဆရာနီကိုရဲနဲ႕အတူ ႀကိဳးပမ္းအားထုတ္ခဲ့တဲ့ စိုင္းစိုင္းရဲ႕ပထမဆံုး ဗီဒီယိုဇာတ္ကားေလးကေတာ့ ၿပီးဆံုးေအာင္ ရုိက္ကူးခဲ့ရမႈမရွိဘဲ ပရိသတ္ေတြထံကိုလည္း မေရာက္ခဲ့ပါဘူးတဲ့ေနာ္။ အဲ့ဒီဗီဒီယိုေလးသာ ထြက္ရွိလာခဲ့ရင္ အခုအခ်ိန္မွာ စိုင္းစိုင္းဆိုတာ အဆိုေတာ္စိုင္းစိုင္းထက္ သရုပ္ေဆာင္ စိုင္းစိုင္းဆိုၿပီးမ်ား ပိုလို႕နာမည္ေက်ာ္ၾကားေနမလားပဲေနာ္။

စိုင္းစိုင္းရယ္လို႕ျဖစ္လာဖို႕အတြက္ တစ္ႀကိမ္တစ္ခါတည္းနဲ႕ေတာ့ ေအာင္ျမင္ခဲ့တာမဟုတ္ပါဘူးေနာ္။ သူငယ္ခ်င္းေတြအကုန္လံုးေအာင္ျမင္ေနခ်ိန္မွာ စိုင္းစိုင္းကေတာ့ ႀကိဳးစားေနရဆဲပါပဲ။ ပြဲေတာ္ရက္ေတြမွာ အေပါင္းအသင္းေတြေပ်ာ္ပါးေနခ်ိန္ သူ႕အေနနဲ႕ေပ်ာ္ပါးရမယ့္အခ်ိန္ေတြကို လက္လႊတ္ခံၿပီး အက်ိတ္အနယ္ႀကိဳးစားခဲ့ရတာပါ။ ေတာင္ႀကီးက စတက္လကတည္းက ေဖာင္ဖ်က္ၿပီးလာတယ္ဆိုတဲ့ ပံုစံမ်ဳိးျဖစ္လို႕လည္း စိုင္းစိုင္းတစ္ေယာက္ကေတာ့ ေအာင္ျမင္မႈေတြရေအာင္ ကိုယ္တိုင္ႀကိဳးစားအားထုတ္မႈေတြအႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ရပါတယ္။

အဲ့ဒီလိုနဲ႕ပဲ သီခ်င္းေတြၾကားမွာစီးေျမာရင္းက ေတးသီခ်င္းေတြနဲ႕ ေအာင္ျမင္လာတဲ့ စိုင္းစိုင္းကို ရုပ္ရွင္ဇာတ္ကားေတြရိုက္ကူးဖို႕ ကမ္းလွမ္းခံခဲ့ရပါေတာ့တယ္။ သရုပ္ေဆာင္ပိုင္းမွာလည္း ပရိသတ္ေတြသတိထားမိၿပီး သေဘာက်ခဲ့ရတဲ့ ဇာတ္ကားေတြအမ်ားအျပားပါ။ စိုင္းစိုင္းခမ္းလႈိင္ရယ္လို႕ သရုပ္ေဆာင္တစ္ဦးအျဖစ္ အားလံုးရဲ႕အျမင္ကိုရရွိေစခဲ့တဲ့ သူ႕ရဲ႕ပထမဆံုးရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ေနတိုးနဲ႕အတူ တြဲဖက္သရုပ္ေဆာင္ခဲ့ရတဲ့ “မဂၤလာပါ” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးပါပဲ။

သူ႕ရဲ႕ႀကိုးစားမႈေတြက မူလရည္ရြယ္ခ်က္ျဖစ္တဲ့ အဆိုေတာ္စိုင္းစိုင္းခမ္းလႈိင္အျဖစ္ကေန သရုပ္ေဆာင္တစ္ဦးအေနနဲ႕လည္း ပရိသတ္ေတြရဲ႕ လက္ခံအားေပးမႈေတြကုိရရွိရင္း ေ၀ဖန္မႈေတြကိုလည္း ရဲရဲ၀ံ့၀ံ့ရင္ဆိုင္ၿပီးတဲ့ေနာက္မွာေတာ့ ၂၀၁၆ ခုႏွစ္ရဲ႕ အေကာင္းဆံုးအမ်ဳိးသားဇာတ္ေဆာင္ဆုရွင္အျဖစ္ ေရြးခ်ယ္ခံရလုဆဲဆဲအေနအထားအထိ သူ႕ရဲ႕သရုပ္ေဆာင္ပိုင္းေတြဟာ ေကာင္းမြန္ခဲ့တာပါ။ “ဧဒင္ရဲ႕နတ္သမီး” ဆိုတဲ့ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ စိုင္းစိုင္းတစ္ေယာက္ အေကာင္းဆံုးအမ်ဳိးသားဇာတ္ေဆာင္ဆုရွင္အျဖစ္ ဇကာတင္ေရြးခ်ယ္မႈမွာပါ၀င္လာခဲ့တာပါ။

ပရိသတ္ႀကီးေရ စိုင္းစိုင္းရဲ႕ေအာင္ျမင္မႈေတြ၊ သူ႕ႀကိဳးစားမႈေတြအတြက္ အသိအမွတ္ျပဳခံရမႈေတြက ျမန္မာျပည္မွာတင္မဟုတ္ပါဘူးေနာ္။ စိုင္းစိုင္းရဲ႕သရုပ္ေဆာင္သက္တမ္းမွာ အေကာင္းဆံုးတစ္ခုျဖစ္ခဲ့တဲ့ “From Bangkok to Mandalay” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကလည္း ျမန္မာႏိုင္ငံမွာတင္မကဘဲ ထိုင္းႏိုင္ငံမွာပါ ေအာင္ျမင္မႈေတြရရွိခဲ့တာပါ။ ဒီေအာင္ျမင္မႈေတြက ထိုင္းႏိုင္ငံမွာျပဳလုပ္တဲ့ Thailand National Film Association Awards ဆုေတြရဲ႕ အေကာင္းဆံုးအမ်ဳိးသားသရုပ္ေဆာင္အျဖစ္ ဇကာတင္လ်ာထားမႈကိုလည္း ခံခဲ့ရေသးတာပါ။ ကဲပရိသတ္ႀကီးေရ စိုင္းစိုင္းကို ရုပ္ရွင္ပိုးစသြင္းေပးခဲ့သူသာ ဒီအခ်ိန္မွာသက္ရွိထင္ရွားရွိေနခဲ့ရင္ ဒီလိုေကာင္းသတင္းေတြအတြက္ ဂုဏ္ယူလို႕ဆံုးမွာမဟုတ္ပါဘူးေနာ္။

ပရိသတ္ႀကီးေရ စိုင္းစိုင္းရယ္လို႕ျဖစ္လာဖို႕အတြက္ သူ႕ရဲ႕ခံယူခ်က္ေတြ၊ ႀကိဳးစားမႈေတြက လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈေတြမက်ဆံုးသြားတဲ့ အရင္းျမစ္တစ္ခုျဖစ္တယ္ဆိုတာကို ပရိသတ္ႀကီးကလည္း လက္ခံထားၾကမွာပါ။ တကယ္တမ္းသူ႕ရဲ႕ေအာင္ျမင္မႈေတြဆီတြန္းပို႕ခဲ့တာကေတာ့ သူ႕ရဲ႕စိတ္ထား၊ စိတ္ကူးေလးေတြ၊ အေပါင္းအသင္း မိတ္ေကာင္းေဆြေကာင္းေတြက အဓိကျဖစ္မယ္လို႕ ထင္ပါတယ္ေနာ္။ စိုင္းစိုင္းရဲ႕ ေအာင္ျမင္မႈေတြတည္တံ့ေနႏိုင္ဖို႕ ပရိသတ္ႀကီးက ဆက္လက္အားေပးၾကပါဦးေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: burmese.asia
#Unicode Version#
ပရိသတ်ကြီးရေ စိုင်းစိုင်းခမ်းလှိုင်လို့ ပြောလိုက်တာနဲ့ လူငယ်ပရိသတ်တွေကြား (အထူးသဖြင့်တော့ မိန်းကလေးပရိသတ်တွေကြား)မှာ နာမည်ကျော်ကြားသူတစ်ဦးဆိုတာ အားလုံးကသိကြမှာပါ။ အဲ့ဒီလိုမျိုးစိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ နာမည်တစ်လုံးရလာဖို့အတွက် သူ့ရဲ့ကြိုးစားအားထုတ်ခဲ့ရမှုတွေကလည်း မနည်းပါဘူးနော်။ အခုပြောပြပေးမှာကတော့ အားလုံးသိကြတဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ ကောင်လေးကို ရုပ်ရှင်ပိုးစသွင်းပေးခဲ့တဲ့ တရားခံပါပဲ။

အဆိုတော်ဖြစ်ချင်တဲ့စိတ်ကူးနဲ့ တောင်ကြီးကနေ ရန်ကုန်ကိုတက်လာတဲ့ ပိန်ပိန်ရှည်ရှည်ကောင်လေးတစ်ယောက်၊ မော်ဒယ်လ်သင်တန်းတွေတက်ခဲ့ပေမယ့် သူ့ရဲ့ဘော်ဒီကြောင့်အဆင်မပြေဖြစ်နေတဲ့အချိန် သူအရမ်းကြိုက်တဲ့ သူအမြဲဖတ်ဖြစ်နေတဲ့ စာရေးဆရာတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီစာရေးဆရာကပဲ ဒါရိုက်တာလုပ်ပြီး စိုင်းစိုင်းဆိုတဲ့ကောင်လေးကို မင်းသားတင်လို့ဗီဒီယိုကားလေးရိုက်ကူးဖြစ်ခဲ့ပါသတဲ့။ စိုင်းစိုင်းကတော့ သူ့ကို ပထမဆုံးရုပ်ရှင်ပိုး စသွင်းပေးခဲ့သူဟာ စာရေးဆရာနီကိုရဲပါလို့ အတပ်ပြောပြခဲ့တာပါ။

ပရိသတ်ကြီးရေ စိတ်မကောင်းစရာတစ်ခုကတော့ စိုင်းစိုင်းနဲ့သူ့ရဲ့သူငယ်ချင်းတွေ ဆရာနီကိုရဲနဲ့အတူ ကြိုးပမ်းအားထုတ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ပထမဆုံး ဗီဒီယိုဇာတ်ကားလေးကတော့ ပြီးဆုံးအောင် ရိုက်ကူးခဲ့ရမှုမရှိဘဲ ပရိသတ်တွေထံကိုလည်း မရောက်ခဲ့ပါဘူးတဲ့နော်။ အဲ့ဒီဗီဒီယိုလေးသာ ထွက်ရှိလာခဲ့ရင် အခုအချိန်မှာ စိုင်းစိုင်းဆိုတာ အဆိုတော်စိုင်းစိုင်းထက် သရုပ်ဆောင် စိုင်းစိုင်းဆိုပြီးများ ပိုလို့နာမည်ကျော်ကြားနေမလားပဲနော်။

စိုင်းစိုင်းရယ်လို့ဖြစ်လာဖို့အတွက် တစ်ကြိမ်တစ်ခါတည်းနဲ့တော့ အောင်မြင်ခဲ့တာမဟုတ်ပါဘူးနော်။ သူငယ်ချင်းတွေအကုန်လုံးအောင်မြင်နေချိန်မှာ စိုင်းစိုင်းကတော့ ကြိုးစားနေရဆဲပါပဲ။ ပွဲတော်ရက်တွေမှာ အပေါင်းအသင်းတွေပျော်ပါးနေချိန် သူ့အနေနဲ့ပျော်ပါးရမယ့်အချိန်တွေကို လက်လွှတ်ခံပြီး အကျိတ်အနယ်ကြိုးစားခဲ့ရတာပါ။ တောင်ကြီးက စတက်လကတည်းက ဖောင်ဖျက်ပြီးလာတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လို့လည်း စိုင်းစိုင်းတစ်ယောက်ကတော့ အောင်မြင်မှုတွေရအောင် ကိုယ်တိုင်ကြိုးစားအားထုတ်မှုတွေအကြိမ်ကြိမ် ပြုလုပ်ခဲ့ရပါတယ်။

အဲ့ဒီလိုနဲ့ပဲ သီချင်းတွေကြားမှာစီးမြောရင်းက တေးသီချင်းတွေနဲ့ အောင်မြင်လာတဲ့ စိုင်းစိုင်းကို ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရပါတော့တယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေသတိထားမိပြီး သဘောကျခဲ့ရတဲ့ ဇာတ်ကားတွေအများအပြားပါ။ စိုင်းစိုင်းခမ်းလှိုင်ရယ်လို့ သရုပ်ဆောင်တစ်ဦးအဖြစ် အားလုံးရဲ့အမြင်ကိုရရှိစေခဲ့တဲ့ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကတော့ နေတိုးနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ရတဲ့ “မင်္ဂလာပါ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။

သူ့ရဲ့ကြိုးစားမှုတွေက မူလရည်ရွယ်ချက်ဖြစ်တဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်အဖြစ်ကနေ သရုပ်ဆောင်တစ်ဦးအနေနဲ့လည်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကိုရရှိရင်း ဝေဖန်မှုတွေကိုလည်း ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးတဲ့နောက်မှာတော့ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရှင်အဖြစ် ရွေးချယ်ခံရလုဆဲဆဲအနေအထားအထိ သူ့ရဲ့သရုပ်ဆောင်ပိုင်းတွေဟာ ကောင်းမွန်ခဲ့တာပါ။ “ဧဒင်ရဲ့နတ်သမီး” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ စိုင်းစိုင်းတစ်ယောက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရှင်အဖြစ် ဇကာတင်ရွေးချယ်မှုမှာပါဝင်လာခဲ့တာပါ။

ပရိသတ်ကြီးရေ စိုင်းစိုင်းရဲ့အောင်မြင်မှုတွေ၊ သူ့ကြိုးစားမှုတွေအတွက် အသိအမှတ်ပြုခံရမှုတွေက မြန်မာပြည်မှာတင်မဟုတ်ပါဘူးနော်။ စိုင်းစိုင်းရဲ့သရုပ်ဆောင်သက်တမ်းမှာ အကောင်းဆုံးတစ်ခုဖြစ်ခဲ့တဲ့ “From Bangkok to Mandalay” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း မြန်မာနိုင်ငံမှာတင်မကဘဲ ထိုင်းနိုင်ငံမှာပါ အောင်မြင်မှုတွေရရှိခဲ့တာပါ။ ဒီအောင်မြင်မှုတွေက ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ Thailand National Film Association Awards ဆုတွေရဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်အဖြစ် ဇကာတင်လျာထားမှုကိုလည်း ခံခဲ့ရသေးတာပါ။ ကဲပရိသတ်ကြီးရေ စိုင်းစိုင်းကို ရုပ်ရှင်ပိုးစသွင်းပေးခဲ့သူသာ ဒီအချိန်မှာသက်ရှိထင်ရှားရှိနေခဲ့ရင် ဒီလိုကောင်းသတင်းတွေအတွက် ဂုဏ်ယူလို့ဆုံးမှာမဟုတ်ပါဘူးနော်။

ပရိသတ်ကြီးရေ စိုင်းစိုင်းရယ်လို့ဖြစ်လာဖို့အတွက် သူ့ရဲ့ခံယူချက်တွေ၊ ကြိုးစားမှုတွေက လက်ရှိအချိန်အထိ အောင်မြင်မှုတွေမကျဆုံးသွားတဲ့ အရင်းမြစ်တစ်ခုဖြစ်တယ်ဆိုတာကို ပရိသတ်ကြီးကလည်း လက်ခံထားကြမှာပါ။ တကယ်တမ်းသူ့ရဲ့အောင်မြင်မှုတွေဆီတွန်းပို့ခဲ့တာကတော့ သူ့ရဲ့စိတ်ထား၊ စိတ်ကူးလေးတွေ၊ အပေါင်းအသင်း မိတ်ကောင်းဆွေကောင်းတွေက အဓိကဖြစ်မယ်လို့ ထင်ပါတယ်နော်။ စိုင်းစိုင်းရဲ့ အောင်မြင်မှုတွေတည်တံ့နေနိုင်ဖို့ ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦးနော်။


ဖိုးသူတော်(www.phothutaw.com)
Credit: burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top