



Credit: ApannPyay

#Unicode Version# ဖြင့်ဖတ်ပါ ။

မျက်ရည်တောင် ဝဲမိပါတယ်။ မိသားစု သုံယောက်စီးလာတဲ့ ဆိုင်ကယ်ကို ကားတစ်စီးမှ အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိပြီး သုံးနှစ်အရွယ် သမီးလေး နဲ့ ဇနီးဖြစ်သူက သေးဆုံးသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ၂၀၁၉ ဧပြီလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ခင်ပွန်ဖြစ်သူကတော့ အသက်ရှင်ကျန်ခဲ့ပေမယ့် ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ ဆေးရုံတက်နေရပါတယ်။ အခုလို ဆေးရုံတက်နေရချိန်မှာ ဇနီဖြစ်သူနဲ့ သမီးသေဆုံးသွားပြီ ဖြစ်ကြောင်း သိရပြီး ရင်ကွဲပက်လက်ဆိုမှ တကယ့် ရင်ကွဲ ပက်လက်ပါပဲ..။ မိမိကိုယ်တိုင်ကလည်း ဒဏ်ရာများနဲ့ မထနိုင်ပဲ ပက်လက်အနေအထားအတိုင်း ဆေးရုံတက်နေရတာ ဖြစ်ပါတယ်။

အခုလို ဆေးရုံတက်နေရတဲ့ အချိန်မှာ ဇနီးဖြစ်သူရဲ့ အလောင်းနားကို သွားရောက်ဖို့ ဆန္ဒရှိနေတဲ့အတွက်ကြောင့် ခင်ပွန်းဖြစ်သူ လူနာကို သေဆုံးသူ ဇနီးအနားမှာ ပို့ပေးထားရကြောင်း ကြားသိရပြီး တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။

သေဆုံးသွားတဲ့ သားအမိနှစ်ယောက်လည်း ကောင်းရာမွန်ရာရောက်ပြီး..။ အသက်ရှင်ကျန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူလည်း အမြန်နေကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ ဆေးရုံတက်နေသူ ခင်ပွန်းသည် လူနာရဲ့တောင်းဆိုချက်ကြောင့် သေဆုံသွားပြီးဖြစ်တဲ့ ဇနီးအလောင်း အနားကို ပို့ပးခဲ့တာပါ။ (၂၀၁၉ ) ဧပြီလ ၂၅ ရက်နေ့က သူတို့မိသားစု စီးလားတဲ့ ဆိုက်ကယ်ကို ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်သွားခဲ့တာပါ။ သုံးနှစ်အရွယ်သမီးငယ်ပါ သေဆုံးသွားခဲ့ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: ApannPyay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top