သင်္ကြန်ကာလ ငါးရက်အတွင်း တစ်နိုင်ငံလုံးအနေအထားဖြင့် သစ်ခိုးထုတ်သူများကို ရှာဖွေဖမ်းဆီးခဲ့ရာ သစ်တန်ချိန်ပေါင်း ၉ဝဝ နီးပါးနှင့် သစ်ခိုးထုတ်သူ ဦးရေ ၂၉ ဦးအထိ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောစစ်ဆေး ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

 “ သင်္ကြန်အတွင်းကို ကျွန်တော်တို့က စီမံချက်နဲ့ လုပ်တာ။ ၂ဝ၁၉ မဟာသင်္ကြန်အတွင်းကာလတရားမဝင် သစ်ဖမ်းဆီးရေး စီမံချက်ဆိုပြီးတော့ ဧပြီ ၁၃ ကနေ ၁၇ ရက်နေ့အထိကို နှစ်စဉ်လုပ်နေကျပါ။ သင်္ကြန် အတွင်း ဆို ရုံးပိတ်ရက်ဆိုပြီး အခွင့်အရေးယူပြီးတော့ လုပ်စားတဲ့သူတွေက ဒီလိုတွေ လုပ်လေ့ရှိလို့ ဒီလို ဖမ်းဆီး မှုတွေလုပ်ခဲ့တာ” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးကပြောသည်။

ယင်းပမာဏမှာ သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ရှာဖွေဖမ်းဆီးနိုင်ခဲ့သည့်ပမာဏဖြစ်ပြီး စုစုပေါင်း ကျွန်း၊ သစ်မာ၊ အခြားသစ်များအပါအဝင် သစ်တန်ချိန် ၈၇၉ ဒသမ ဝ၈၉၇ တန်နှင့် တရားခံ ၂၉ ဦး၊ ယာဉ်နှင့် ယန္တရား ၁၂ စီး၊ ဆိုင်ကယ် ၂ စီးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


# Unicode Version # ဖြင့် ဖတ်ပါ #


သြင်္ကန်ကာလ ငါးရက်အတွင်း တစ်နိုင်ငံလုံးအနေအထားဖြင့် သစ်ခိုးထုတ်သူများကို ရှာဖွေဖမ်းဆီးခဲ့ရာ သစ်တန်ချိန်ပေါင်း ၉ဝဝ နီးပါးနှင့် သစ်ခိုးထုတ်သူ ဦးရေ ၂၉ ဦးအထိ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောစစ်ဆေး ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

 “ သြင်္ကန်အတွင်းကို ကျွန်တော်တို့က စီမံချက်နဲ့ လုပ်တာ။ ၂ဝ၁၉ မဟာသြင်္ကန်အတွင်းကာလတရားမဝင် သစ်ဖမ်းဆီးရေး စီမံချက်ဆိုပြီးတော့ ဧပြီ ၁၃ ကနေ ၁၇ ရက်နေ့အထိကို နှစ်စဉ်လုပ်နေကျပါ။ သြင်္ကန် အတွင်း ဆို ရုံးပိတ်ရက်ဆိုပြီး အခွင့်အရေးယူပြီးတော့ လုပ်စားတဲ့သူတွေက ဒီလိုတွေ လုပ်လေ့ရှိလို့ ဒီလို ဖမ်းဆီး မှုတွေလုပ်ခဲ့တာ” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးကပြောသည်။

ယင်းပမာဏမှာ သြင်္ကန်ကာလ ဧပြီလ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ရှာဖွေဖမ်းဆီးနိုင်ခဲ့သည့်ပမာဏဖြစ်ပြီး စုစုပေါင်း ကျွန်း၊ သစ်မာ၊ အခြားသစ်များအပါအဝင် သစ်တန်ချိန် ၈၇၉ ဒသမ ဝ၈၉၇ တန်နှင့် တရားခံ ၂၉ ဦး၊ ယာဉ်နှင့် ယန္တရား ၁၂ စီး၊ ဆိုင်ကယ် ၂ စီးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ စီမံချက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အစီအစဉ်များဖြင့် လှုပ်ရှားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top