အခုကစၿပီး က်ေနာ္တို႔ ျမန္မာေတြ အရိုးျပဳတ္ရည္ ေသာက္ၾကဖို႔ အခ်ိန္တန္ၿပီ…
ရိုးတြင္းျခင္ဆီကို ျပန္ျဖည့္ေပးဖို႔ေမ့ေနၾကလား…
က်န္းမာေရးအတြက္ ဘယ္ေလာက္ အက်ိဳးေက်းဇူးမ်ားလဲ ဖတ္ျဖစ္ေအာင္ဖတ္ၾကည့္ဗ်ာ
က်ေနာ္တို႔ လူအမ်ားစုဟာ ကိုယ့္က်န္းမာေရးကို ကိုယ္ကာင္းေအာင္ လုပ္ၾကရာမွာ အျခားေသာကိစၥေတြကိုခ်ည္း အာရံုစိုက္ ေနၾကတဲ့အတြက္ ရိုးတြင္းျခင္ဆီကိစၥကို ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ Bone Marrow လို႔ေခၚတဲ့ရိုးတြင္းျခင္ဆီဟာဦးေနွာက္၊ နွလံုး၊ အသည္းၿပီးရင္ အေရးအႀကီးဆံုးအစိတ္အပိုင္းပဲ ျဖစ္ပါတယ္။
ရိုးတြင္းျခင္ဆီက ဘာေတြလုပ္ေပးသလဲဆိုရင္ ခနၶာကိုယ္ရဲ႕အလံုးစံုေသာခုခံအားcellေတြကို ေမြးထုတ္ေပးျခင္း၊ခနၶာကိုယ္အတြက္လုပ္ငန္းေဆာင္တာေတြကို လုပ္ေပးတဲ့ပင္မေသြးcellမ်ားကိုျပဳလုပ္ေပးျခင္း၊ ခနၶာကိုယ္ရဲ႕ေသြးထုတ္လုပ္ေပးရာအႀကီးဆံုးဌာနျဖစ္ျခင္း၊ ခနၶာကိုယ္ ႏုပ်ိဳသြက္လက္ေအာင္ ျပဳလုပ္ေပးျခင္း စသည္ျဖင့္ အလြန္အေရးႀကီးတဲ့ ကိစၥေတြကို ျပဳလုပ္ေပးပါတယ္။
ရိုးတြင္းျခင္ဆီဟာ ငယ္႐ြယ္စဥ္မွာေတာ့ အားေကာင္းေနၾကတာ ခ်ည္းပါပဲ။ သို႔ေသာ္လဲ အသက္ႀကီးလာတာနဲ႔အမ်ွ ရိုးတြင္းျခင္ဆီေတြတျဖည္းျဖည္းခန္းလာပါတယ္။ သုေတသနျပဳလုပ္ထားခ်က္ေတြအရအသက္၂၅နွစ္ေလာက္က စၿပီး တျဖည္းျဖည္း ခန္းေျခာက္လာတယ္လို႔ ဆိုပါတယ္။ ရိုးတြင္းျခင္ဆီေတြ အားေလ်ာ့လာတာနဲ႔အမ်ွ လူကလည္း ကိုယ္ခံအားေတြ ေသြးအားေတြယုတ္ေလ်ာ့လာၿပီး ေရာဂါေတြလည္းျဖစ္၊ အိုမင္းမႈေတြလည္း ေရာက္လာေတာ့တာပါပဲ။
အိုမင္းမႈရဲ႕နႈန္းထားဟာရိုးတြင္းျခင္ဆီေပၚမွာအမ်ားႀကီးမူတည္ေနပါတယ္ လူ႔အသက္ဟာ၁၀၀ေက်ာ္ေအာင္ေနနိုင္ပါလ်က္နဲ႔လူေတြေစာစီးစြာေသေနၾကရတာဟာလည္းရိုးတြင္းျခင္ဆီခန္းေျခာက္ျခင္းကအေၾကာင္းရင္းတစ္ခုပၿဲဖစ္ပါတယ္။
ရုိးတြင္းျခင္ဆီအားေကာင္းေနဆ ၿဲဖစ္တဲ့အသက္၃၀ေအာက္အ႐ြယ္မွာေတာ့က်န္းမာသန္စြမ္းၿပီးေရာဂါကင္းၾကပါတယ္ အဲဒီ့ေနာက္ပိုင္းမွာ မူလကအနီေရာင္ရဲရဲရွိေနတဲ့ ရိုးတြင္းျခင္ဆီေတြဟာ အနီေရာင္ကေန ဝါက်င့္က်င့္ျဖစ္သြားၿပီး အားနည္းသြားေတာ့တာပါပဲ အသက္ႀကီးသြားေတာ့ညိဳတိုတို အေရာင္မ်ိဳးအထိ ျဖစ္သြားၿပီ။ အဲဒါဟာျခင္ဆီခန္းၿပီဆိုတာျပေနတာပဲ လူကလည္း မီးစာကုန္ ဆီခန္းေတာ့မယ္ေပါ့။ အဲဒီ့ေနာက္မွာေတာ့ ေသြးအားလည္းနည္း၊ ကိုယ္ခံစြမ္းအားလည္းကုန္ၿပီး မီးၿငိမ္းသြားေတာ့တာပါပဲ။
အဲဒီ့ျဖစ္စဥ္ေတြကို သေဘာေပါက္ၿပီဆိုရင္ က်ေနာ္တို႔ ဘာလုပ္သင့္သလဲ။ ကိုယ့္ရဲ႕ရိုးတြင္းျခင္ဆီကို အားျဖည့္ေပးဖို႔လုပ္ရေတာ့မွာေပါ့။ ရိုးတြင္းျခင္ဆီအားျဖည့္ဖို႔အေကာင္းဆံုးနည္းကေတာ့အရိုးျပဳတ္ရည္ေသာက္ဖို႔ပၿဲဖစ္ပါတယ္။ တိရစာၦန္အရိုးေတြျဖစ္တဲ့ဝက္ရိုး၊ အမဲရိုး၊ ဆိတ္ရိုး၊ ၾကက္ရိုး၊ ဘဲရိုး စတဲ့အရိုးေတြကို ျပဳတ္ေသာက္ေပးရမယ္။ ျခင္ဆီေတြမ်ားမ်ားပါတဲ့ အရိုးေတြကို ဦးစားေပးေသာက္ေပးပါ။
အရိုးျပဳတ္ရည္ထဲမွာ ရိုးတြင္းျခင္ဆီကိုသာမကအရိုးေတြကိုပါ အားေကာင္းေစမယ့္ျခင္ဆီ၊ ကယ္စီယမ္၊ ဂလူတာမင္၊ ဂလိုင္ဆင္း၊ ေကာ္လာဂ်င္၊ အရိုးအဆစ္ေတြအတြက္ လိုအပ္တဲ့သဘာဝဓာတ္မ်ား၊ ခနၶာကိုယ္အတြက္လိုအပ္တဲ့ အမိုင္နိုအက္ဆစ္မ်ားစသျဖင္းအက်ိဳးျပဳတဲ့ဓာတ္ေတြအမ်ားႀကီးပါပါတယ္။
အရိုးျပဳတ္ရည္ ေသာက္ျခင္းအားျဖင့္ ရိုးတြင္းျခင္ဆီေတြအားေကာင္းလာၿပီး ကိုယ္ခံစြမ္းအားေတြေသြးအားေတြလည္း ေကာင္းလာပါလိမ့္မယ္။ ခနၶာကုိယ္အစိတ္ပိုင္းအသီးသီးက Cellေတြလည္း အားေကာင္းလာၿပီး ေရာဂါေတြလည္းကင္းရွင္းပါလိမ့္မယ္။ အထူးသျဖင့္ Auto Immune Disease ေၾကာင့္ျဖ္စ္လာရတဲ့ ေနာက္ဆက္တြဲေရာဂါေတြလည္း ေပ်ာက္ကင္းသက္သာ သြားနိုင္ပါတယ္။ လူကလည္း နုပ်ိဳလွပလာမယ္ ေရာဂါကင္းၿပီး အသက္ရွည္နိုင္ပါတယ္။
က်ေနာ္က ဘယ္ၿမိဳ႕ေရာက္ေရာက္အရိုးျပဳတ္ရည္ ရွာေသာက္ပါတယ္။ သီးသန္႔ေရာင္းတာ မရွိေပမဲ့ ျမန္မာဆိုင္မွာ ၾကက္ျပဳတ္ရည္၊ တရုတ္ဆိုင္မွာေၾကးအိုး၊ ကုလားဆိုင္မွာဆိတ္ရိုးစြပ္ျပဳတ္ရည္ေတြဝယ္ေသာက္တယ္ေလ။ သို႔ေသာ္လဲကိုယ့္ဟာကိုယ္စိတ္ႀကိဳက္ျပဳတ္ေသာက္တာက ပိုေကာင္းတာေပါ့။ အိမ္မွာဆိုရင္ ဆိတ္ေျခေထာက္ရိုး ဝယ္ျပဳတ္ၿပီးေသာက္တယ္။ အရိုးထဲကျခင္ဆီေတြကိုတႁပြတ္ႁပြတ္ စုပ္စားရတာအရသာ ရွိလွပါတယ္။ တကယ္ကို အားရွိသလိုက္ို ခံစားရပါတယ္။
အရိုးျပဳတ္ရည္ကို ဘယ္လိုျပဳတ္လဲဆိုတာလည္း သိခ်င္ၾကပါလိမ့္မယ္။ အရင္ဆံုးကိုယ္ႀကိဳက္တဲ့ အရိုးကိုဝယ္ပါ။ က်ေနာ္ကေတာ့ ဆိတ္ရိုးႀကိဳက္ပါတယ္။ အရိုးကိုေရေဆးၿပီး ျပဳတ္ပါ အရိုးထဲက အက်ိဳးျပဳဓာတ္ေတြ ထြက္လာဖို႔ ပန္းသီး ဗင္နီဂါနဲနဲေလာက္ထည့္ပါ။ အငန္အရသာအတြက္ ေက်ာက္ဆား၊ ပင္လယ္ဆား၊ အိုင္အိုဒင္းဆားနဲနဲစီ ထည့္ပါ အခ်ိဳအရသာအတြက္ ထန္းလ်က္နဲနဲထည့္ပါ။ ၾကက္သြန္ျဖဴ ၾကက္သြန္နီ ထည့္ၿပီး မီးျပင္းတိုက္ပါ။
ေရေပၚကို ေဝ့တက္လာတဲ့ အျမႇုပ္ေတြကိုဖယ္လိုက္ပါ၊ ၿပီးရင္ မီးေအးေအးနဲ႔ နာရီအေတာ္ၾကာေအာင္ ထားပါ။ အရိုးထဲက ဓာတ္ေတြဟာ ျပဳတ္ရည္ထဲေရာက္လာပါၿပီ။ မာလာန႔ံႀကိဳက္ရင္ မာလာအနွစ္ထည့္။ ယိုးဒယားစာႀကိဳက္ရင္ တံုယမ္းအခဲထည္၊ တရုတ္စာႀကိဳက္ရင္ နွမ္းဆီေမႊးထည့္၊ ကုလားစာႀကိဳက္ရင္ ပဲမႈန္႔နဲ႔မဆလာထည့္၊ ေဟာ့ေပါ့လိုစားခ်င္ရင္လည္းႀကိဳက္တဲ့အ႐ြက္ အသားေတြ ထည့္စားလိုက္ရံုပါပဲ။
အခုအခါမွာ နိုင္ငံတကာမွာ အရိုးျပဳတ္ရည္ အလြန္ေခတ္စားလာတဲ့အတြက္ အရိုးျပဳတ္ရည္ေရာင္းတဲ့ ဆိုင္ေတြဟာ လမ္းေထာင့္ေတြမွာ ေနရာယူ ေနၾကပါၿပီ။ အရိုးျပဳတ္ရည္ ေသာက္ၿပီး က်န္းမာေရးေတြလည္း အလြန္ေကာင္း ေနၾကပါၿပီ။ က်ေနာ္တို႔ျမန္မာေတြလည္း အရိုးျပဳတ္ရည္ ေသာက္ၾကဖို႔ အခ်ိန္တန္ၿပီလို႔ ေျပာပါရေစေတာ့…..
ခ်စ္ခင္ေလးစားလ်ွက္…..
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Min Kyaw Win
#Unicode Version# ျဖင့္ဖတ္ပါ ။
အခုကစပြီး ကျနော်တို့ မြန်မာတွေ အရိုးပြုတ်ရည် သောက်ကြဖို့ အချိန်တန်ပြီ…
ရိုးတွင်းခြင်ဆီကို ပြန်ဖြည့်ပေးဖို့မေ့နေကြလား…
ကျန်းမာရေးအတွက် ဘယ်လောက် အကျိုးကျေးဇူးများလဲ ဖတ်ဖြစ်အောင်ဖတ်ကြည့်ဗျာ
ကျနော်တို့ လူအများစုဟာ ကိုယ့်ကျန်းမာရေးကို ကိုယ်ကာင်းအောင် လုပ်ကြရာမှာ အခြားသောကိစ္စတွေကိုချည်း အာရုံစိုက် နေကြတဲ့အတွက် ရိုးတွင်းခြင်ဆီကိစ္စကို မေ့လျော့နေတတ်ကြပါတယ်။ Bone Marrow လို့ခေါ်တဲ့ရိုးတွင်းခြင်ဆီဟာဦးနှောက်၊ နှလုံး၊ အသည်းပြီးရင် အရေးအကြီးဆုံးအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။
ရိုးတွင်းခြင်ဆီက ဘာတွေလုပ်ပေးသလဲဆိုရင် ခန္ဓာကိုယ်ရဲ့အလုံးစုံသောခုခံအားcellတွေကို မွေးထုတ်ပေးခြင်း၊ခန္ဓာကိုယ်အတွက်လုပ်ငန်းဆောင်တာတွေကို လုပ်ပေးတဲ့ပင်မသွေးcellများကိုပြုလုပ်ပေးခြင်း၊ ခန္ဓာကိုယ်ရဲ့သွေးထုတ်လုပ်ပေးရာအကြီးဆုံးဌာနဖြစ်ခြင်း၊ ခန္ဓာကိုယ် နုပျိုသွက်လက်အောင် ပြုလုပ်ပေးခြင်း စသည်ဖြင့် အလွန်အရေးကြီးတဲ့ ကိစ္စတွေကို ပြုလုပ်ပေးပါတယ်။
ရိုးတွင်းခြင်ဆီဟာ ငယ်ရွယ်စဉ်မှာတော့ အားကောင်းနေကြတာ ချည်းပါပဲ။ သို့သော်လဲ အသက်ကြီးလာတာနဲ့အမျှ ရိုးတွင်းခြင်ဆီတွေတဖြည်းဖြည်းခန်းလာပါတယ်။ သုတေသနပြုလုပ်ထားချက်တွေအရအသက်၂၅နှစ်လောက်က စပြီး တဖြည်းဖြည်း ခန်းခြောက်လာတယ်လို့ ဆိုပါတယ်။ ရိုးတွင်းခြင်ဆီတွေ အားလျော့လာတာနဲ့အမျှ လူကလည်း ကိုယ်ခံအားတွေ သွေးအားတွေယုတ်လျော့လာပြီး ရောဂါတွေလည်းဖြစ်၊ အိုမင်းမှုတွေလည်း ရောက်လာတော့တာပါပဲ။
အိုမင်းမှုရဲ့နှုန်းထားဟာရိုးတွင်းခြင်ဆီပေါ်မှာအများကြီးမူတည်နေပါတယ် လူ့အသက်ဟာ၁၀၀ကျော်အောင်နေနိုင်ပါလျက်နဲ့လူတွေစောစီးစွာသေနေကြရတာဟာလည်းရိုးတွင်းခြင်ဆီခန်းခြောက်ခြင်းကအကြောင်းရင်းတစ်ခုပြဲဖစ်ပါတယ်။
ရိုးတွင်းခြင်ဆီအားကောင်းနေဆ ြဲဖစ်တဲ့အသက်၃၀အောက်အရွယ်မှာတော့ကျန်းမာသန်စွမ်းပြီးရောဂါကင်းကြပါတယ် အဲဒီ့နောက်ပိုင်းမှာ မူလကအနီရောင်ရဲရဲရှိနေတဲ့ ရိုးတွင်းခြင်ဆီတွေဟာ အနီရောင်ကနေ ဝါကျင့်ကျင့်ဖြစ်သွားပြီး အားနည်းသွားတော့တာပါပဲ အသက်ကြီးသွားတော့ညိုတိုတို အရောင်မျိုးအထိ ဖြစ်သွားပြီ။ အဲဒါဟာခြင်ဆီခန်းပြီဆိုတာပြနေတာပဲ လူကလည်း မီးစာကုန် ဆီခန်းတော့မယ်ပေါ့။ အဲဒီ့နောက်မှာတော့ သွေးအားလည်းနည်း၊ ကိုယ်ခံစွမ်းအားလည်းကုန်ပြီး မီးငြိမ်းသွားတော့တာပါပဲ။
အဲဒီ့ဖြစ်စဉ်တွေကို သဘောပေါက်ပြီဆိုရင် ကျနော်တို့ ဘာလုပ်သင့်သလဲ။ ကိုယ့်ရဲ့ရိုးတွင်းခြင်ဆီကို အားဖြည့်ပေးဖို့လုပ်ရတော့မှာပေါ့။ ရိုးတွင်းခြင်ဆီအားဖြည့်ဖို့အကောင်းဆုံးနည်းကတော့အရိုးပြုတ်ရည်သောက်ဖို့ပြဲဖစ်ပါတယ်။ တိရစ္ဆာန်အရိုးတွေဖြစ်တဲ့ဝက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး၊ ကြက်ရိုး၊ ဘဲရိုး စတဲ့အရိုးတွေကို ပြုတ်သောက်ပေးရမယ်။ ခြင်ဆီတွေများများပါတဲ့ အရိုးတွေကို ဦးစားပေးသောက်ပေးပါ။
အရိုးပြုတ်ရည်ထဲမှာ ရိုးတွင်းခြင်ဆီကိုသာမကအရိုးတွေကိုပါ အားကောင်းစေမယ့်ခြင်ဆီ၊ ကယ်စီယမ်၊ ဂလူတာမင်၊ ဂလိုင်ဆင်း၊ ကော်လာဂျင်၊ အရိုးအဆစ်တွေအတွက် လိုအပ်တဲ့သဘာဝဓာတ်များ၊ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်များစသဖြင်းအကျိုးပြုတဲ့ဓာတ်တွေအများကြီးပါပါတယ်။
အရိုးပြုတ်ရည် သောက်ခြင်းအားဖြင့် ရိုးတွင်းခြင်ဆီတွေအားကောင်းလာပြီး ကိုယ်ခံစွမ်းအားတွေသွေးအားတွေလည်း ကောင်းလာပါလိမ့်မယ်။ ခန္ဓာကိုယ်အစိတ်ပိုင်းအသီးသီးက Cellတွေလည်း အားကောင်းလာပြီး ရောဂါတွေလည်းကင်းရှင်းပါလိမ့်မယ်။ အထူးသဖြင့် Auto Immune Disease ကြောင့်ြဖ်စ်လာရတဲ့ နောက်ဆက်တွဲရောဂါတွေလည်း ပျောက်ကင်းသက်သာ သွားနိုင်ပါတယ်။ လူကလည်း နုပျိုလှပလာမယ် ရောဂါကင်းပြီး အသက်ရှည်နိုင်ပါတယ်။
ကျနော်က ဘယ်မြို့ရောက်ရောက်အရိုးပြုတ်ရည် ရှာသောက်ပါတယ်။ သီးသန့်ရောင်းတာ မရှိပေမဲ့ မြန်မာဆိုင်မှာ ကြက်ပြုတ်ရည်၊ တရုတ်ဆိုင်မှာကြေးအိုး၊ ကုလားဆိုင်မှာဆိတ်ရိုးစွပ်ပြုတ်ရည်တွေဝယ်သောက်တယ်လေ။ သို့သော်လဲကိုယ့်ဟာကိုယ်စိတ်ကြိုက်ပြုတ်သောက်တာက ပိုကောင်းတာပေါ့။ အိမ်မှာဆိုရင် ဆိတ်ခြေထောက်ရိုး ဝယ်ပြုတ်ပြီးသောက်တယ်။ အရိုးထဲကခြင်ဆီတွေကိုတပြွတ်ပြွတ် စုပ်စားရတာအရသာ ရှိလှပါတယ်။ တကယ်ကို အားရှိသလိုကို ခံစားရပါတယ်။
အရိုးပြုတ်ရည်ကို ဘယ်လိုပြုတ်လဲဆိုတာလည်း သိချင်ကြပါလိမ့်မယ်။ အရင်ဆုံးကိုယ်ကြိုက်တဲ့ အရိုးကိုဝယ်ပါ။ ကျနော်ကတော့ ဆိတ်ရိုးကြိုက်ပါတယ်။ အရိုးကိုရေဆေးပြီး ပြုတ်ပါ အရိုးထဲက အကျိုးပြုဓာတ်တွေ ထွက်လာဖို့ ပန်းသီး ဗင်နီဂါနဲနဲလောက်ထည့်ပါ။ အငန်အရသာအတွက် ကျောက်ဆား၊ ပင်လယ်ဆား၊ အိုင်အိုဒင်းဆားနဲနဲစီ ထည့်ပါ အချိုအရသာအတွက် ထန်းလျက်နဲနဲထည့်ပါ။ ကြက်သွန်ဖြူ ကြက်သွန်နီ ထည့်ပြီး မီးပြင်းတိုက်ပါ။
ရေပေါ်ကို ဝေ့တက်လာတဲ့ အမြှုပ်တွေကိုဖယ်လိုက်ပါ၊ ပြီးရင် မီးအေးအေးနဲ့ နာရီအတော်ကြာအောင် ထားပါ။ အရိုးထဲက ဓာတ်တွေဟာ ပြုတ်ရည်ထဲရောက်လာပါပြီ။ မာလာနံ့ကြိုက်ရင် မာလာအနှစ်ထည့်။ ယိုးဒယားစာကြိုက်ရင် တုံယမ်းအခဲထည်၊ တရုတ်စာကြိုက်ရင် နှမ်းဆီမွှေးထည့်၊ ကုလားစာကြိုက်ရင် ပဲမှုန့်နဲ့မဆလာထည့်၊ ဟော့ပေါ့လိုစားချင်ရင်လည်းကြိုက်တဲ့အရွက် အသားတွေ ထည့်စားလိုက်ရုံပါပဲ။
အခုအခါမှာ နိုင်ငံတကာမှာ အရိုးပြုတ်ရည် အလွန်ခေတ်စားလာတဲ့အတွက် အရိုးပြုတ်ရည်ရောင်းတဲ့ ဆိုင်တွေဟာ လမ်းထောင့်တွေမှာ နေရာယူ နေကြပါပြီ။ အရိုးပြုတ်ရည် သောက်ပြီး ကျန်းမာရေးတွေလည်း အလွန်ကောင်း နေကြပါပြီ။ ကျနော်တို့မြန်မာတွေလည်း အရိုးပြုတ်ရည် သောက်ကြဖို့ အချိန်တန်ပြီလို့ ပြောပါရစေတော့…..
ချစ်ခင်လေးစားလျှက်…..
ဖိုးသူတော် (www.phothutaw.com)
Credit:Min Kyaw Win
Home
»
က်န္းမာေရး
»
ဗဟုသုတ
»
အေထြေထြ
» အခုကစၿပီး ကၽြန္ေနာ္တို႔ ျမန္မာေတြ အရိုးျပဳတ္ရည္ ေသာက္ၾကဖို႔ အခ်ိန္တန္ၿပီ…
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။