ရန်ကင်း ဆီဒိုးနားဟိုတယ်အနီး Star Villa (Sunian Park) ကွန်ဒိုအရောင်းပြပွဲ
×
၁၉၈၅ ကတည်းက ရိုက်ကူးခဲ့တဲ့ သင်္ကြန်မိုးဇတ်ကားဆိုတာ မြန်မာ့ရုပ်ရှင် လောကမှာ ဂန္တ၀င်ကားဆိုတဲ့ဘွဲ့နဲ့ အကောင်းဆုံးရပ် တည်ခဲ့တာ ယနေ့တိုင် ပါ။
ထီးမူနန်းမူ မြန်မာ့ယဉ်ကျေးမှုနဲ့ ခေတ်အဆက်ဆက် နေထိုင်လာကြတဲ့ မန္တလေးသားတို့အတွက် မြန်မာနိုင်ငံ ရဲ့သင်္ကြန် ဆိုရင် မန္တလေးကသာ ထိပ်ဆုံးနေရာက ရပ်တည်နေတာကို မန္တလေးသားဒါရိုက်တာဦးတင်ဦး ၊ ထုတ်လုပ်သူ ဦးဇော်မြင့်တို့က ချ ပြလိုက် တဲ့အတွက် ပီပြင်ပြီး အောင်မြင်တဲ့ဇတ်ကား တစ်ကားဖြစ်ခဲ့ ပါတယ်။
ဥပမာ အဲဒီခေတ်က အနုပညာသမားကိုငြိမ်းမောင်ရဲ့ အိမ်၊ ရွှေခြေချင်းတွေ ၀တ်တတ် တဲ့ မန္တလေးသူတို့ရဲ့ ယဉ်ကျေးမှု၊ စကားပြောရင် ကျွန်တော်၊ကျွန်တော်လို့သာ ပြောတတ်တဲ့ မန္တလေးသူတို့ရဲ့ အသုံး၊ ( အဲ့ဒီ အသုံးနှုန်း အတွက် ဆင်ဆာက ခွင့်မပြုဘဲ ပြန်ပြင်ပေးဖို့ တောင်းဆိုခဲ့တာ ဦးဇော်မြင့် က မန္တလေးသူတွေရဲ့ မူလအသုံးဖြစ်လို့ ပြင်ရင်ရသပျက်မယ်၊ မပြင်နိုင်ငြင်းလို့ ဆင်ဆာမအောင်၊ လူကြီးပြောင်းတော့မှ ဆင်ဆာအောင်သွားတဲ့ ဇတ်ကားရဲ့ အမှတ်တရ) စက်ဘီးစီးကြတဲ့မြို့၊ ကုသိုလ်တော် အတုမရှိကျောင်း ၊ ဈေးချို၊ မန္တလေးကျုံး ၊ မန္တလေးသင်္ကြန်နဲ့မြို့မ တွေကို သေချာချပြသွားတဲ့အပြင် အဲဒီဇတ်ကားထဲက ပါတဲ့ဇတ်ဝင် တေးတွေဟာ သင်္ကြန်ရောက်ပြီဆိုတာနဲ့ အဆိုတော် တွေသာ ပြောင်းသွားမယ် သီချင်းတွေကတော့ ပြောင်းမသွားတာ ဒီနေ့ထိပါ ပဲ။
စန္ဒာမုနိဘုရား
မြို့မရုံးခန်းရှေ့
#Unicode Version#
၁၉၈၅ ကတည်းက ရိုက်ကူးခဲ့တဲ့ သြင်္ကန်မိုးဇတ်ကားဆိုတာ မြန်မာ့ရုပ်ရှင် လောကမှာ ဂန္တဝင်ကားဆိုတဲ့ဘွဲ့နဲ့ အကောင်းဆုံးရပ် တည်ခဲ့တာ ယနေ့တိုင် ပါ။
ကိုငြိမ်းမောင်အိမ် ပျဉ်ဝင်းတံခါးလေး … သံဇကာကွက်ဖြင့် ပြန်အုပ်ထားသည်
ဒီဇတ်ကားထဲမှာပါတဲ့ ကိုငြိမ်းမောင်အိမ် လေးကို ကျွန်တော်ဒီနေ့ အလည် တစ်ခေါက်ရောက်ခဲ့ရင်း သြင်္ကန်မိုး ရုပ်ရှင်အကြောင်း ရှေးဟောင် နှောင်းဖြစ် ဦးကိုကြီးနဲ့ စကားလက်ဆုံ ကျခဲ့ပါတယ်။ အိမ်ရဲ့တည်နေရာဟာ (၁၁) လမ်း (၇၉) လမ်းထောင့် ၊ သူရဲဈေးဘူတာ ရဲ့အရှေ့ဖက် လမ်းဆုံနေရာ လေးမှာ ရှိနေပါတယ်။
ကိုငြိမ်းမောင် စားပွဲနှင့် ခုံတန်းရှည် ထားခဲ့သော ပြတင်းပေါက်နှင့် ထရံကာ အိမ်ခန်း
အိမ်လေးဟာ နဂိုက ပျဉ်၊ ထရံတွေနဲ့ဆောက်ထားပြီး ယခင်က တစ်ထပ်တည်းဖြစ်ပေမဲ့ ၁၉၉၀ ကျော်လောက်မှာ (၂) ထပ်မြင့်ပြီး ဆောက် ထားတာ တွေ့ရတယ်။အိမ်ရှေ့က ပိတောက် ပင်ဟာ နှစ်ပေါင်း ၃၅ နှစ်လောက် ဖြတ်သန်းခဲ့ရပြီဆိုတော့ အခုဆိုရင်သစ်ပင်ကြီးတစ်ပင် ကောင်းကောင်း ဖြစ်နေ ပါပြီ။
မူလအောက်ထပ်ကို အပေါ်ထပ်တက်ထားသော အိမ်နှင့်မျက်နှာစာ
အိမ်ဝင်းတံခါးလေးကတော့ ကိုငြိမ်းမောင် အရက်ထွက်ဝယ်တုန်းက တံခါး လေးအဖြစ် အခုထိရှိနေသေးတယ်။ အဲဒီရုပ်ရှင်ကားက ဘာလို့လူကြိုက်များရသလဲဆိုတော့ မန္တလေးပုံရိပ်၊ မန္တလေးသူ မန္တလေးသားတို့ရဲ့ ယဉ်ကျေးမှုတွေကို ညွှန်းပြီး ၊ အချစ်ဇတ်လမ်းကို ဒုတိယနေရာထားရိုက်ကူးလို့ပဲဖြစ် ပါတယ်။
မန္တလေးတောင်ခြေ ခြင်္သေ့ကြီး ၂ ကောင်
ထီးမူနန်းမူ မြန်မာ့ယဉ်ကျေးမှုနဲ့ ခေတ်အဆက်ဆက် နေထိုင်လာကြတဲ့ မန္တလေးသားတို့အတွက် မြန်မာနိုင်ငံ ရဲ့သြင်္ကန် ဆိုရင် မန္တလေးကသာ ထိပ်ဆုံးနေရာက ရပ်တည်နေတာကို မန္တလေးသားဒါရိုက်တာဦးတင်ဦး ၊ ထုတ်လုပ်သူ ဦးဇော်မြင့်တို့က ချ ပြလိုက် တဲ့အတွက် ပီပြင်ပြီး အောင်မြင်တဲ့ဇတ်ကား တစ်ကားဖြစ်ခဲ့ ပါတယ်။
ဇတ်ဝင်ခန်းထဲက ကုသိုလ်တော်
ဥပမာ အဲဒီခေတ်က အနုပညာသမားကိုငြိမ်းမောင်ရဲ့ အိမ်၊ ရွှေခြေချင်းတွေ ဝတ်တတ် တဲ့ မန္တလေးသူတို့ရဲ့ ယဉ်ကျေးမှု၊ စကားပြောရင် ကျွန်တော်၊ကျွန်တော်လို့သာ ပြောတတ်တဲ့ မန္တလေးသူတို့ရဲ့ အသုံး၊ ( အဲ့ဒီ အသုံးနှုန်း အတွက် ဆင်ဆာက ခွင့်မပြုဘဲ ပြန်ပြင်ပေးဖို့ တောင်းဆိုခဲ့တာ ဦးဇော်မြင့် က မန္တလေးသူတွေရဲ့ မူလအသုံးဖြစ်လို့ ပြင်ရင်ရသပျက်မယ်၊ မပြင်နိူင်ငြင်းလို့ ဆင်ဆာမအောင်၊ လူကြီးပြောင်းတော့မှ ဆင်ဆာအောင်သွားတဲ့ ဇတ်ကားရဲ့ အမှတ်တရ) စက်ဘီးစီးကြတဲ့မြို့၊ ကုသိုလ်တော် အတုမရှိကျောင်း ၊ ဈေးချို၊ မန္တလေးကျုံး ၊ မန္တလေးသြင်္ကန်နဲ့မြို့မ တွေကို သေချာချပြသွားတဲ့အပြင် အဲဒီဇတ်ကားထဲက ပါတဲ့ဇတ်ဝင် တေးတွေဟာ သြင်္ကန်ရောက်ပြီဆိုတာနဲ့ အဆိုတော် တွေသာ ပြောင်းသွားမယ် သီချင်းတွေကတော့ ပြောင်းမသွားတာ ဒီနေ့ထိပါ ပဲ။
စန္ဒာမုနိဘုရား
မြင်းလှည်းဆရာများ မမထားကို ပို့ထားခဲ့သည့် အတုမရှိကျောင်းတော်
သက်ထွေးတို့၏ မြို့မတီးဝိုင်း
မြို့မရုံးခန်းရှေ့
ဖိုးသူတော်(www.phothutaw.com)
Credit:သုခုမအလင်းတန်းများ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top