ေမာ္ဒယလ္စူး႐ွထက္(ေခၚ)ဇာျခည္ေဌးအား အဓၶိမျပဳက်င့္ၿပီး ႏွိပ္စက္ခဲ့သည့္အတြက္ေၾကာင့္ ပုဒ္မသုံးခုျဖင့္ တရားဆြဲဆုိခံထားရတဲ့ အစၥဏီဟာ ခ်ဳပ္ေႏွာင္ထားတာဟာ မၾကာခင္အခ်ိန္မွာ ၁ ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ အဆုိေတာ္ အစၥဏီ(ေခၚ)ဟန္ထြန္းေဇာ္ ဒီအမႈကုိ ျမန္ျမန္နဲ႔ အမွန္ကန္ဆုံး ျဖစ္ခ်င္ေနၿပီး အရမ္းစိတ္ညစ္ေနရပါတယ္လုိ႔ ႐ုံးခ်ိန္းမွာ မီဒီယာေတြနဲ႔ ေတြ႔ဆုံခုိက္မွာ ေျပာသြားခဲ့ပါတယ္။

အမွုကိစၥ ၾကန္႔ၾကာေနရတာနဲ႔ပတ္သက္ျပီး အစၥဏီရဲ႕ ေ႐ွ႕ေနျဖစ္သူ ဦးေက်ာ္ဇင္ဦးက “တရားဥပေဒက ၾကာတယ္လုိ႔ ေျပာတယိေပါ့ေနာ္။ ၾကာတယ္လုိ႔ေျပာရင္ ၾကာေအာင္လုပ္တာ ဘယ္သူလဲလုိ႔ပဲ အစ္ကုိက ေမးခ်င္တယ္။ တရား႐ုံးက ၾကာေအာင္ မလုပ္ဘူး။



ဥပေဒနဲ႔ အညီပဲ ျမန္ျမန္ မွန္မွန္ကန္ကန္ေဆာင္ရြက္ေပးေနတာပဲ အစ္ကုိတုိ႔ စြတ္ဆြဲခံရတဲ့သူကလည္း ဥပေဒနဲ႔အညီ မွန္မွန္ကန္ကန္ ထုတ္ေဖာ္ေနတာပဲ ၾကာေအာင္ဘယ္သူလုပ္လဲ ဒါက အမ်ားျမင္သာပါတယ္။ ဒါပဲ အစ္ကုိအေနနဲ႔ မွတ္ခ်က္ေပးပါတယ္ အစ္ကုိတုိ႔ တရား႐ုံးဘက္ပုိင္းကေတာ့ မွားယြင္းမႈမ႐ွိဘူး ၾကာေအာင္ လုပ္ထားတာ မ႐ွိပါဘူး။

မူလ႐ုံးကုိ မႈတြဲျပန္ေရာက္ရင္ မူလ တာေမြျမဳိ႕နယ္တရား႐ုံးက အျမန္ဆုံးနဲ႔ အမွန္ကန္ဆုံး ေဆာင္ရြက္ေပးမယ္လုိ႔ အစ္ကုိတုိ႔ယုံၾကည္တယ္ အစ္ကုိတုိ႔ အမွန္တရားေတြကုိ ယုံယုံၾကည္ၾကည္နဲ႔ ဆက္လက္ေဆာင္ရြက္သြားမွာပါ။ အဲ့အတြက္ကုိ မၾကာေအာင္လုိ႔ ဝုိင္းဝန္းၿပီးေတာ့ ဘယ္သူေတြက ေဆာင္ရြက္ေပးဖုိ႔ တာဝန္႐ွိလည္း ဘယ္သူေတြကေရာ လုပ္ၾကမွာလဲ ဆုိတဲ့ အေျဖပဲ ႐ွိမွာေပါ့ေနာ္။



စိတ္ဓာတ္ဆုိတာေတာ့ သူ႔အေနနဲ႔ အႏုပညာ႐ွင္လည္း ျဖစ္တယ္ စိတ္ခံစားလည္း လြယ္တယ္။ ဒီအေပၚမွာ မူတည္ၿပီး ္မတရားလည္း ခ်ဳပ္ေႏွာင္ခံထားရတာလည္း ျဖစ္တယ္။ အမႈၾကန္႔ၾကာေနတာကုိ နည္းနည္းေလး စိတ္ေလး စိတ္ဓာတ္က်တယ္လုိ႔မဟုတ္ဘဲ စိတ္ေလး နည္းနည္း ပ်က္ခ်င္လာတာေပါ့။ အမႈအမွန္တရားကေတာ့ အျမန္ဆုံး ေပၚထြက္လာေတာ့မွာပါ။”လုိ႔ ႐ုံးခ်ိန္းမွာ ေျပာသြားခဲ့ပါတယ္။

အဆုိေတာ္ အစၥဏီကလည္း ႐ုံးခ်ိန္းမွာ မီဒီယာေတြနဲ႔ ေတြ႔တဲ့ အခါမွာေတာ့ “အမႈၾကန္႔ၾကာေနတာက တရားလုိဘက္က Complain ေတြအရမ္းတက္ေနလုိ႔ အဲ့ဒါေၾကာင့္ ၾကန္႔ၾကာေနတာပါ။ ကြၽန္ေတာ္လည္း အရမ္းစိတ္ညစ္ေနပါၿပီ။ ဥပေဒ လမ္းေၾကာင္းအရေလ မွန္မွန္ကန္ကန္ျမန္ျမန္ဆန္ဆန္ပဲ သြားခ်င္ေနပါၿပီ။

 ကြၽန္ေတာ့္အေနနဲ႔ တရားလုိဘက္ကုိ ဘာမွ ေျပာစရာစကားလုံးကုိမ႐ွိေတာ့ပါဘူး။”လုိ႔ေျပာခဲ့ၿပီး ပရိသတ္ေတြအတြက္ အမွတ္တရ စကားအျဖစ္ “သၾကၤန္မွာ ပရိသတ္ႀကီး ေပ်ာ္ၾကပါလုိ႔ ပရိသတ္ႀကီး ေပ်ာ္ရင္ ကြၽန္ေတာ္လည္း ေပ်ာ္ေနမွာပါလုိ႔။”လုိ႔ ေျပာသြားခဲ့ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


မော်ဒယလ်စူးရှထက်(ခေါ်)ဇာခြည်ဌေးအား အဓ္ဓိမပြုကျင့်ပြီး နှိပ်စက်ခဲ့သည့်အတွက်ကြောင့် ပုဒ်မသုံးခုဖြင့် တရားဆွဲဆိုခံထားရတဲ့ အစ္စဏီဟာ ချုပ်နှောင်ထားတာဟာ မကြာခင်အချိန်မှာ ၁ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ အဆိုတော် အစ္စဏီ(ခေါ်)ဟန်ထွန်းဇော် ဒီအမှုကို မြန်မြန်နဲ့ အမှန်ကန်ဆုံး ဖြစ်ချင်နေပြီး အရမ်းစိတ်ညစ်နေရပါတယ်လို့ ရုံးချိန်းမှာ မီဒီယာတွေနဲ့ တွေ့ဆုံခိုက်မှာ ပြောသွားခဲ့ပါတယ်။

အမှုကိစ္စ ကြန့်ကြာနေရတာနဲ့ပတ်သက်ပြီး အစ္စဏီရဲ့ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက “တရားဥပဒေက ကြာတယ်လို့ ပြောတယိပေါ့နော်။ ကြာတယ်လို့ပြောရင် ကြာအောင်လုပ်တာ ဘယ်သူလဲလို့ပဲ အစ်ကိုက မေးချင်တယ်။ တရားရုံးက ကြာအောင် မလုပ်ဘူး။

ဥပဒေနဲ့ အညီပဲ မြန်မြန် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနေတာပဲ အစ်ကိုတို့ စွတ်ဆွဲခံရတဲ့သူကလည်း ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ထုတ်ဖော်နေတာပဲ ကြာအောင်ဘယ်သူလုပ်လဲ ဒါက အများမြင်သာပါတယ်။ ဒါပဲ အစ်ကိုအနေနဲ့ မှတ်ချက်ပေးပါတယ် အစ်ကိုတို့ တရားရုံးဘက်ပိုင်းကတော့ မှားယွင်းမှုမရှိဘူး ကြာအောင် လုပ်ထားတာ မရှိပါဘူး။

မူလရုံးကို မှုတွဲပြန်ရောက်ရင် မူလ တာမွေမြို့နယ်တရားရုံးက အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး ဆောင်ရွက်ပေးမယ်လို့ အစ်ကိုတို့ယုံကြည်တယ် အစ်ကိုတို့ အမှန်တရားတွေကို ယုံယုံကြည်ကြည်နဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ အဲ့အတွက်ကို မကြာအောင်လို့ ဝိုင်းဝန်းပြီးတော့ ဘယ်သူတွေက ဆောင်ရွက်ပေးဖို့ တာဝန်ရှိလည်း ဘယ်သူတွေကရော လုပ်ကြမှာလဲ ဆိုတဲ့ အဖြေပဲ ရှိမှာပေါ့နော်။

စိတ်ဓာတ်ဆိုတာတော့ သူ့အနေနဲ့ အနုပညာရှင်လည်း ဖြစ်တယ် စိတ်ခံစားလည်း လွယ်တယ်။ ဒီအပေါ်မှာ မူတည်ပြီး ်မတရားလည်း ချုပ်နှောင်ခံထားရတာလည်း ဖြစ်တယ်။ အမှုကြန့်ကြာနေတာကို နည်းနည်းလေး စိတ်လေး စိတ်ဓာတ်ကျတယ်လို့မဟုတ်ဘဲ စိတ်လေး နည်းနည်း ပျက်ချင်လာတာပေါ့။ အမှုအမှန်တရားကတော့ အမြန်ဆုံး ပေါ်ထွက်လာတော့မှာပါ။”လို့ ရုံးချိန်းမှာ ပြောသွားခဲ့ပါတယ်။

အဆိုတော် အစ္စဏီကလည်း ရုံးချိန်းမှာ မီဒီယာတွေနဲ့ တွေ့တဲ့ အခါမှာတော့ “အမှုကြန့်ကြာနေတာက တရားလိုဘက်က Complain တွေအရမ်းတက်နေလို့ အဲ့ဒါကြောင့် ကြန့်ကြာနေတာပါ။ ကျွန်တော်လည်း အရမ်းစိတ်ညစ်နေပါပြီ။ ဥပဒေ လမ်းကြောင်းအရလေ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်ပဲ သွားချင်နေပါပြီ။

 ကျွန်တော့်အနေနဲ့ တရားလိုဘက်ကို ဘာမှ ပြောစရာစကားလုံးကိုမရှိတော့ပါဘူး။”လို့ပြောခဲ့ပြီး ပရိသတ်တွေအတွက် အမှတ်တရ စကားအဖြစ် “သြင်္ကန်မှာ ပရိသတ်ကြီး ပျော်ကြပါလို့ ပရိသတ်ကြီး ပျော်ရင် ကျွန်တော်လည်း ပျော်နေမှာပါလို့။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top