နာဂစ္မုန္တိုင္းထက္ ပိုမိုျပင္းထန္သည္႔ ဖန္နီမုန္တိုင္းသည္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းသို႔ ဝင္ေရာက္ႏိုင္ တယ္လို႔ မိုး/ ဇလ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မိုးဦးက Opinion Leaders Media ရဲ႕ ေမးျမန္းမႈကို ေျဖၾကားခဲ့ပါတယ္။
“ လက္ရွိ သခ်ာၤေမာ္ဒယ္အေျချပဳ စက္ေတြရဲ႕တြက္ထုတ္မႈအရ ရခုိင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ဝင္ဖို႔မ်ားတယ္။ ကမ္းကို အေစာဆံုး ၅ ရက္ေန႔ ၊ေနာက္က်ရင္ ၆ ရက္ေန႔ ေလာက္ဝင္မယ္။ အျပင္းဆံုးက တစ္နာရီ မိုင္ ၁၅၀ နည္းနည္း ေက်ာ္ႏိုင္တယ္။ပံုမွန္ဆိုရင္ေတာ့ ၁၁၀၊ ၁၂၀ ေလာက္ျဖစ္ႏိုင္တယ္။ နာဂစ္ တုန္းက တစ္နာရီ မိုင္၁၂၀ ႏွဳန္းေလာက္တိုက္တယ္။

နာဂစ္နဲ႔ ဂီရိ နဲ႔ ဆိုရင္ ၂၀၁၀ မွာ ျဖစ္တဲ့ ဂီရိ က ပိုျပင္းတယ္။ဒါေပမယ့္ ကမ္းဝင္တဲ့ ေနရာကြာသြားတာေပါ့။ရခုိင္ဘက္ကို ဝင္ရင္ ရုတ္တရက္ ေရၾကီး တာေတြ ျဖစ္ႏိုင္တယ္။ေတာင္က်ေခ်ာင္းေတြကေနၿပီးေတာ့ လွ်ပ္တျပက္ ေရၾကီးမႈ ျဖစ္စဥ္မ်ိဳးေတြ ေျမျပိဳႏိုင္တဲ့ ေတာင္ ေပၚေဒသျဖစ္စဥ္မ်ိဳးေတြ ဒါမ်ိဳးေတြ ျဖစ္ႏုိ္င္တယ္” လို႔ေျပာၾကားခဲ့ပါတယ္။

အင္အားျပင္းထန္သည္႔ ဖန္နီ မုန္တိုင္းသည္ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းသို႔ ဝင္ေရာက္ႏုိင္သည္႔အတြက္ ၾကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားရန္လိုအပ္ၿပီး အဆိုပါ ေဒသသို႔ မုန္တိုင္းဝင္ေရာက္ ခဲ့ပါက ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးမ်ား ဘက္သို႔ ကုန္းတြင္းမုန္တိုင္းအျဖစ္ ဆက္လက္ဝင္ေရာက္သြားႏိုင္တယ္လို႔ ဆိုပါတယ္။

“ အဓိက ကေတာ့ ရခုိင္ေျမာက္ပိုင္း ေတြျပင္ဆင္ထားဖုိ႔ လိုမယ္။ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း ေဒသႀကီးဘက္ ေတြကိုလည္း ကုန္းတြင္းမုန္တိုင္းအေနနဲ႔ ဝင္ေရာက္ႏိုင္တယ္ ” လို႔ေျပာၾကားခဲ့ပါတယ္။
ဖန္နီမုန္တိုင္းသည္ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းႏွင့္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္သို႔ ဦးတည္ေနေသာ္လည္း လမ္းေၾကာင္းမ်ား ေျပာင္းလဲႏိုင္ေသးတယ္လို႔ ဆိုပါတယ္။

ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ ဆက္စပ္လ်က္ရွိေသာ အီေကြတာအနီး အိႏၵိယသမုဒၵ ရာတို႔ တြင္ ျဖစ္ေပၚေနေသာ ဖန္နီ(FANI)
ဆိုင္ကလုန္းမုန္တိုင္းသည္ တစ္နာရီလွ်င္ မိုင္ ၅၀ ႏွဳန္းျဖင့္ ေျမာက္-အေနာက္-ေျမာက္ ဘက္သို႔ ဦးတည္ေရႊ႕လွ်ားေနၿပီး ေနာက္ ၁၂ နာရီအတြင္း အားေကာင္းေသာ ဆိုင္ကလုန္းမုန္တုိင္း၊ေနာက္ ၃၆ နာရီအတြင္း အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း အျဖစ္သို႔ေရာက္ရွိႏုိင္ေၾကာင္း၊ ေနာက္ ၇၂ နာရီ အတြင္း အေရွ႕ေျမာက္ဘက္သို႔ ေကြ႔ကာေရႊ႕လွ်ားနိုင္တယ္လို႔ မိုး/ဇလ မွ ယေန႔ ဧၿပီလ ၂၈ ရက္ မြန္းတည္႔ ၁၂ နာရီ အခ်ိန္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မင္းထြန္း(အုတ္က်င္း)

#Unicode Version# ျဖင့္ဖတ္ပါ ။

နာဂစ်မုန်တိုင်းထက် ပိုမိုပြင်းထန်သည့် ဖန်နီမုန်တိုင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်နိုင် တယ်လို့ မိုး/ ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Opinion Leaders Media ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
“ လက်ရှိ သချာၤမော်ဒယ်အခြေပြု စက်တွေရဲ့တွက်ထုတ်မှုအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဝင်ဖို့များတယ်။ ကမ်းကို အစောဆုံး ၅ ရက်နေ့ ၊နောက်ကျရင် ၆ ရက်နေ့ လောက်ဝင်မယ်။ အပြင်းဆုံးက တစ်နာရီ မိုင် ၁၅၀ နည်းနည်း ကျော်နိုင်တယ်။ပုံမှန်ဆိုရင်တော့ ၁၁၀၊ ၁၂၀ လောက်ဖြစ်နိုင်တယ်။ နာဂစ် တုန်းက တစ်နာရီ မိုင်၁၂၀ နှုန်းလောက်တိုက်တယ်။

နာဂစ်နဲ့ ဂီရိ နဲ့ ဆိုရင် ၂၀၁၀ မှာ ဖြစ်တဲ့ ဂီရိ က ပိုပြင်းတယ်။ဒါပေမယ့် ကမ်းဝင်တဲ့ နေရာကွာသွားတာပေါ့။ရခိုင်ဘက်ကို ဝင်ရင် ရုတ်တရက် ရေကြီး တာတွေ ဖြစ်နိုင်တယ်။တောင်ကျချောင်းတွေကနေပြီးတော့ လျှပ်တပြက် ရေကြီးမှု ဖြစ်စဉ်မျိုးတွေ မြေပြိုနိုင်တဲ့ တောင် ပေါ်ဒေသဖြစ်စဉ်မျိုးတွေ ဒါမျိုးတွေ ဖြစ်နိုင်တယ်” လို့ပြောကြားခဲ့ပါတယ်။

အင်အားပြင်းထန်သည့် ဖန်နီ မုန်တိုင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ပြီး အဆိုပါ ဒေသသို့ မုန်တိုင်းဝင်ရောက် ခဲ့ပါက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးများ ဘက်သို့ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်ဝင်ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

“ အဓိက ကတော့ ရခိုင်မြောက်ပိုင်း တွေပြင်ဆင်ထားဖို့ လိုမယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးဘက် တွေကိုလည်း ကုန်းတွင်းမုန်တိုင်းအနေနဲ့ ဝင်ရောက်နိုင်တယ် ” လို့ပြောကြားခဲ့ပါတယ်။
ဖန်နီမုန်တိုင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဦးတည်နေသော်လည်း လမ်းကြောင်းများ ပြောင်းလဲနိုင်သေးတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒ ရာတို့ တွင် ဖြစ်ပေါ်နေသော ဖန်နီ(FANI)
ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် မိုင် ၅၀ နှုန်းဖြင့် မြောက်-အနောက်-မြောက် ဘက်သို့ ဦးတည်ရွှေ့လျှားနေပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၊နောက် ၃၆ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိနိုင်ကြောင်း၊ နောက် ၇၂ နာရီ အတွင်း အရှေ့မြောက်ဘက်သို့ ကွေ့ကာရွှေ့လျှားနိုင်တယ်လို့ မိုး/ဇလ မှ ယနေ့ ဧပြီလ ၂၈ ရက် မွန်းတည့် ၁၂ နာရီ အချိန်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။…..

ဖိုးသူတော် (www.phothutaw.com)
Credit:မင်းထွန်း(အုတ်ကျင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top