



#Unicode Version# ဖြင့်ဖတ်ပါ ။

ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်လာပြီး ပရိတ်သတ်တွေရဲရင်ထဲကို နေရာယူခဲ့တဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ဝင့်ယမုံနိုင်က Mrtv4 ကထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး သူမရဲ့ ချစ်စရာကောင်းပြီး အေးချမ်းကြည်လင်တဲ့ အလှအပတွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

Mrtv 4 ကထုတ်လွှင့်တဲ့ ဇာတ်ကားတွေမှာ ပါဝင်လာတဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ သေးသေးသွယ်သွယ် ဆံနွယ်ရှည်ရှည်လေးနဲ့ ရိုးရှင်းတဲ့ အလှပိုင်ရှင်လေးပါနော်။သံသာမိုးသိမ့်ကလည်း အနုပညာပါရမီပါသူဖြစ်လို့ သူမရဲ့ အိုင်တင်တွေထဲမှာ ပရိတ်သတ်တွေကို စီးမျောနစ်ဝင်အောင် ဆွဲဆောင်နိုင်ပါတယ်။သံသာမိုးသိမ့်ရဲ့ နောက်ထပ်အနုပညာခြေလှမ်းအသစ်တွေကိုလည်း ပရိတ်သတ်ကြီး တွေ့မြင်ရဦးမှာပါ။

အခုဆိုရင်တော့ ဝင့်ယမုံနိုင်နဲ့သံသာမိုးသိမ့်တို့ သူငယ်ချင်းနှစ်ယောက်က ကျွန်မကမဟေသီဇာတ်ကားကြီးကို ပါဝင်သရုပ်ဆောင်နေကြပါတယ်။သူငယ်ချင်းနှစ်ယောက်ရဲ့ အိုင်တင်တွေက ကောင်းလွန်းလို့ ပရိတ်သတ်တွေရဲ့ ကြည့်ရှုမှုအများဆုံးကို ရရှိထားတဲ့ ဇာတ်ကားလေးပါ။ချစ်စရာကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:Wint Yamone Naing
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top