ျပည္သူ႕ အသက္အိုးအိ္မ္ စည္းစိမ္အား ကာကြယ္ေစာင့္ေရွက္ေပးေသာ ေပါင္းတလည္စခန္းမွဴး ရဲအုပ္ေက်ာ္ေထြးအား ဝန္းရံႀကအခ်ိန္ကား ၂၀၁၉၊ သႀကၤန္အတက္ေန႕ ေန႔လည္္
ေနရာကား ျပည္ခရိုင္ ျပည္ျမိဳ႕နယ္ ေပါင္းတလည္ နယ္ေျမရဲစခန္း…

ရဲစခန္းမွဴး ရဲအုပ္ေက်ာ္ေထြး တစ္ေယာက္ ဒီႏွစ္ မိမိစခန္းပိုင္အတြင္း သႀကၤန္ကာလ မူးရစ္ရမ္းကား နာက်င္ မွဳ အမွဳႀကီးမ်ားမျဖစ္ေစေရးအတြက္

မိမိစခန္းမွ ထုတ္ႏွဳတ္အင္အား …

နယ္ေျမ အုပ္ခ်ဳပ္ေရးမွအရံအင္အားမ်ား ႏွင့္ပူးေပါင္းလ်က္္ မဏၭပ္ လံုၿခံဳေရးနယ္ေျမလံုၿခံဳေရး လွည့္ကင္းမ်ားျဖင့္ အားသြန္ခြန္စိုက္ ေဆာင္ရြက္ခဲ႔ရာ…

အႀကိဳ အက် အၾကပ္ မိမိစခန္းနယ္ေျမတြင္း ဘာျပသနာ မွ ႀကီးႀကီးမားမားမရွိ …

အခုဆို အတက္ေန႕ ေန႕လည္ေတာင္ေရာက္လာျပီ … ညေန ေနကုန္လို႕မွ ဘာသတင္းမွ မၾကားရလ်င္ သက္ျပင္းခ်လို႕ရၿပီ …အတက္ေန႕နံနက္ပိုင္း လံုၿခံဳေရးအဖြဲ႕မ်ား လိုက္လံ ႀကီးၾကပ္ခဲ႔ျပီး ရဲစခန္းတြင္ ေန႔လည္စာစားျပီး ခ်န္…



ဖုန္းမည္သံ ၾကား၍ ၾကည့္လိုက္ရာ ရြာမအုပ္စု အုပ္ခ်ဳပ္ေရးမွဴးဖုန္း…

တစ္ဖက္မွ “ဗိုလ္ႀကီးေရ က်ြန္းေတာရြာ ဖိုးသဲဆိုတဲ႕ေကာင္ အိမ္မီးရွိဳ႕ ကိုယ့္မိန္းမကိုယ္ဓါးနဲ႔ခုတ္လို႕တဲ႔ ေသျပီလားေတာင္မသိဘူးဗ်ာ ´´

ရဲအုပ္ေက်ာ္ေထြးတစ္ေယာက္ သူ႕အေတြ႕အႀကံဳ ကိုအေျခခံံအေတြးအႀကံ အလ်င္အျမန္ ထုတ္ရၿပီ …

တရားခံသြားေရာက္ထိန္းသိမ္းဖို႕ ရာ ရဲစခန္းမွဴးတစ္ဦးအေနျဖင့္ လက္ေအာက္ အရာရွိ/ အၾကပ္ဦးစီးေစၿပီး လံုေလာက္ေသာအင္အားျဖင့္ လႊတ္လိုက္လ်င္ျဖစ္သည္ … သို႕ေသာ္ …

ထုိသို႕ေသာ္သည္အေရးႀကီးပါ၏ … မူူရူးျပီးကိုယ့္အိမ္ကိုယ္မီးရွိဳ႕ ကိုယ္မိန္းမကို ဓါးႏွင့္ခုတ္သူ၏ ဇကမေသး… ရဲသြားဖမ္းလို႕ အသာတၾကည္အဖမ္းခံမည့္ပံုမဟုတ္ …

အသာတၾကည္အဖမ္းမခံ ခဲ႔လ်င္ …

ျပည္သူ႕အသက္အိုးအိမ္… မိမိတပ္ဖြဲ႕ဝင္မ်ားလံံုျခံဳမွဳ…

မိမိလက္ေအာက္အဖြဲ႕မ်ားကို စိတ္မခ်ႏိုင္မိမိကိုယ္တိုင္ ဦးစီးသြားဖို႕ဆံုးျဖတ္လိုက္သည္ … ေျခာက္လံုျပဴး က်ည္အျပည့္ျဖည့္သည္ ္…

တပ္ဖြဲ႕ဝင္ (၅ )ဦး ေျပာင္းေခ်ာ (၁) လက္ ထုတ္လိုက္သည္ …“အသာတၾကည္အဖမ္းမခံလို႕ ခုခံလို႕ပစ္ရမယ္ဆို ငါအရင္ပစ္မယ္ … ငါ့အမိန္႔မရ လံုးဝမ မပစ္နဲ႕´´ လို႕ေသနတ္သမားကိုမွာသည္…

အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕ကို ရြာထိပ္လမ္းဆံုကေစာင့္ရန္လွမ္းေျပာရသည္ …

ေတြ႕ပါပီ ဖိုးသဲ… သူ႕အိမ္ေရွ႕မွာ အကၤ ီ် ကိုယ္ေျပာင္… မ်က္ႏွာအရက္ဆီတက္လ်က္…

ပုဆိုးတိုတို လက္ထဲမွာ ဝင္းလက္ေနသည့္ ကိုင္းခုတ္ဓါးရွည္ … သူ႕ေဘးမွာ ေသြးသံရဲရဲျဖင့္ ပံုလ်က္လဲက်ေနသည့္ သူ႕ဇနီး…

အိမ္ေခါင္မိုး မီးခိုးေငြ႕မ်ား… မီးကိုေတာ့ ဝိုင္းဝန္းျငိမ္းသတ္ထားဟန္တူသည္္…

လူနာကိုေတာ့ လက္ထဲက ဓါးေၾကာင့္ ဘယ္သူမွမကပ္ရဲ …

“ ေဟ့ေရာင္ ဖိုးသဲ ငါစခန္းမွဴးပါ… မင္းလက္ထဲက ဓါးကိုခ်လိုက္ … မင္းဒီလို ဥပေဒမဲ႔လုပ္လို႕မရဘူး … ရဲစခန္းကို ေအးေဆးေဆးလိုက္ရွင္းပါ ´´

ဖိုးသဲ ၏ တုန္႔ျပန္မွဳကလည္း သြက္သည္ … “ဘာစခန္းမွဴးလဲ … စခန္းမွဴးလဲ ဒါပဲရမယ္´´ လက္ထဲကိုင္းခုတ္ဓါးျဖင့္ ရဲအုပ္ေက်ာ္ေထြးထံ တည့္တည့္ေျပးဝင္လာသည္ …ရဲအုပ္ေက်ာ္ေထြးအတြက္ စဥ္းစားတြက္ခ်က္ခ်ိန္ စကၠန္႕ပိုင္းသာ “ဒိုင္း ဒိုင္း ဒိုင္း ´´ ဆက္တိုက္(၃ ) ခ်က္ …

ပထမတစ္ခ်က္ – ေသနတ္သံၾကားရင္ ရပ္သြားမလားလို႕ ေျခာက္လွန္႕ ဒုတိယတစ္ခ်က္ – ေသကြင္းေသကြက္မဟုတ္သည့္ ေျခေထာက္ …

တတိယတစ္ခ်က္ – သူ႔ပုခံုးေပၚ ကိုင္းခုတ္ဓါးက်မလာခင္ လက္မတင္ကေလး…ဖိုးသဲ တစ္ေယာက္ ယာဘက္ရင္ဘတ္ လက္တစ္ဖက္အုပ္လ်က္ လဲက်သြားၿပီ …စကားျပန္လဲ မရေတာ့ၿပီ…

အခုေတာ့ ျပည္သူ႕ အသက္အိုးအိမ္စည္းစိမ္ကို အသက္နဲ႕ထပ္တူ ကာကြယ္ေစာင့္ေရွာက္ခဲ႕ေသာ ရဲအုပ္ေက်ာ္ေထြးတစ္ေယာက္ေသခ်ာျပီ အထက္လူႀကီးမ်ားသည္ ရဲအုပ္ေက်ာ္ေထြးအား သနားညွာတာစြာျဖင့္စုံခုံ သက္ခ်ဳပ္ ရဲတရားရုံးလုပ္္အေရးယူဖုိ႔မ်ားပါသည္။

( ျဖစ္ရပ္မွန္ အား ဖတ္၍ အဆင္ေျပေအာင္ ရဲအုပ္ေက်ာ္ေထြးအား ဂုဏ္ျပဳ ေရးဖြဲဲ႔သည္ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်အား ကာကွယ်စောင့်ရှေက်ပေးသော ပေါင်းတလည်စခန်းမှူး ရဲအုပ်ကျော်ထွေးအား ဝန်းရံကြအချိန်ကား ၂၀၁၉၊ သြင်္ကန်အတက်နေ့ နေ့လည်
နေရာကား ပြည်ခရိုင် ပြည်မြို့နယ် ပေါင်းတလည် နယ်မြေရဲစခန်း…

ရဲစခန်းမှူး ရဲအုပ်ကျော်ထွေး တစ်ယောက် ဒီနှစ် မိမိစခန်းပိုင်အတွင်း သြင်္ကန်ကာလ မူးရစ်ရမ်းကား နာကျင် မှု အမှုကြီးများမဖြစ်စေရေးအတွက်

မိမိစခန်းမှ ထုတ်နှုတ်အင်အား …

နယ်မြေ အုပ်ချုပ်ရေးမှအရံအင်အားများ နှင့်ပူးပေါင်းလျက် မဏ္ဌပ် လုံခြုံရေးနယ်မြေလုံခြုံရေး လှည့်ကင်းများဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ရာ…

အကြို အကျ အကြပ် မိမိစခန်းနယ်မြေတွင်း ဘာပြသနာ မှ ကြီးကြီးမားမားမရှိ …

အခုဆို အတက်နေ့ နေ့လည်တောင်ရောက်လာပြီ … ညနေ နေကုန်လို့မှ ဘာသတင်းမှ မကြားရလျင် သက်ပြင်းချလို့ရပြီ …အတက်နေ့နံနက်ပိုင်း လုံခြုံရေးအဖွဲ့များ လိုက်လံ ကြီးကြပ်ခဲ့ပြီး ရဲစခန်းတွင် နေ့လည်စာစားပြီး ချန်…

ဖုန်းမည်သံ ကြား၍ ကြည့်လိုက်ရာ ရွာမအုပ်စု အုပ်ချုပ်ရေးမှူးဖုန်း…

တစ်ဖက်မှ “ဗိုလ်ကြီးရေ ကျွန်းတောရွာ ဖိုးသဲဆိုတဲ့ကောင် အိမ်မီးရှို့ ကိုယ့်မိန်းမကိုယ်ဓါးနဲ့ခုတ်လို့တဲ့ သေပြီလားတောင်မသိဘူးဗျာ ´´

ရဲအုပ်ကျော်ထွေးတစ်ယောက် သူ့အတွေ့အကြုံ ကိုအခြေခံံအတွေးအကြံ အလျင်အမြန် ထုတ်ရပြီ …

တရားခံသွားရောက်ထိန်းသိမ်းဖို့ ရာ ရဲစခန်းမှူးတစ်ဦးအနေဖြင့် လက်အောက် အရာရှိ/ အကြပ်ဦးစီးစေပြီး လုံလောက်သောအင်အားဖြင့် လွှတ်လိုက်လျင်ဖြစ်သည် … သို့သော် …

ထိုသို့သော်သည်အရေးကြီးပါ၏ … မူူရူးပြီးကိုယ့်အိမ်ကိုယ်မီးရှို့ ကိုယ်မိန်းမကို ဓါးနှင့်ခုတ်သူ၏ ဇကမသေး… ရဲသွားဖမ်းလို့ အသာတကြည်အဖမ်းခံမည့်ပုံမဟုတ် …

အသာတကြည်အဖမ်းမခံ ခဲ့လျင် …

ပြည်သူ့အသက်အိုးအိမ်… မိမိတပ်ဖွဲ့ဝင်များလံုံခြုံမှု…

မိမိလက်အောက်အဖွဲ့များကို စိတ်မချနိုင်မိမိကိုယ်တိုင် ဦးစီးသွားဖို့ဆုံးဖြတ်လိုက်သည် … ခြောက်လုံပြူး ကျည်အပြည့်ဖြည့်သည် ်…

တပ်ဖွဲ့ဝင် (၅ )ဦး ပြောင်းချော (၁) လက် ထုတ်လိုက်သည် …“အသာတကြည်အဖမ်းမခံလို့ ခုခံလို့ပစ်ရမယ်ဆို ငါအရင်ပစ်မယ် … ငါ့အမိန့်မရ လုံးဝမ မပစ်နဲ့´´ လို့သေနတ်သမားကိုမှာသည်…

အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ရွာထိပ်လမ်းဆုံကစောင့်ရန်လှမ်းပြောရသည် …

တွေ့ပါပီ ဖိုးသဲ… သူ့အိမ်ရှေ့မှာ အင်္က ျီ ကိုယ်ပြောင်… မျက်နှာအရက်ဆီတက်လျက်…

ပုဆိုးတိုတို လက်ထဲမှာ ဝင်းလက်နေသည့် ကိုင်းခုတ်ဓါးရှည် … သူ့ဘေးမှာ သွေးသံရဲရဲဖြင့် ပုံလျက်လဲကျနေသည့် သူ့ဇနီး…

အိမ်ခေါင်မိုး မီးခိုးငွေ့များ… မီးကိုတော့ ဝိုင်းဝန်းငြိမ်းသတ်ထားဟန်တူသည်…

လူနာကိုတော့ လက်ထဲက ဓါးကြောင့် ဘယ်သူမှမကပ်ရဲ …

“ ဟေ့ရောင် ဖိုးသဲ ငါစခန်းမှူးပါ… မင်းလက်ထဲက ဓါးကိုချလိုက် … မင်းဒီလို ဥပဒေမဲ့လုပ်လို့မရဘူး … ရဲစခန်းကို အေးဆေးဆေးလိုက်ရှင်းပါ ´´

ဖိုးသဲ ၏ တုန့်ပြန်မှုကလည်း သွက်သည် … “ဘာစခန်းမှူးလဲ … စခန်းမှူးလဲ ဒါပဲရမယ်´´ လက်ထဲကိုင်းခုတ်ဓါးဖြင့် ရဲအုပ်ကျော်ထွေးထံ တည့်တည့်ပြေးဝင်လာသည် …ရဲအုပ်ကျော်ထွေးအတွက် စဉ်းစားတွက်ချက်ချိန် စက္ကန့်ပိုင်းသာ “ဒိုင်း ဒိုင်း ဒိုင်း ´´ ဆက်တိုက်(၃ ) ချက် …

ပထမတစ်ချက် – သေနတ်သံကြားရင် ရပ်သွားမလားလို့ ခြောက်လှန့် ဒုတိယတစ်ချက် – သေကွင်းသေကွက်မဟုတ်သည့် ခြေထောက် …

တတိယတစ်ချက် – သူ့ပုခုံးပေါ် ကိုင်းခုတ်ဓါးကျမလာခင် လက်မတင်ကလေး…ဖိုးသဲ တစ်ယောက် ယာဘက်ရင်ဘတ် လက်တစ်ဖက်အုပ်လျက် လဲကျသွားပြီ …စကားပြန်လဲ မရတော့ပြီ…

အခုတော့ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်နဲ့ထပ်တူ ကာကွယ်စောင့်ရှောက်ခဲ့သော ရဲအုပ်ကျော်ထွေးတစ်ယောက်သေချာပြီ အထက်လူကြီးများသည် ရဲအုပ်ကျော်ထွေးအား သနားညှာတာစွာဖြင့်စုံခုံ သက်ချုပ် ရဲတရားရုံးလုပ်အရေးယူဖို့များပါသည်။

( ဖြစ်ရပ်မှန် အား ဖတ်၍ အဆင်ပြေအောင် ရဲအုပ်ကျော်ထွေးအား ဂုဏ်ပြု ရေးဖွဲ့သည် )

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top