
Credit:myanmarnews1
#Unicode Version#
ယနေ့ဧပြီလ ၂၆ ရက် ရက်စွဲ ဖြစ် သမတ္တရုံးမှထပ်မံကြေငြာ ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်
မြန်မာ နှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်ုဖင့်လည်းကောင်း ပြည်သူလူထု နှလုံးစိတ်အေးချမ်းစေရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှု အလေးထားသောအားဖြင့် လည်းကောင်း
နိုင်သား အကျဉ်းသား အကျဉ်းသူ ၆၉၄၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်
ကျန်အကျဉ်းသား/သူများထဲမှ လွှတ်သင့် လွှတ်ထိုက်သူတွေကိုလည်း စနစ်တကျ လွှတ်ပေးဦးမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်
ပြီးခဲ့သော ဧပြီ ၁၇ ရက်နေ့ကလည်း အမိန့်အမှတ်၊ ၁၃/၂၀၁၉ ဖြင့် “မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ ၉၅၃၅ ဦးအား ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၄၀၁၊
ပုဒ်မခွဲ ၁ အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်သည်။ ကျန်အကျဉ်းသား/သူများထဲမှ လွှတ်သင့်လွှတ်ထိုက် သူများကိုလည်း စနစ်တကျစိစစ်လျက်ရှိပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ပေးသွားမည် ဖြစ်ပါသည်” ဟု ထုတ်ပြန်ခဲပါသည်။
ဒ်ီနှစ်ထဲမှာ ယခုအကြိမ်နဲ့ဆို ဒုတိယအကြိမ်း လွှတ်ပေးခြင်း ဖြစ်ပါတယ်
ဖိုးသူတော်(www.phothutaw.com)
Credit:myanmarnews1