




#Unicode Version#
ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေတဲ့ သတင်းတစ်ခုဖြစ်တဲ့ သိရီလင်္ကာနိုင်ငံရဲ့ အသေခံ ဗုံးပေါက်ခွဲမှုကြောင့် လူပေါင်း(၃၀၀) နီးပါး အစုအလိုက် သေဆုံးခဲ့ရပြီး ဒဏ်ရာ ရရှိသူ (၅၀၀) ခန့်ရှိပါတယ်။

ဘာသာရေးအစွန်းရောက်တွေဖြစ်နိုင်တဲ့ အကြမ်းဖက် ဗုံးခွဲ သမားများ တွေက ခရစ်ယာန်ဘာသာဝင်များနှင့် နိုင်ငံခြားသား ဧည့်သည်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းကဖြစ်ကြောင်း သေချာမသိနိုင်သေးပဲ အကြမ်းဖက် ဗုံးခွဲ သမားများများနှင့် နိုင်ငံတကာကွန်ရက်များနှင့် ချိတ်ဆက်မှုရှိ/မရှိ စုံစမ်းရေးမှူးများအနေဖြင့် စစ်ဆေးနေဆဲဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံက Cinnamon Grand ဟိုတယ်တွင် အီစတာပွဲတော်ကာလ၊ လူအစည်ကားဆုံးအချိန်ဖြစ်တဲ့ တနင်္ဂနွေနေ့ မနက်ခင်းပိုင်း မှာ ပေါက်ခွဲခဲ့တာဖြစ်ပြီး အဓိကအားဖြင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့်ဇိမ်ခံဟိုတယ်များတွင် ပစ်မှတ်ထားကာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေထဲက အပါအဝင်ဖြစ်တဲ့ မိန်းကလေး သုံးဦးဟာ ဒိန်းမတ်နိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီး Anders Holch Povlsen ရဲ့ အချစ်ဆုံးသော ချစ်စရာသမီးချောလေး သုံးယောက်ဟာ အပါအဝင်ဖြစ်ပြီး အီစတာပွဲတော်ကို လည်ပတ်ဖို့အတွက် သီရိလင်္ကာကို ရောက်ရှိနေတာဖြစ်ပါတယ်။

ကမ္ဘာ့ ရောင်းအားအကောင်းဆုံး Asos.com နဲ့ Zalando အဝတ်အစား Company နှစ်ခုရဲ့ ပိုင်ရှင် ဖြစ်ပြီး သူဌေးကြီး Anders Holch Povlsen ရဲ့ ချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ ဘီလီယံသန်းပေါင်း ($7.9 billion) မှာ ရှိပြီး ဒိန်းမတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးတစ်ယော်ကဖြစ်တဲ့ ပြင် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

သူဌေးကြီး Anders နဲ့ သူကဇနီးကတော့ မည်သို့သော ချမ်းသာမှု ငွေကြေးပမာဏတွေနဲ့ ပင်ဖြစ်စေ သူတို့ သမီးလေးသုံးယောက်ရဲ့ အသက်ကို ပြန်လည်ဝယ်ယူနိုင်တော့မည် မဟုတ်တာမို့ သင်္ခါရသဘောတရားဟာ သိပ်ကို ကြောက်ဖို့ကောင်းတာမို့ သံဝေဂရစရာ တစ်ခုအဖြစ် ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်…။

ဖိုးသူတော်(www.phothutaw.com)
Credit:maharmedianews
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top