ယေန႔ လူမႈကြန္ရက္အင္တာနက္မွာ ေခတ္စားေနတဲ့ ဗီဒီယုိဖုိင္ကေတာ့ ျမန္မာျပည္ အထက္ပုိင္း အညာေဒသ လွပ်ဳိျဖဴမ်ားရဲ႕ ေရခပ္ဆင္းခ်ိန္ စက္ဘီးစီး ကၽြမ္းက်င္မႈကုိျပသထားတဲ့ ဗီဒီယုိဖုိင္ပဲ ျဖစ္ပါတယ္။ ဗီဒီယုိထဲမွာေတာ့ မိန္းမပ်ဳိေလးေတြဟာ ေရအုိးအလြတ္ကုိ ေခါင္းေပၚရြက္ၿပီး စက္ဘီးကုိ ကၽြမ္းက်င္မႈ အျပည့္နဲ႔ စီးနင္းလာၿပီးေနာက္ ေရကန္မွာ ေရခပ္ၾကပါတယ္။

အဲဒီေနာက္မွာေတာ့ ေရအျပည့္နဲ႔ အုိးကုိ ေခါင္းေပၚ ျပန္ရြက္ၿပီး လံုးဝ ဖိတ္စင္ျခင္း မရွိဘဲ စက္ဘီးကုိ ကၽြမ္းကၽြမ္း က်င္က်င္နင္းၿပီး ျပန္လည္ ထြက္ခြာသြားတဲ့ ျမင္ကြင္းပဲ ျဖစ္ပါတယ္။ အဲဒီမိန္းမပ်ဳိေလးေတြဟာ ဆက္ကပ္ ပညာရွင္မ်ား မဟုတ္ၾကပါဘူး။ ဒါေပမယ့္ ေန႔စဥ္ ျပဳလုပ္ရတဲ့ ကိစၥ တခုျဖစ္တာေၾကာင့္ ပညာရွင္ေလာက္ နီးနီး ကၽြမ္းက်င္ၾကပါတယ္။

စက္ဘီးစီး ကၽြမ္းက်င္တဲ့ မိန္းမပ်ဳိေလးေတြကေတာ့ စစ္ကိုင္းတုိင္း၊ ေရဦးၿမဳိ႕နယ္က ျမင္းေပါက္ရြာလုိ႔ သိရပါတယ္။ ျမန္မာ့ သမုိင္းမွာ နာမည္ႀကီးခဲ့တဲ့ နန္းမေတာ္ မယ္ႏု မိဖုရားႀကီးရဲ႕ ဇာတိေက်းရြာ ဖလံခံုရြာနဲ႔ ကပ္လ်က္မွာ တည္ရွိၿပီး မယ္ႏု အုတ္ေက်ာင္း တည္ရွိရာ ရြာႀကီး တရြာ ျဖစ္ပါတယ္။ အဲဒီရြာက အုတ္ေက်ာင္းဟာ အင္းဝက မယ္ႏုအုတ္ေက်ာင္း ေလာက္ လူသိမမ်ားေပမယ့္ သြားေရာက္ေလ့လာသင့္တဲ့ ေနရာ တခုပဲ ျဖစ္ပါတယ္။ လွပ်ဳိျဖဴေလးေတြ ေရခပ္တဲ့ ေရကန္ကလည္း နန္းမေတာ္မယ္ႏုတူးေဖာ္ခဲ့တဲ့ နတ္ေနကန္လုိ႔ သိရပါတယ္။

လွပ်ဳိျဖဴမ်ားရဲ႕ ေရခပ္စက္ဘီးစီးကၽြမ္းက်င္မႈ ဗီဒီယုိဖိုင္မ်ားကို ေအာက္မွာ ေဖာ္ျပလုိက္ပါတယ္-

ဗီဒီယုိင္ဖိုင္ (၁)

ဗီဒီယုိဖိုင္ (၂)

ဖိုးသူေတာ္(www.phothutaw.com)
Credit:နန္းမေတာ္မယ္ေဖြး
#Unicode Version#
ယနေ့ လူမှုကွန်ရက်အင်တာနက်မှာ ခေတ်စားနေတဲ့ ဗီဒီယိုဖိုင်ကတော့ မြန်မာပြည် အထက်ပိုင်း အညာဒေသ လှပျိုဖြူများရဲ့ ရေခပ်ဆင်းချိန် စက်ဘီးစီး ကျွမ်းကျင်မှုကိုပြသထားတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ မိန်းမပျိုလေးတွေဟာ ရေအိုးအလွတ်ကို ခေါင်းပေါ်ရွက်ပြီး စက်ဘီးကို ကျွမ်းကျင်မှု အပြည့်နဲ့ စီးနင်းလာပြီးနောက် ရေကန်မှာ ရေခပ်ကြပါတယ်။

အဲဒီနောက်မှာတော့ ရေအပြည့်နဲ့ အိုးကို ခေါင်းပေါ် ပြန်ရွက်ပြီး လုံးဝ ဖိတ်စင်ခြင်း မရှိဘဲ စက်ဘီးကို ကျွမ်းကျွမ်း ကျင်ကျင်နင်းပြီး ပြန်လည် ထွက်ခွာသွားတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ အဲဒီမိန်းမပျိုလေးတွေဟာ ဆက်ကပ် ပညာရှင်များ မဟုတ်ကြပါဘူး။ ဒါပေမယ့် နေ့စဉ် ပြုလုပ်ရတဲ့ ကိစ္စ တခုဖြစ်တာကြောင့် ပညာရှင်လောက် နီးနီး ကျွမ်းကျင်ကြပါတယ်။

စက်ဘီးစီး ကျွမ်းကျင်တဲ့ မိန်းမပျိုလေးတွေကတော့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က မြင်းပေါက်ရွာလို့ သိရပါတယ်။ မြန်မာ့ သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ နန်းမတော် မယ်နု မိဖုရားကြီးရဲ့ ဇာတိကျေးရွာ ဖလံခုံရွာနဲ့ ကပ်လျက်မှာ တည်ရှိပြီး မယ်နု အုတ်ကျောင်း တည်ရှိရာ ရွာကြီး တရွာ ဖြစ်ပါတယ်။ အဲဒီရွာက အုတ်ကျောင်းဟာ အင်းဝက မယ်နုအုတ်ကျောင်း လောက် လူသိမများပေမယ့် သွားရောက်လေ့လာသင့်တဲ့ နေရာ တခုပဲ ဖြစ်ပါတယ်။ လှပျိုဖြူလေးတွေ ရေခပ်တဲ့ ရေကန်ကလည်း နန်းမတော်မယ်နုတူးဖော်ခဲ့တဲ့ နတ်နေကန်လို့ သိရပါတယ်။

လှပျိုဖြူများရဲ့ ရေခပ်စက်ဘီးစီးကျွမ်းကျင်မှု ဗီဒီယိုဖိုင်များကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

ဗီဒီယိုင်ဖိုင် (၁)

ဗီဒီယိုဖိုင် (၂)

ဖိုးသူတော်(www.phothutaw.com)
Credit:နန်းမတော်မယ်ဖွေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top