အိုင္ဗရီကို႔စ္ဆန္ကိစၥတြင္ ျမန္မာကုမၸဏီ ၃ ခု ထံမွ ဝယ္ယူခဲ့သည့္ ရန္ကုန္အေျခစိုက္ စင္ကာပူကုမၸဏီကို စီးပြားကူးသန္းဝန္ႀကီးဌာနမွ ေခၚယူေတြ႕ဆုံသြားမည္ဟု သိရသည္။

“ နံပါတ္တစ္ သူ႔ဖက္က ရွင္းလင္းတင္ျပခ်က္ကို ပထမဆုံး နားေထာင္ရမယ္။ ၿပီးမွသူ႔ရဲ႕တင္ျပခ်က္အေပၚမွာ အဖြဲ႕တစ္ခု ဖြဲ႕ၿပီးေတာ့မွ သူတို႔ရဲ႕သက္ဆိုင္တဲ့သူေတြနဲ႔ ေတြ႕မယ္။ ေမးမယ္။ ၿပီးမွ အေျဖထုတ္မွာ ျဖစ္ပါတယ္။ အိုလန္အင္တာေနရွင္နယ္ကုမၸဏီ ျဖစ္ပါတယ္။ စင္ကာပူအေျခစိုက္ ျဖစ္ပါတယ္”ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စိုးက ေျပာသည္။

လက္ရွိစစ္ေဆးခ်က္မ်ားအရ ျမန္မာ့ဆန္အရည္အေသြးသည္ ျပႆနာမရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနဘက္မွ သိရသည္။

 “ေလာေလာဆယ္ ဆန္ကေတာ့ အရည္အေသြးျပည့္မီပါတယ္။ ျပည့္မီလို႔လည္း ဒီသေဘၤာတစ္စင္းျဖစ္ သြားေပမယ့္လို႔ ေနာက္ထပ္လည္း သေဘာေတၤြက သြားေနတာပဲ။ အာဖရိကကိုလည္း သြားတယ္။ ဥေရာပကိုလည္း သြားတယ္။ ဆက္တိုက္ေရာင္းေနတယ္။ ေရာင္းေနတဲ့ ဆန္ရဲ႕အရည္အေသြးက လက္ရွိ အေျခအေနမွာ ျပႆနာ မရွိပါဘူး။ ေကာင္းတယ္”ဟု ဦးေအာင္စိုးက ဆက္လက္ေျပာသည္။

ယေန႔ ဧၿပီ ၂၃ ရက္ေန႔က ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနတြင္ က်င္းပ ျပဳလုပ္သည့္ “ ႏိုင္ငံတကာေစ်းကြက္မ်ား၌ ခိုင္မာသည့္ေစ်းကြက္ တည္ေဆာက္ႏိုင္ေရးႏွင့္ အရည္အေသြး ျပည့္မီသည့္ဆန္မ်ား တင္ပို႔ႏိုင္ရး” ညႇိႏႈိင္းအစည္းအေဝးတြင္ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ျဖစ္စဥ္မွာ ျမန္မာကုမၸဏီမ်ားျဖစ္ေသာ ေ႐ႊဝါေရာင္၊ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း ႏွင့္ ဧရာဟသၤာကုမၸဏီ တို႔သည္ အိုလန္အင္တာေနရွင္နယ္ကုမၸဏီထံသို႔ FOB စနစ္ျဖင့္ ဆိပ္ကမ္းအေရာက္ ဆန္မ်ားကို တင္ပို႔ခဲ့ရာ တြင္ အရည္အေသြးႏွင့္ အေလးခ်ိန္မ်ားကို ျပည့္မီစြာ အပ္ႏွံခဲ့သည္ဟု စီးပြားကူးသန္း စစ္ေဆးခ်က္မ်ားအရ သိရသည္။ 

အဆိုပါ ကုမၸဏီမွ ဆန္တင္ရာတြင္ ႐ုတ္တရက္ မိုး႐ြာခ်ရာတြင္ ၇ မိနစ္ခန႔္ မိုးမိခဲ့ကာ ဆန္မ်ားသည္ ေရေငြ႕ ႐ိုက္၍ ၂ လႊာ၊ ၃ လႊာခန႔္ ေရစိုသြားကာ အာဖရိကသို႔ေရာက္သည့္အခ်ိန္တြင္ ၈လခန႔္ ၾကာျမင့္သြားျခင္း ျဖစ္ေသာေၾကာင့္ ဆန္အရည္အေသြး က်ဆင္းမႈသည္ ျဖစ္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးကလည္း ေျပာထားသည္။

ထိုကဲ့သို႔ မိုးမိခဲ့ဖူးသည့္ ဆန္မ်ားကို ျပန္လည္ထုတ္ယူကာ သေဘၤာကုန္းပတ္ေပၚတြင္ တာလပတ္ျဖင့္ အုပ္၍ ခြဲထားရမည္ျဖစ္ေသာ္လည္း ဆန္သယ္သည့္ MV Ocean Prince သေဘၤာအေနျဖင့္ ထိုကဲ့သို႔ လုပ္ေဆာင္ခဲ့ျခင္း မရွိသည့္အတြက္ ေရစိုဆန္မ်ားသည္ ခဲျခင္း၊ အန႔ံထြက္ျခင္း၊ မႈိေပါက္ျခင္းမ်ား ျဖစ္သြားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စိုးက ဆိုသည္။

 “ဆန္တစ္ခုက ကုန္းေပၚမွာ ဂိုေထာင္ထဲမွာ ထားတာေတာင္ ရလ ၊ ၈လ ဆိုတာ ဘယ္လိုနည္းနဲ႔မွ အေကာင္း ပကတိ ျပန္ၿပီးေတာ့ မရွိႏိုင္ဘူး။ ဒါသည္ စီမံခန႔္ခြဲမႈ အပိုင္းသည္ ဝယ္ယူသူရဲ႕( Buyer) တာဝန္ပဲ ျဖစ္တယ္။ သူ႔ရဲ႕ ညံ့ဖ်င္းတဲ့ ကုန္သြယ္မႈမွာ ဒီ Logistic နဲ႔ အရည္အေသြး စီမံခန႔္ခြဲမႈ မလုပ္ႏိုင္တဲ့အတြက္ ဒီ ျပႆနာသာ ျဖစ္ပါတယ္”ဟု ၄င္းက ဆက္လက္ေျပာသည္။

အလားတူျဖစ္စဥ္မ်ိဳးထပ္မံျဖစ္ေပၚပါက အလြယ္တကူ ေျဖရွင္းႏိုင္ေရးအတြက္ “ေနာင္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ စက္ပိုင္ရွင္ေတြနဲ႔ စက္ပိုင္ရဲ႕ သေဘၤာတင္စက္နံပါတ္ အစရွိတဲ့ တစ္ဖက္မွာ Code ေလးေတြ ထည့္ေပးမယ္။ ဒီသေဘၤာထဲမွာ အကုန္လုံး စုလိုက္တဲ့အခါမွာ သူ႔ဟာလား၊ ငါ့ဟာလားဆိုတဲ့ အျငင္းပြားမႈေတြ ကြၽန္ေတာ္တို႔က ေနာင္တစ္ခ်ိန္ မျဖစ္ေအာင္ ဆန္ကို ကြၽန္ေတာ္တို႔က ေရာင္းသူရဲ႕ အမွတ္အသား၊ ဥပမာ ေ႐ႊဝါေရာင္ တင္မယ္ဆို ေ႐ႊဝါေရာင္အမွတ္အသား၊ MEC တင္မယ္ဆို MEC အမွတ္အသား ၊ အဲ့ဒီေနာက္မွာမွ သူတို႔ရဲ႕ စက္ပိုင္ေတြ၊  Supplier ေတြ ရွိဦးမယ္။ ဒါေတြရဲ႕ အမွတ္အသားေတြ ကို ေနာင္မွာ ထည့္ဖို႔ လိုပါတယ္လို႔။  ဒါေလး ေဆာင္႐ြက္ထားဖို႔ အႀကံျပဳလိုပါတယ္”ဟု ဦးေအာင္သန္းဦးက ဆိုသည္။

လက္ရွိတြင္ ဝန္ႀကီးဌာနအေနျဖင့္ စနစ္တက် အရည္အေသြးထိန္းကာ သယ္ေဆာင္သြားရန္ ဝယ္ယူသည့္ ကုမၸဏီႏွင့္ ေတြ႕ဆုံကာ လိုအပ္သည့္ အစီအစဥ္မ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ဟု ဦးေအာင္စိုးက ဆက္လက္ေျပာဆိုသည္။

အာဖရိကႏိုင္ငံထဲမွ တစ္ႏိုင္ငံျဖစ္သည့္ ဂီနီႏိုင္ငံတြင္ ျမန္မာဆန္ တန္ခ်ိန္ ၄,၀၀၀ ခန႔္ ခ်ထားၿပီးေနာက္ အေလးခ်ိန္ႏွင့္ အရည္အေသြး အေၾကာင္းျပခ်က္ျဖင့္ ဆက္လက္ခ်ခြင့္ မရွိေတာ့ဘဲဲ၊ အိုင္ဗရီကိုစ့္ႏိုင္ငံ အေရာက္ တြင္ ဧၿပီ ၁၇ ရက္ေန႔က အရည္အေသြးျပည့္မွီျခင္းမရွိဟုဆိုကာ ျမန္မာဆန္ တန္ခ်ိန္ ၁၈၀၀၀ ခန႔္ကို ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္။

ၿပီးခဲ့သည့္ႏွစ္အတြင္းက ႏိုင္ငံတကာသို႔ ျမန္မာႏိုင္ငံမွ ဆန္ၾကမ္းႏွင့္ဆန္အေခ်ာ တန္ခ်ိန္ ၃.၂ သန္းေက်ာ္ တင္ပို႔ႏိုင္ခဲ့ၿပီး ကမာၻ႔ဆန္တင္ပို႔သည့္ ၅ ႏိုင္ငံစာရင္းတြင္ ပါဝင္ထားေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


အိုင်ဗရီကို့စ်ဆန်ကိစ္စတွင် မြန်မာကုမ္ပဏီ ၃ ခု ထံမှ ဝယ်ယူခဲ့သည့် ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီကို စီးပွားကူးသန်းဝန်ကြီးဌာနမှ ခေါ်ယူတွေ့ဆုံသွားမည်ဟု သိရသည်။

“ နံပါတ်တစ် သူ့ဖက်က ရှင်းလင်းတင်ပြချက်ကို ပထမဆုံး နားထောင်ရမယ်။ ပြီးမှသူ့ရဲ့တင်ပြချက်အပေါ်မှာ အဖွဲ့တစ်ခု ဖွဲ့ပြီးတော့မှ သူတို့ရဲ့သက်ဆိုင်တဲ့သူတွေနဲ့ တွေ့မယ်။ မေးမယ်။ ပြီးမှ အဖြေထုတ်မှာ ဖြစ်ပါတယ်။ အိုလန်အင်တာနေရှင်နယ်ကုမ္ပဏီ ဖြစ်ပါတယ်။ စင်ကာပူအခြေစိုက် ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောသည်။

လက်ရှိစစ်ဆေးချက်များအရ မြန်မာ့ဆန်အရည်အသွေးသည် ပြဿနာမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဘက်မှ သိရသည်။

 “လောလောဆယ် ဆန်ကတော့ အရည်အသွေးပြည့်မီပါတယ်။ ပြည့်မီလို့လည်း ဒီသင်္ဘောတစ်စင်းဖြစ် သွားပေမယ့်လို့ နောက်ထပ်လည်း သဘောင်္တွေက သွားနေတာပဲ။ အာဖရိကကိုလည်း သွားတယ်။ ဥရောပကိုလည်း သွားတယ်။ ဆက်တိုက်ရောင်းနေတယ်။ ရောင်းနေတဲ့ ဆန်ရဲ့အရည်အသွေးက လက်ရှိ အခြေအနေမှာ ပြဿနာ မရှိပါဘူး။ ကောင်းတယ်”ဟု ဦးအောင်စိုးက ဆက်လက်ပြောသည်။

ယနေ့ ဧပြီ ၂၃ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပ ပြုလုပ်သည့် “ နိုင်ငံတကာဈေးကွက်များ၌ ခိုင်မာသည့်ဈေးကွက် တည်ဆောက်နိုင်ရေးနှင့် အရည်အသွေး ပြည့်မီသည့်ဆန်များ တင်ပို့နိုင်ရး” ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ မြန်မာကုမ္ပဏီများဖြစ်သော ရွှေဝါရောင်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း နှင့် ဧရာဟင်္သာကုမ္ပဏီ တို့သည် အိုလန်အင်တာနေရှင်နယ်ကုမ္ပဏီထံသို့ FOB စနစ်ဖြင့် ဆိပ်ကမ်းအရောက် ဆန်များကို တင်ပို့ခဲ့ရာ တွင် အရည်အသွေးနှင့် အလေးချိန်များကို ပြည့်မီစွာ အပ်နှံခဲ့သည်ဟု စီးပွားကူးသန်း စစ်ဆေးချက်များအရ သိရသည်။ 

အဆိုပါ ကုမ္ပဏီမှ ဆန်တင်ရာတွင် ရုတ်တရက် မိုးရွာချရာတွင် ၇ မိနစ်ခန့် မိုးမိခဲ့ကာ ဆန်များသည် ရေငွေ့ ရိုက်၍ ၂ လွှာ၊ ၃ လွှာခန့် ရေစိုသွားကာ အာဖရိကသို့ရောက်သည့်အချိန်တွင် ၈လခန့် ကြာမြင့်သွားခြင်း ဖြစ်သောကြောင့် ဆန်အရည်အသွေး ကျဆင်းမှုသည် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးကလည်း ပြောထားသည်။

ထိုကဲ့သို့ မိုးမိခဲ့ဖူးသည့် ဆန်များကို ပြန်လည်ထုတ်ယူကာ သင်္ဘောကုန်းပတ်ပေါ်တွင် တာလပတ်ဖြင့် အုပ်၍ ခွဲထားရမည်ဖြစ်သော်လည်း ဆန်သယ်သည့် MV Ocean Prince သင်္ဘောအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်အတွက် ရေစိုဆန်များသည် ခဲခြင်း၊ အနံ့ထွက်ခြင်း၊ မှိုပေါက်ခြင်းများ ဖြစ်သွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ဆိုသည်။

 “ဆန်တစ်ခုက ကုန်းပေါ်မှာ ဂိုထောင်ထဲမှာ ထားတာတောင် ရလ ၊ ၈လ ဆိုတာ ဘယ်လိုနည်းနဲ့မှ အကောင်း ပကတိ ပြန်ပြီးတော့ မရှိနိုင်ဘူး။ ဒါသည် စီမံခန့်ခွဲမှု အပိုင်းသည် ဝယ်ယူသူရဲ့( Buyer) တာဝန်ပဲ ဖြစ်တယ်။ သူ့ရဲ့ ညံ့ဖျင်းတဲ့ ကုန်သွယ်မှုမှာ ဒီ Logistic နဲ့ အရည်အသွေး စီမံခန့်ခွဲမှု မလုပ်နိုင်တဲ့အတွက် ဒီ ပြဿနာသာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

အလားတူဖြစ်စဉ်မျိုးထပ်မံဖြစ်ပေါ်ပါက အလွယ်တကူ ဖြေရှင်းနိုင်ရေးအတွက် “နောင်ဆိုရင်တော့ ကျွန်တော်တို့ စက်ပိုင်ရှင်တွေနဲ့ စက်ပိုင်ရဲ့ သင်္ဘောတင်စက်နံပါတ် အစရှိတဲ့ တစ်ဖက်မှာ Code လေးတွေ ထည့်ပေးမယ်။ ဒီသင်္ဘောထဲမှာ အကုန်လုံး စုလိုက်တဲ့အခါမှာ သူ့ဟာလား၊ ငါ့ဟာလားဆိုတဲ့ အငြင်းပွားမှုတွေ ကျွန်တော်တို့က နောင်တစ်ချိန် မဖြစ်အောင် ဆန်ကို ကျွန်တော်တို့က ရောင်းသူရဲ့ အမှတ်အသား၊ ဥပမာ ရွှေဝါရောင် တင်မယ်ဆို ရွှေဝါရောင်အမှတ်အသား၊ MEC တင်မယ်ဆို MEC အမှတ်အသား ၊ အဲ့ဒီနောက်မှာမှ သူတို့ရဲ့ စက်ပိုင်တွေ၊  Supplier တွေ ရှိဦးမယ်။ ဒါတွေရဲ့ အမှတ်အသားတွေ ကို နောင်မှာ ထည့်ဖို့ လိုပါတယ်လို့။  ဒါလေး ဆောင်ရွက်ထားဖို့ အကြံပြုလိုပါတယ်”ဟု ဦးအောင်သန်းဦးက ဆိုသည်။

လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် စနစ်တကျ အရည်အသွေးထိန်းကာ သယ်ဆောင်သွားရန် ဝယ်ယူသည့် ကုမ္ပဏီနှင့် တွေ့ဆုံကာ လိုအပ်သည့် အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးအောင်စိုးက ဆက်လက်ပြောဆိုသည်။

အာဖရိကနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည့် ဂီနီနိုင်ငံတွင် မြန်မာဆန် တန်ချိန် ၄,၀၀၀ ခန့် ချထားပြီးနောက် အလေးချိန်နှင့် အရည်အသွေး အကြောင်းပြချက်ဖြင့် ဆက်လက်ချခွင့် မရှိတော့ဘဲ၊ အိုင်ဗရီကိုစ့်နိုင်ငံ အရောက် တွင် ဧပြီ ၁၇ ရက်နေ့က အရည်အသွေးပြည့်မှီခြင်းမရှိဟုဆိုကာ မြန်မာဆန် တန်ချိန် ၁၈၀၀၀ ခန့်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်းက နိုင်ငံတကာသို့ မြန်မာနိုင်ငံမှ ဆန်ကြမ်းနှင့်ဆန်အချော တန်ချိန် ၃.၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဆန်တင်ပို့သည့် ၅ နိုင်ငံစာရင်းတွင် ပါဝင်ထားကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top