ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕နယ္အမွတ္ ၁၂ ရပ္ကြက္အပါအဝင္ ေသာက္သံုးေရ ႐ွားပါးျပတ္လပ္ေနသည့္ ရပ္ကြက္ေက်းရြာေပါင္း ၂၀ ေက်ာ္ကို ေတာင္ငူၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနဦးစီးကာ ေရဂါလံ ၆၄၀၀ ေက်ာ္ ေပးလွဴခဲ့ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက ေျပာၾကားသည္။

“ႏွစ္စဥ္ေႏြရာသီေရာက္တုိင္း ေရျပတ္လပ္ေနၾက။ စစ္ေတာင္းျမစ္ကမ္းေဘး အေနာက္ဆင္အုပ္စုဘက္က ရြာေတြမွာ ေရမျပတ္ဘူး။ေလးမိုင္တုိ႔ သဲျဖဴတို႔ဘက္မွာ ေရျပတ္လပ္သြားတာ။ ေသာက္သံုးေရေတြကို ေရေဘာက္ဆာကားေတြနဲ႔ေတာ့ အလ်င္မီေအာင္ ျဖန္႔ျဖဴးေပးေနတယ္။ တျခားလုိအပ္တဲ့ရြာေတြလည္း ဆက္သြယ္ေတာင္းခံႏုိင္တယ္”ဟု ၎က ဆက္လက္ေျပာၾကားသည္။

ေတာင္ငူခ႐ိူင္ ေတာင္ငူၿမိဳ႕၊ ေရတာ႐ွည္ႏွင့္ ဆြာၿမိဳ႕မ်ားတြင္ ယခုႏွစ္ ဧၿပီတတိယအပတ္ခန္႔ကတည္းက ေသာက္သံုးေရ ႐ွားပါးျပတ္လပ္ေနျခင္းျဖစ္ၿပီး အမ်ားစုမွာ သံုးေရအဆင္ေျပေသာ္လည္း ေသာက္ေရအဆင္မေျပေၾကာင္း ေဒသခံမ်ားထံမွ သိ႐ွိရသည္။

“ကုန္းႀကီးဘက္မွာလည္း ေသာက္သံုးေရျပတ္စျပဳၿပီ။ တြင္းေရေတြေအာက္ဓာတ္ဆုတ္လာတာမ်ဳိးပါ။ ဆြာကြၽန္းေတာစုမွာေတာ့ ေသာက္ေရျပတ္လပ္လုိ႔ ေပးလွဴေနၾကရၿပီ”ဟု ေရတာ႐ွည္ၿမိဳ႕နယ္ ကုန္းႀကီးေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာဝန္႐ွိသူတစ္ဥိီးက ေျပာၾကားသည္။

အဆုိပါေက်းရြာအမ်ားစုသည္ အဝီစိတြင္းေရကိုသာ အားထားေနရသည့္အျပင္ အခ်ဳိ႕ေက်းရြာမ်ားမွာ ေက်ာက္ေရာေျမမ်ားတြင္ လူေနအိမ္ေျခတည္ေဆာက္ေနၾကရသျဖင့္ ဌာနဆုိင္ရာ သို႔မဟုတ္ အလွဴ႐ွင္မ်ားက တူးေဖာ္လွဴဒါန္းသည့္ စက္ေရတြင္းမွေရကိုသာ အားထားေနၾကရ၍ ေရ႐ွားပါးျပတ္လပ္လာပါက အခက္ခဲပိုမ်ားေၾကာင္း ယင္းေဒသခံမ်ားက ဆုိသည္။

“ေဒၚခင္ၾကည္ေဖာင္ေဒး႐ွင္းက လွဴ ဒါန္းေပးထားတဲ့ ေက်ာင္းေနာက္မွာ စက္ေရတြင္းတစ္တြင္း႐ွိတယ္။ အနက္ေပတစ္ရာေက်ာ္ကို ႐ုန္းေနရတဲ့စက္က သိပ္ၿပီးမဟုက္ေတာ့ မေလာက္ငဘူးျဖစ္ေနတယ္”ဟု ကြၽန္းေတာစုစံျပေက်းရြာသစ္သို႔ ၿပီးခဲ့သည့္ သၾကၤန္မတုိင္မီေရႊ႕ေျပာင္းခဲ့သူ ဦးေအာင္ဝင္းက ေျပာၾကားသည္။

ေတာင္ငုၿမိဳ႕နယ္ အမွတ္ ၂ ရပ္ကြပ္နယ္ေျမငါးခုအပါအဝင္ ရပ္ကြက္ေက်းရြာႏွစ္ဆယ္ခန္႔တြင္ အိမ္ေျခ ၁၅၀၀ ေက်ာ္ ႐ွိႏိုင္ၿပီး လူဦးေရ ၉၀၀၀ ေက်ာ္အတြက္ ေန႔စဥ္ေသာက္ေရ သံုးေရဂါလံ ၁၅၀၀၀ နီးပါးလိုအပ္ေနျခင္းျဖစ္သည္ဟု ေဒသခံမ်ားထံမွ သိ႐ွိရသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar
#Unicode Version#

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အမှတ် ၁၂ ရပ်ကွက်အပါအဝင် သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ရပ်ကွက်ကျေးရွာပေါင်း ၂၀ ကျော်ကို တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဦးစီးကာ ရေဂါလံ ၆၄၀၀ ကျော် ပေးလှူခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

“နှစ်စဉ်နွေရာသီရောက်တိုင်း ရေပြတ်လပ်နေကြ။ စစ်တောင်းမြစ်ကမ်းဘေး အနောက်ဆင်အုပ်စုဘက်က ရွာတွေမှာ ရေမပြတ်ဘူး။လေးမိုင်တို့ သဲဖြူတို့ဘက်မှာ ရေပြတ်လပ်သွားတာ။ သောက်သုံးရေတွေကို ရေဘောက်ဆာကားတွေနဲ့တော့ အလျင်မီအောင် ဖြန့်ဖြူးပေးနေတယ်။ တခြားလိုအပ်တဲ့ရွာတွေလည်း ဆက်သွယ်တောင်းခံနိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တောင်ငူခရိူင် တောင်ငူမြို့၊ ရေတာရှည်နှင့် ဆွာမြို့များတွင် ယခုနှစ် ဧပြီတတိယအပတ်ခန့်ကတည်းက သောက်သုံးရေ ရှားပါးပြတ်လပ်နေခြင်းဖြစ်ပြီး အများစုမှာ သုံးရေအဆင်ပြေသော်လည်း သောက်ရေအဆင်မပြေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကုန်းကြီးဘက်မှာလည်း သောက်သုံးရေပြတ်စပြုပြီ။ တွင်းရေတွေအောက်ဓာတ်ဆုတ်လာတာမျိုးပါ။ ဆွာကျွန်းတောစုမှာတော့ သောက်ရေပြတ်လပ်လို့ ပေးလှူနေကြရပြီ”ဟု ရေတာရှည်မြို့နယ် ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကျေးရွာအများစုသည် အဝီစိတွင်းရေကိုသာ အားထားနေရသည့်အပြင် အချို့ကျေးရွာများမှာ ကျောက်ရောမြေများတွင် လူနေအိမ်ခြေတည်ဆောက်နေကြရသဖြင့် ဌာနဆိုင်ရာ သို့မဟုတ် အလှူရှင်များက တူးဖော်လှူဒါန်းသည့် စက်ရေတွင်းမှရေကိုသာ အားထားနေကြရ၍ ရေရှားပါးပြတ်လပ်လာပါက အခက်ခဲပိုများကြောင်း ယင်းဒေသခံများက ဆိုသည်။

“ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူ ဒါန်းပေးထားတဲ့ ကျောင်းနောက်မှာ စက်ရေတွင်းတစ်တွင်းရှိတယ်။ အနက်ပေတစ်ရာကျော်ကို ရုန်းနေရတဲ့စက်က သိပ်ပြီးမဟုက်တော့ မလောက်ငဘူးဖြစ်နေတယ်”ဟု ကျွန်းတောစုစံပြကျေးရွာသစ်သို့ ပြီးခဲ့သည့် သြင်္ကန်မတိုင်မီရွှေ့ပြောင်းခဲ့သူ ဦးအောင်ဝင်းက ပြောကြားသည်။

တောင်ငုမြို့နယ် အမှတ် ၂ ရပ်ကွပ်နယ်မြေငါးခုအပါအဝင် ရပ်ကွက်ကျေးရွာနှစ်ဆယ်ခန့်တွင် အိမ်ခြေ ၁၅၀၀ ကျော် ရှိနိုင်ပြီး လူဦးရေ ၉၀၀၀ ကျော်အတွက် နေ့စဉ်သောက်ရေ သုံးရေဂါလံ ၁၅၀၀၀ နီးပါးလိုအပ်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top