20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


လတ္တေလာမွာေတာ့ ဗင္နီဇြဲလားျပည္သူေတြဟာ ကရာကက္စ္ၿမိဳ႕နားမွာ တည္ရွိတဲ့ အယ္လ္အာဗီလာေတာင္ေပၚတက္ၿပီး ေသာက္သုံးေရေတြကို သြားေရာက္ယူေဆာင္ေနရတယ္လို႔ သိရပါတယ္။

ဗင္နီဇြဲလားမွာ မီးလုံးဝမေပးေတာ့တဲ့အတြက္ အိမ္တိုင္းအိမ္တိုင္းလိုလို ေရျပတ္လပ္ေနသလို ညေရာက္ရင္လည္း မီးအိမ္ေတြကိုပဲ ထြန္းညႇိကာ ေနေနရတာျဖစ္ပါတယ္။

ဗင္နီဇြဲလားျပည္သူေတြဟာ ေသာက္ေရ၊ သုံးေရရရွိႏိုင္ဖို႔ ေရပုံးကိုယ္စီ၊ ေရဗူးကိုယ္စီသယ္ၿပီး အယ္လ္အာဗီလာေတာင္ေပၚမွာ ေရသြားခပ္ၾကရပါတယ္။

“ေရေတြက မသန႔္ဘူးဆိုေပမယ့္လည္း ပန္းကန္ေဆးဖို႔၊ ေရခ်ိဳးဖို႔သုံးလို႔ရပါေသးတယ္။”လို႔ မန္န်ဴရယ္အယ္လ္ေမတာက ေျပာပါတယ္။

ယင္းကဲ့သို႔ ေရသြားခပ္ၾကရမွာလည္း လူအရမ္းမ်ားတဲ့အတြက္ တစ္ခါခပ္ဖို႔ကို တစ္နာရီနီးပါးေစာင့္ဆိုင္းရတယ္လို႔ သိရပါတယ္။

ယခုလို ေသာက္သုံးေရအတြက္ သြားယူေနၾကေပမယ့္ ေရေသာက္ဖို႔အတြက္ဆိုရင္ေတာ့ က်ိဳၿပီးမွ၊ သန႔္စင္ၿပီးမွ ေသာက္လို႔ရမွာျဖစ္ပါတယ္။

ႏိုင္ငံတြင္း ေရမီးျပတ္လပ္ေနတာကို အခြင့္ေကာင္းယူတဲ့ဆိုင္အခ်ိဳ႕က ေရသန႔္တစ္ဗူးကို ၃ ေဒၚလာကေန ၅ ေဒၚလာအထိ ေစ်းတင္ၿပီးေရာင္းခ်လ်က္ရွိပါတယ္။

ဗင္နီဇြဲလားရဲ႕ အနိမ့္ဆုံးလစာက ၅ ဒသမ ၅ ေဒၚလာျဖစ္တဲ့အတြက္ ေငြေၾကးမတတ္ႏိုင္သူေတြက ေရရႏိုင္တဲ့ေနရာေတြကို လိုက္ရွာၿပီး ေရသယ္ေနၾကရပါတယ္။

ေဒၚလာသုံးစြြဲႏိုင္တဲ့ျပည္သူအခ်ိဳ႕ပဲ ဟိုတယ္ေတြက ေရသန႔္ကို သြားဝယ္ႏိုင္တာျဖစ္ပါတယ္။

ႏိုင္ငံတြင္း စီးပြားေရးက်ပ္တည္းမႈေၾကာင့္ ဆိုင္ေတာ္ေတာ္မ်ားမ်ားပိတ္လိုက္ရသလို စားစရာဝယ္ဖို႔ေတာင္ အႏိုင္ႏိုင္ျဖစ္ေနၾကပါၿပီ။

“မီးမရွိေတာ့ မီးအိမ္ပဲထြန္းရတယ္။ ေရွးေခတ္ျပန္ေရာက္သြားပါၿပီ။”လို႔ အသက္ ၃၀ ႏွစ္ရွိ ဗင္နီဇြဲလားျပည္သူ လစ္ဇဘတ္မိုရင္ကေျပာပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

လတ်တလောမှာတော့ ဗင်နီဇွဲလားပြည်သူတွေဟာ ကရာကက်စ်မြို့နားမှာ တည်ရှိတဲ့ အယ်လ်အာဗီလာတောင်ပေါ်တက်ပြီး သောက်သုံးရေတွေကို သွားရောက်ယူဆောင်နေရတယ်လို့ သိရပါတယ်။

ဗင်နီဇွဲလားမှာ မီးလုံးဝမပေးတော့တဲ့အတွက် အိမ်တိုင်းအိမ်တိုင်းလိုလို ရေပြတ်လပ်နေသလို ညရောက်ရင်လည်း မီးအိမ်တွေကိုပဲ ထွန်းညှိကာ နေနေရတာဖြစ်ပါတယ်။

ဗင်နီဇွဲလားပြည်သူတွေဟာ သောက်ရေ၊ သုံးရေရရှိနိုင်ဖို့ ရေပုံးကိုယ်စီ၊ ရေဗူးကိုယ်စီသယ်ပြီး အယ်လ်အာဗီလာတောင်ပေါ်မှာ ရေသွားခပ်ကြရပါတယ်။

“ရေတွေက မသန့်ဘူးဆိုပေမယ့်လည်း ပန်းကန်ဆေးဖို့၊ ရေချိုးဖို့သုံးလို့ရပါသေးတယ်။”လို့ မန်နျူရယ်အယ်လ်မေတာက ပြောပါတယ်။

ယင်းကဲ့သို့ ရေသွားခပ်ကြရမှာလည်း လူအရမ်းများတဲ့အတွက် တစ်ခါခပ်ဖို့ကို တစ်နာရီနီးပါးစောင့်ဆိုင်းရတယ်လို့ သိရပါတယ်။

ယခုလို သောက်သုံးရေအတွက် သွားယူနေကြပေမယ့် ရေသောက်ဖို့အတွက်ဆိုရင်တော့ ကျိုပြီးမှ၊ သန့်စင်ပြီးမှ သောက်လို့ရမှာဖြစ်ပါတယ်။

နိုင်ငံတွင်း ရေမီးပြတ်လပ်နေတာကို အခွင့်ကောင်းယူတဲ့ဆိုင်အချို့က ရေသန့်တစ်ဗူးကို ၃ ဒေါ်လာကနေ ၅ ဒေါ်လာအထိ ဈေးတင်ပြီးရောင်းချလျက်ရှိပါတယ်။

ဗင်နီဇွဲလားရဲ့ အနိမ့်ဆုံးလစာက ၅ ဒသမ ၅ ဒေါ်လာဖြစ်တဲ့အတွက် ငွေကြေးမတတ်နိုင်သူတွေက ရေရနိုင်တဲ့နေရာတွေကို လိုက်ရှာပြီး ရေသယ်နေကြရပါတယ်။

ဒေါ်လာသုံးစွဲနိုင်တဲ့ပြည်သူအချို့ပဲ ဟိုတယ်တွေက ရေသန့်ကို သွားဝယ်နိုင်တာဖြစ်ပါတယ်။

နိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုကြောင့် ဆိုင်တော်တော်များများပိတ်လိုက်ရသလို စားစရာဝယ်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြပါပြီ။

“မီးမရှိတော့ မီးအိမ်ပဲထွန်းရတယ်။ ရှေးခေတ်ပြန်ရောက်သွားပါပြီ။”လို့ အသက် ၃၀ နှစ်ရှိ ဗင်နီဇွဲလားပြည်သူ လစ်ဇဘတ်မိုရင်ကပြောပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top