က်ပ္တစ္ေထာင္တန္ ေအာင္ဘာေလထီ အျမင့္ဆံုးဆု ေငြက်ပ္သိန္းႏွစ္ေသာင္း ေျပာင္း လဲမည္ဆုိသည့္ သတင္းမဟုတ္ မွန္ေၾကာင္း ျပည္တြင္းအခြန္မ်ား ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာသည္။

(၅)ႀကိမ္ေျမာက္အျဖစ္ဇြန္လ ၁ ရက္တြင္ ဖြင့္လွစ္မည့္ က်ပ္တစ္ေထာင္တန္ ေအာင္ဘာ ေလထီ၏ အျမင့္ဆံုးဆုေငြကို က်ပ္သိန္းႏွစ္ေသာင္းအျဖစ္ ေျပာင္းလဲ မည္ျဖစ္ေၾကာင္း သတင္းထြက္ ေပၚေနၿပီး ေအာင္ဘာေလ သိန္း ဆုဌာန၏ ထီဆုေငြခြဲေဝမႈပံုစံတူ စာရြက္သည္ လူမႈကြန္ရက္တြင္ ယခု ရက္ပိုင္းအတြင္း ပ်ံ႕ႏွံ႔ခဲ့ သည္။ သို႔ေသာ္ က်ပ္သိန္းႏွစ္ ေသာင္းဆုအျဖစ္ ေျပာင္းလဲမည္ ဆုိသည့္သတင္း မွန္ကန္ျခင္းမရွိ သကဲ့သို႔ ဆုေငြေျပာင္းလဲရန္ အစီ အစဥ္လည္း မရွိေသးေၾကာင္း ဦးမင္းထြဋ္က ေျပာသည္။

‘‘ဟိုတစ္ေလာကလည္း အဲ ဒီလို သတင္းထြက္ေသးတယ္။ အဲ ဒါမဟုတ္ပါဘူး။ စီစဥ္ထားတာ လည္း မရွိဘူး’’ဟု ၎က ေျပာ ၾကားသည္။

က်ပ္တစ္ေထာင္တန္ထီအ တြက္ က်ပ္သိန္းႏွစ္ေသာင္းဆု တိုးျမႇင့္ျခင္းအျပင္ က်ပ္သိန္းတစ္ ေသာင္းႏွစ္ဆုကိုလည္း ထပ္မံ ထည့္သြင္းထားေၾကာင္း သတင္း ထြက္ေပၚခဲ့သည္။

ထို႔အျပင္ အျခားဆုေငြအ ေရအတြက္မ်ားကိုလည္း တုိးျမႇင့္ ထားၿပီး လက္ရွိအနည္းဆံုးဆု က်ပ္ငါးေသာင္းအစား က်ပ္တစ္ သိန္းသို႔ ေျပာင္းလဲမည္ဟု လူမႈ ကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနသည့္ စာရင္းစာရြက္၌ ေဖာ္ျပထားသည္။

ေအာင္ဘာေလသိန္းဆုဌာန သည္ လက္ရွိတြင္ က်ပ္တစ္ ေထာင္တန္ထီ၏ အျမင့္ဆံုးဆုကို က်ပ္သိန္းတစ္ေသာင္းခြဲခ်ီးျမႇင့္ ကာ ဒုတိယအျမင့္ဆံုးဆုအျဖစ္ က်ပ္သိန္းငါးေထာင္ဆုျဖစ္သည္။

ထိုသို႔ က်ပ္သိန္းႏွစ္ေသာင္း ဆုအျဖစ္ တိုးျမႇင့္မည့္အေၾကာင္း မတ္လအတြင္းက ၾကားသိထား ေသာ္လည္း တရားဝင္ အသိေပး အေၾကာင္းၾကားျခင္းမရွိေၾကာင္း ထီလုပ္ငန္းရွင္အခ်ိဳ႕က ဆုိသည္။

ေအာင္ဘာေလသိန္းဆုဌာန သည္ က်ပ္တစ္ေထာင္တန္ထီကို ေဖေဖာ္ဝါရီက စတင္ျဖန္႔ေဝ ေရာင္းခ်ျခင္းျဖစ္သည္။

ထို႔အျပင္ က်ပ္တစ္ေထာင္ တန္ထီႏွင့္အၿပိဳင္ က်ပ္ငါးရာတန္ ထီကိုလည္း ဧၿပီအထိ ျဖန္႔ေဝ ေရာင္းခ်ၿပီး ေမလတြင္ က်ပ္ငါး ရာတန္ထီ ျဖန္႔ေဝမႈရပ္ဆုိင္းမည္ ဟု ယင္းဌာနက ေၾကညာထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျပ်တစ်ထောင်တန် အောင်ဘာလေထီ အမြင့်ဆုံးဆု ငွေကျပ်သိန်းနှစ်သောင်း ပြောင်း လဲမည်ဆိုသည့် သတင်းမဟုတ် မှန်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

(၅)ကြိမ်မြောက်အဖြစ်ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်မည့် ကျပ်တစ်ထောင်တန် အောင်ဘာ လေထီ၏ အမြင့်ဆုံးဆုငွေကို ကျပ်သိန်းနှစ်သောင်းအဖြစ် ပြောင်းလဲ မည်ဖြစ်ကြောင်း သတင်းထွက် ပေါ်နေပြီး အောင်ဘာလေ သိန်း ဆုဌာန၏ ထီဆုငွေခွဲဝေမှုပုံစံတူ စာရွက်သည် လူမှုကွန်ရက်တွင် ယခု ရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့ သည်။ သို့သော် ကျပ်သိန်းနှစ် သောင်းဆုအဖြစ် ပြောင်းလဲမည် ဆိုသည့်သတင်း မှန်ကန်ခြင်းမရှိ သကဲ့သို့ ဆုငွေပြောင်းလဲရန် အစီ အစဉ်လည်း မရှိသေးကြောင်း ဦးမင်းထွဋ်က ပြောသည်။

‘‘ဟိုတစ်လောကလည်း အဲ ဒီလို သတင်းထွက်သေးတယ်။ အဲ ဒါမဟုတ်ပါဘူး။ စီစဉ်ထားတာ လည်း မရှိဘူး’’ဟု ၎င်းက ပြော ကြားသည်။

ကျပ်တစ်ထောင်တန်ထီအ တွက် ကျပ်သိန်းနှစ်သောင်းဆု တိုးမြှင့်ခြင်းအပြင် ကျပ်သိန်းတစ် သောင်းနှစ်ဆုကိုလည်း ထပ်မံ ထည့်သွင်းထားကြောင်း သတင်း ထွက်ပေါ်ခဲ့သည်။

ထို့အပြင် အခြားဆုငွေအ ရေအတွက်များကိုလည်း တိုးမြှင့် ထားပြီး လက်ရှိအနည်းဆုံးဆု ကျပ်ငါးသောင်းအစား ကျပ်တစ် သိန်းသို့ ပြောင်းလဲမည်ဟု လူမှု ကွန်ရက်တွင် ပျံ့နှံ့နေသည့် စာရင်းစာရွက်၌ ဖော်ပြထားသည်။

အောင်ဘာလေသိန်းဆုဌာန သည် လက်ရှိတွင် ကျပ်တစ် ထောင်တန်ထီ၏ အမြင့်ဆုံးဆုကို ကျပ်သိန်းတစ်သောင်းခွဲချီးမြှင့် ကာ ဒုတိယအမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်ဆုဖြစ်သည်။

ထိုသို့ ကျပ်သိန်းနှစ်သောင်း ဆုအဖြစ် တိုးမြှင့်မည့်အကြောင်း မတ်လအတွင်းက ကြားသိထား သော်လည်း တရားဝင် အသိပေး အကြောင်းကြားခြင်းမရှိကြောင်း ထီလုပ်ငန်းရှင်အချို့က ဆိုသည်။

အောင်ဘာလေသိန်းဆုဌာန သည် ကျပ်တစ်ထောင်တန်ထီကို ဖေဖော်ဝါရီက စတင်ဖြန့်ဝေ ရောင်းချခြင်းဖြစ်သည်။

ထို့အပြင် ကျပ်တစ်ထောင် တန်ထီနှင့်အပြိုင် ကျပ်ငါးရာတန် ထီကိုလည်း ဧပြီအထိ ဖြန့်ဝေ ရောင်းချပြီး မေလတွင် ကျပ်ငါး ရာတန်ထီ ဖြန့်ဝေမှုရပ်ဆိုင်းမည် ဟု ယင်းဌာနက ကြေညာထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top