မုံရြာျမိဳ႕ သလႅာရပ္ ေပ(၈၀)လမ္းမွ လူငယ္ဖံြ႕ျဖိဳးေရးပရဟိတေဂဟာရွိကေလးငယ္(၉)ဦးသည္ ဧျပီလ(၂၄)ရက္ည(၇)နာရီခဲြခန္႕က အစာအဆိပ္သင့္ ေအာ့အန္မႈေၾကာင့္ မုံရြာျမိဳ႕ အိုးဘိုေတာင္ရပ္ကြက္ေဆးရံုၾကီးတြင္ ေဆးကုသခံယူလ်က္ရွိေၾကာင္း သတင္းရရွိသည္။

“ကုသိုလ္ရွင္ေတြက လာေကြ်းၾကေတာ့ ကေလးေတြကပုံမွန္ စားၾကတ့ဲအခါမွာ ၾကက္သားကအဆိပ္ျဖစ္တာေနမွာပါ။ သလႅာရပ္ေပ(၈၀)လမ္း ပရဟိတေဂဟာမွာ မိဘမ့ဲကေလး(၉၀)ေက်ာ္ရွိပါတယ္။ ေမတၲာဦးေဆးရံုက မိုင္နာဆိုရင္ကေလးေတြကို အခမဲ႕တာဝန္ယူကုသေပးေနပါတယ္။ အခုျဖစ္တာက ကေလး(၃)ေယာက္
မ်က္ျဖဴလန္သတိလစ္သြားတ့ဲအတြက္ အေရးေပၚေဆးထိုးျပီး ေဆးရံုသာသြားပါဆိုျပီး ခ်က္ခ်င္းပဲ ကားအကူအညီနဲ႔ ကေလး(၆)ေယာက္ကို ေဆးရံုတင္လိုက္ပါတယ္။ ကေလး(၃)ေယာက္ကေတာ့ သတိမရဘူးေပါ့။ ေဆးရံုကိုေနာက္ထပ္(၃)ေယာက္ ထပ္တင္ရပါတယ္။ အားလုံး(၉)ေယာက္ပါ။ ေဆးရံုတက္ေနတာေတြကေတာ့ နာဂနဲ႕ပအို႕ဝ္ေက်ာင္းသားေတြျဖစ္ပါတယ္။ အခုဆရာဝန္ေမးခ့ဲေတာ့ စိုးရိမ္စရာမရွိပါဘူး။ ေသြးခုန္ႏႈန္းေတြ ပုံမွန္နီးပါးေရာက္ေနပါျပီ။ ကေလး(၉)ေယာက္က အသက္(၄)ႏွစ္ပတ္လည္က မ်ားပါတယ္”ဟု ေဂဟာဥကၠဌ ဦးခ်စ္လိႈင္ကေျပာသည္။

ျဖစ္စဥ္၏အဓိကအေၾကာင္းရင္းကို အေဆာင္မွဴးႏွင့္ေက်ာင္းသားေခါင္းေဆာင္မ်ားက စစ္ေဆးရာ အလွဴေကြ်းေမြးသည့္ ပဲဒံေပါက္တြင္ သိုးေနသည့္ၾကက္သားမ်ားပါရွိေနသည္ကို ေတြ႔ရွိရေၾကာင္း
ေဂဟာဥကၠဌထံ တင္ျပမႈအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဝင္းလိႈင္

#Unicode Version# ျဖင့္ဖတ္ပါ ။

 မုံရွာမြို့ သလ္လာရပ် ပေ(၈၀)လမ်းမှ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိကလေးငယ်(၉)ဦးသည် ဧပြီလ(၂၄)ရက်ည(၇)နာရီခွဲခန့်က အစာအဆိပ်သင့် အော့အန်မှုကြောင့် မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ဆေးရုံကြီးတွင် ဆေးကုသခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

“ကုသိုလ်ရှင်တွေက လာကျွေးကြတော့ ကလေးတွေကပုံမှန် စားကြတဲ့အခါမှာ ကြက်သားကအဆိပ်ဖြစ်တာနေမှာပါ။ သလ္လာရပ်ပေ(၈၀)လမ်း ပရဟိတဂေဟာမှာ မိဘမဲ့ကလေး(၉၀)ကျော်ရှိပါတယ်။ မေတ္တာဦးဆေးရုံက မိုင်နာဆိုရင်ကလေးတွေကို အခမဲ့တာဝန်ယူကုသပေးနေပါတယ်။ အခုဖြစ်တာက ကလေး(၃)ယောက်
မျက်ဖြူလန်သတိလစ်သွားတဲ့အတွက် အရေးပေါ်ဆေးထိုးပြီး ဆေးရုံသာသွားပါဆိုပြီး ချက်ချင်းပဲ ကားအကူအညီနဲ့ ကလေး(၆)ယောက်ကို ဆေးရုံတင်လိုက်ပါတယ်။ ကလေး(၃)ယောက်ကတော့ သတိမရဘူးပေါ့။ ဆေးရုံကိုနောက်ထပ်(၃)ယောက် ထပ်တင်ရပါတယ်။ အားလုံး(၉)ယောက်ပါ။ ဆေးရုံတက်နေတာတွေကတော့ နာဂနဲ့ပအို့ဝ်ကျောင်းသားတွေဖြစ်ပါတယ်။ အခုဆရာဝန်မေးခဲ့တော့ စိုးရိမ်စရာမရှိပါဘူး။ သွေးခုန်နှုန်းတွေ ပုံမှန်နီးပါးရောက်နေပါပြီ။ ကလေး(၉)ယောက်က အသက်(၄)နှစ်ပတ်လည်က များပါတယ်”ဟု ဂေဟာဥက္ကဌ ဦးချစ်လှိုင်ကပြောသည်။

ဖြစ်စဉ်၏အဓိကအကြောင်းရင်းကို အဆောင်မှူးနှင့်ကျောင်းသားခေါင်းဆောင်များက စစ်ဆေးရာ အလှူကျွေးမွေးသည့် ပဲဒံပေါက်တွင် သိုးနေသည့်ကြက်သားများပါရှိနေသည်ကို တွေ့ရှိရကြောင်း
ဂေဟာဥက္ကဌထံ တင်ပြမှုအရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဝင်းလှိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top