မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ ကာမစိတ္ႂကြေဆးဝါး မ်ား ေရာင္းခ်ေနသူကို ရဲတပ္ဖြဲ႕မွ ဆက္သြယ္ခ်ိန္းဆိုကာ အသြင္ယူဖမ္းဆီးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

 အဆိုပါ ကာမစိတ္ႂကြေဆးမ်ားေရာင္းခ်ေနသူမွာ မဟာေအာင္ ေျမ ၿမိဳ႕နယ္၊ ေဒးဝန္းအေရွ႕ ရပ္ကြက္ေန အသက္ ၃ဝ အ႐ြယ္ သက္ထြဋ္ေအာင္(ခ)ရွက္ဖီးဆိုသူ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ဧၿပီလ ၃ ရက္ေန႔၊ ညပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။

 မႏၲေလးခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးမွတပ္ဖြဲ႕ဝင္မ်ား၊ အမွတ္(၈)ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕ သည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္းသတင္းစုံစမ္းေနစဥ္ ကာမ စိတ္ႂကြေဆးဝါးမ်ားအား Facebook Online မွတစ္ဆင့္ ေရာင္းခ်ေနေၾကာင္း သတင္းရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ဧၿပီလ ၂ ရက္ေန႔၊ မြန္းလြဲ ၁ နာရီခန႔္တြင္ အြန္လိုင္းတြင္ ပါရွိသည့္ ဖုန္းနံပါတ္ကို ရဲတပ္ဖြဲ႕မွ ဆက္သြယ္ခဲ့ၿပီး ကာမစိတ္ႂကြေဆးဝါးမ်ား လိုခ်င္ေၾကာင္း ဖုန္းဆက္ေျပာဆို၍ ၂၈ လမ္း၊ ၇၆×၇၇ လမ္းၾကားသို႔ ခ်ိန္းဆိုခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ခ်ိန္းဆိုၿပီး ယင္းေနရာမွ ေစာင့္ဆိုင္းေနစဥ္ အသက္ ၃ဝ အ႐ြယ္ သက္ထြဋ္ေအာင္(ခ) ရွက္ဖီးဆိုသူ ေရာက္ရွိလာၿပီး ရွာေဖြစစ္ေဆးခဲ့ရာ ၎ထံမွ ကာမစိတ္ႂကြေဆးဝါးမ်ားႏွင့္ဆက္ စပ္ပစၥည္းမ်ား၊ ေရာင္းရေငြမ်ား ႏွင့္အတူ ေတြ႕ရွိဖမ္းဆီးရမိခဲ့ေသာေၾကာင့္ ခ်မ္းေအးသာ စံၿမိဳ႕မရဲစခန္း၌ (ပ)၃ဝ၉/၂ဝ၁၉၊ အမ်ိဳးသား ေဆးဝါးအက္ဥပေဒပုဒ္မ ၁၈ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သက္ထြဋ္ေအာင္(ခ)ရွက္ဖီးအား စစ္ေမးရာ ၎ေနထိုင္သည့္ Lucky 7 ေဆးဆိုင္အတြင္း၌ ကာမစိတ္ႂကြ ေဆးဝါးမ်ား က်န္ရွိေနေသးေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ သက္ဆိုင္ရာအဖြဲ႕ အစည္းမ်ားျဖင့္ အဆိုပါ ဆိုင္သို႔ သြားေရာက္ရွာေဖြခဲ့ရာ ကာမစိတ္ႂကြေဆးဝါးမ်ိဳးစုံ၊ စုစုေပါင္း တန္ဖိုးေငြက်ပ္ ၄ သိန္းခြဲေက်ာ္ (၄၆၅,၂၀၀)ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း ရဲထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

 ထို႔ေၾကာင့္ သက္ထြဋ္ေအာင္(ခ)ရွက္ဖီးကို ထပ္မံၿပီး အမွတ္(၇)နယ္ေျမရဲစခန္းတြင္ (ပ)၂၈ဝ/၂ဝ၁၉၊ အမ်ိဳးသား ေဆးဝါးအက္ဥပေဒပုဒ္မ ၁၈ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကာမစိတ်ကြွဆေးဝါး များ ရောင်းချနေသူကို ရဲတပ်ဖွဲ့မှ ဆက်သွယ်ချိန်းဆိုကာ အသွင်ယူဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 အဆိုပါ ကာမစိတ်ကြွဆေးများရောင်းချနေသူမှာ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ ရပ်ကွက်နေ အသက် ၃ဝ အရွယ် သက်ထွဋ်အောင်(ခ)ရှက်ဖီးဆိုသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဧပြီလ ၃ ရက်နေ့၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

 မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၈)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် သက်သေများနှင့်အတူ နယ်မြေအတွင်းသတင်းစုံစမ်းနေစဉ် ကာမ စိတ်ကြွဆေးဝါးများအား Facebook Online မှတစ်ဆင့် ရောင်းချနေကြောင်း သတင်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဧပြီလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် အွန်လိုင်းတွင် ပါရှိသည့် ဖုန်းနံပါတ်ကို ရဲတပ်ဖွဲ့မှ ဆက်သွယ်ခဲ့ပြီး ကာမစိတ်ကြွဆေးဝါးများ လိုချင်ကြောင်း ဖုန်းဆက်ပြောဆို၍ ၂၈ လမ်း၊ ၇၆×၇၇ လမ်းကြားသို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ချိန်းဆိုပြီး ယင်းနေရာမှ စောင့်ဆိုင်းနေစဉ် အသက် ၃ဝ အရွယ် သက်ထွဋ်အောင်(ခ) ရှက်ဖီးဆိုသူ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းထံမှ ကာမစိတ်ကြွဆေးဝါးများနှင့်ဆက် စပ်ပစ္စည်းများ၊ ရောင်းရငွေများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ချမ်းအေးသာ စံမြို့မရဲစခန်း၌ (ပ)၃ဝ၉/၂ဝ၁၉၊ အမျိုးသား ဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သက်ထွဋ်အောင်(ခ)ရှက်ဖီးအား စစ်မေးရာ ၎င်းနေထိုင်သည့် Lucky 7 ဆေးဆိုင်အတွင်း၌ ကာမစိတ်ကြွ ဆေးဝါးများ ကျန်ရှိနေသေးကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့ အစည်းများဖြင့် အဆိုပါ ဆိုင်သို့ သွားရောက်ရှာဖွေခဲ့ရာ ကာမစိတ်ကြွဆေးဝါးမျိုးစုံ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၄ သိန်းခွဲကျော် (၄၆၅,၂၀၀)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 ထို့ကြောင့် သက်ထွဋ်အောင်(ခ)ရှက်ဖီးကို ထပ်မံပြီး အမှတ်(၇)နယ်မြေရဲစခန်းတွင် (ပ)၂၈ဝ/၂ဝ၁၉၊ အမျိုးသား ဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top