iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာက္တံခါးျမိဳ႔ ကြင္းေျမာက္ရပ္ကြက္နွင္းဆီလမ္းေနသူ ဦးထြန္းေဝ(ဘ)ဦးေက်ာ္စိန္(၅၈)နွစ္မွတစ္ရပ္ကြက္တည္းေနသူ အိမ္ခ်င္းကပ္လ်က္(မ-*-*-*)(ဘ)ဦးေဇာ္မိုး(၁၈)နွစ္အားကာမ ရာဂစိတ္အား ထိန္းခ်ဳပ္နိုင္ျခင္းမရွိေသာေၾကာင့္
သတ္ပစ္မည္ဟု ျခိမ္းေျခာက္ေျပာဆိုကာ အလိုမတူပဲကိုယ္ဝန္(၃)လ ရသည္အထိ အၾကိမ္ၾကိမ္အဓမၼ ျပဳက်င့္ခဲ႔ပါသည္။

ျဖစ္စဥ္မွာမ(-*-*-*-*)သည္ လြန္ခဲ႔ေသာ၁၉၉၉ခုနွစ္ခန္႔မွစ၍အတူေန အမျဖစ္သူ မယမင္းေဇာ္မိုးနွင့္အတူျခံျခင္း ကပ္လ်က္ေန ဦးထြန္းေဝပိုင္ဆိုင္ေသာေရြွလဝန္း အထည္ဆိုင္တြင္ အလုပ္လုပ္ကာေစ်းသိမ္းျပီးေနာက္ ဦးထြန္းေဝ၏ ေနအိမ္တြင္ အိမ္အကူလုပ္ငန္းအားည(၉:၀၀)နာရီ အခ်ိန္ထိ အလုပ္ လုပ္ကိုင္ရျပီးျခံျခင္းကပ္လ်က္ ၎၏ ေနအိမ္သို႔ ျပန္လည္ အိပ္စက္ခဲ႔ပါသည္။

ထိုသို႔ လုပ္ကိုင္ေနစဥ္ ($-၁၂-၂၀၁၈)ရက္ေန႔တြင္ဦးထြန္းေဝ၏ အတူေန ဇနီးျဖစ္သူ မခင္မူေအးနွင့္မယမင္းေဇာ္မိုးတို႔မွာ ရန္ကုန္သို႕ ေစ်းဝယ္ရန္သြားေရာက္ျပီး ဦးထြန္းေဝ၏အတူေနသားျဖစ္သူ ရာဇာလဝန္း(ခ)ေအာင္ခန္႔ပိုင္(ခ)ေရြွလဝန္းမွာ
ကားေအာ္ဒါလိုက္ပါသြားသျဖင့္ ေနအိမ္တြင္ဦးထြန္းေဝနွင့္(မ-*-*-*-)တို႔ နွစ္ဦးသာက်န္ရွိခ်ိန္

ည(၆:၀၀)နာရီ အခ်ိန္ခန္႔( မ-*-*-*)မွမီးပူတိုက္ေနစဥ္ ဦးထြန္းေဝ ေရာက္ရွိလာျပီး(မ-*-*-*-*)အား လက္ကိုဆြဲ၍ ေနအိမ္ေနာက္ေဖးရွိ အဝတ္ေလ်ွာ္စက္ေရွ့ အေရာက္တြင္အလိုမတူပဲ သားမယားအျဖစ္(၅)မိနစ္ခန္႔ အလိုမတူပဲ သား မယားအျဖစ္တစ္ၾကိမ္ ျပဳက်င့္ခဲ႔ျပီးီ

ဦးထြန္းေဝမွ “နင္ ဘာမွမျဖစ္ဘူး”အဆိုပါကိစၥအား ဘယ္သူ႔မွ မေျပာရန္ေျပာရင္ သတ္ပစ္မည္ဟု ျခိမ္းေျခာက္ေျပာဆိုေသာေၾကာင့္( မ-*-*-*)မွမည္သူ႔ကိုမွ မေျပာပဲေနခဲ႔ပါသည္။

ေနာက္(၇)ရက္ခန္႔အၾကာ ဦးထြန္းေဝ၏ ေနအိမ္တြင္(မ-*-*-*)နွင့္ နွစ္ဦးတည္းရွိေနစဥ္ေနအိမ္ေရွ့ခန္းတြင္ သားမယားအျဖစ္ (၂)ၾကိမ္ခန့္ျပဳက်င့္ျပီး ေနာက္ (၂)ရက္အၾကာတြင္အိမ္ေရွ့ ဧည့္ခန္းတြင္ တစ္ၾကိမ္ အလိုမတူပဲသားမယားအျဖစ္ ျပဳက်င့္ခဲ႔ပါသည္။

(၃၀-၃-၂၀၁၉)ရက္ေန႔တြင္(မ-*-*-*)မွမိန္းမရာသီမလာေၾကာင္း အေဒၚျဖစ္သူ ေဒၚစန္းေဌးအားေျပာျပသျဖင့္ စစ္ေဆးရာ ကိုယ္ဝန္(၃)လ ရွိေၾကာင္း၎ ကိုယ္ဝန္အား ဦးထြန္းေဝျဖင့္ရ ႐ွိေၾကာင္းေျပာျပသျဖင့္ ေဒၚစန္းေဌးနွင့္အစ္ကိုျဖစ္သူခိုင္မင္းသူတို႔မွေက်ာက္တံခါးျမိဳ႕မ ရဲစခန္းသို႕ေခၚေဆာင္လာျပီးျခိမ္းေျခာက္ေျပာဆို အလိုမတူပဲ သားမယားအျဖစ္ျပဳက်င့္သူ ဦးထြန္းေဝအား ဥပေဒအရအေရးယူေပးပါရန္( မ-*-*-*)မွတိုင္ၾကားခဲ႔ပါသည္။

အမႈအား ေက်ာက္တံခါးျမိဳ႕မ ရဲစခန္း( ပ)၂၉၂/၂၀၁၉ရာဇသတ္ၾကီးပုဒ္မ ၃၇၆ အရ ဒုရဲမွဴးေဇာ္ထြန္း(စခန္းမွဴး)မွ စစ္ေဆးလ်က္ရွိျပီး ျပစ္မႈက်ဴးလြန္သူအားအျမန္ဆုံး ဖမ္းဆီးနိုင္ေရး စီစဥ္ေဆာင္ရြက္လ်က္ရွိပါသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေက်ာ္ဦး(ေက်ာက္တံခါး)

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက်နှင်းဆီလမ်းနေသူ ဦးထွန်းဝေ(ဘ)ဦးကျော်စိန်(၅၈)နှစ်မှတစ်ရပ်ကွက်တည်းနေသူ အိမ်ချင်းကပ်လျက်(မ-*-*-*)(ဘ)ဦးဇော်မိုး(၁၈)နှစ်အားကာမ ရာဂစိတ်အား ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့်
သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ အလိုမတူပဲကိုယ်ဝန်(၃)လ ရသည်အထိ အကြိမ်ကြိမ်အဓမ္မ ပြုကျင့်ခဲ့ပါသည်။

ဖြစ်စဉ်မှာမ(-*-*-*-*)သည် လွန်ခဲ့သော၁၉၉၉ခုနှစ်ခန့်မှစ၍အတူနေ အမဖြစ်သူ မယမင်းဇော်မိုးနှင့်အတူခြံခြင်း ကပ်လျက်နေ ဦးထွန်းဝေပိုင်ဆိုင်သောရွှေလဝန်း အထည်ဆိုင်တွင် အလုပ်လုပ်ကာဈေးသိမ်းပြီးနောက် ဦးထွန်းဝေ၏ နေအိမ်တွင် အိမ်အကူလုပ်ငန်းအားည(၉:၀၀)နာရီ အချိန်ထိ အလုပ် လုပ်ကိုင်ရပြီးခြံခြင်းကပ်လျက် ၎င်း၏ နေအိမ်သို့ ပြန်လည် အိပ်စက်ခဲ့ပါသည်။

ထိုသို့ လုပ်ကိုင်နေစဉ် ($-၁၂-၂၀၁၈)ရက်နေ့တွင်ဦးထွန်းဝေ၏ အတူနေ ဇနီးဖြစ်သူ မခင်မူအေးနှင့်မယမင်းဇော်မိုးတို့မှာ ရန်ကုန်သို့ ဈေးဝယ်ရန်သွားရောက်ပြီး ဦးထွန်းဝေ၏အတူနေသားဖြစ်သူ ရာဇာလဝန်း(ခ)အောင်ခန့်ပိုင်(ခ)ရွှေလဝန်းမှာ
ကားအော်ဒါလိုက်ပါသွားသဖြင့် နေအိမ်တွင်ဦးထွန်းဝေနှင့်(မ-*-*-*-)တို့ နှစ်ဦးသာကျန်ရှိချိန်

ည(၆:၀၀)နာရီ အချိန်ခန့်( မ-*-*-*)မှမီးပူတိုက်နေစဉ် ဦးထွန်းဝေ ရောက်ရှိလာပြီး(မ-*-*-*-*)အား လက်ကိုဆွဲ၍ နေအိမ်နောက်ဖေးရှိ အဝတ်လျှော်စက်ရှေ့ အရောက်တွင်အလိုမတူပဲ သားမယားအဖြစ်(၅)မိနစ်ခန့် အလိုမတူပဲ သား မယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ပြီးီ

ဦးထွန်းဝေမှ “နင် ဘာမှမဖြစ်ဘူး”အဆိုပါကိစ္စအား ဘယ်သူ့မှ မပြောရန်ပြောရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသောကြောင့်( မ-*-*-*)မှမည်သူ့ကိုမှ မပြောပဲနေခဲ့ပါသည်။

နောက်(၇)ရက်ခန့်အကြာ ဦးထွန်းဝေ၏ နေအိမ်တွင်(မ-*-*-*)နှင့် နှစ်ဦးတည်းရှိနေစဉ်နေအိမ်ရှေ့ခန်းတွင် သားမယားအဖြစ် (၂)ကြိမ်ခန့်ပြုကျင့်ပြီး နောက် (၂)ရက်အကြာတွင်အိမ်ရှေ့ ဧည့်ခန်းတွင် တစ်ကြိမ် အလိုမတူပဲသားမယားအဖြစ် ပြုကျင့်ခဲ့ပါသည်။

(၃၀-၃-၂၀၁၉)ရက်နေ့တွင်(မ-*-*-*)မှမိန်းမရာသီမလာကြောင်း အဒေါ်ဖြစ်သူ ဒေါ်စန်းဌေးအားပြောပြသဖြင့် စစ်ဆေးရာ ကိုယ်ဝန်(၃)လ ရှိကြောင်း၎င်း ကိုယ်ဝန်အား ဦးထွန်းဝေဖြင့်ရ ရှိကြောင်းပြောပြသဖြင့် ဒေါ်စန်းဌေးနှင့်အစ်ကိုဖြစ်သူခိုင်မင်းသူတို့မှကျောက်တံခါးမြို့မ ရဲစခန်းသို့ခေါ်ဆောင်လာပြီးခြိမ်းခြောက်ပြောဆို အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်သူ ဦးထွန်းဝေအား ဥပဒေအရအရေးယူပေးပါရန်( မ-*-*-*)မှတိုင်ကြားခဲ့ပါသည်။

အမှုအား ကျောက်တံခါးမြို့မ ရဲစခန်း( ပ)၂၉၂/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ဒုရဲမှူးဇော်ထွန်း(စခန်းမှူး)မှ စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူအားအမြန်ဆုံး ဖမ်းဆီးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit:ကျော်ဦး(ကျောက်တံခါး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top