ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕ ဆင္ျဖဴကြင္းသုသာန္က အမိႈက္ပံု မီးေလာင္ေနတာ ၅ ရက္ ရွိၿပီျဖစ္ေပမယ့္ မီးမၿငိႇမ္းသတ္ႏိုင္ေသးတဲ့အတြက္ ေဒသခံေတြက က်န္းမာေရးထိခိုက္မွာကို စိုးရိမ္ေနၾကပါတယ္။

ပဲခူးၿမိဳ႕ ဆင္ျဖဴကြင္းသုသာန္နားက အမိႈက္ပံုဟာ ၿပီးခဲ့တဲ့ ဧၿပီလ ၄ ရက္ေန႔ကတည္းက စတင္ မီးေလာင္ေနတာျဖစ္ၿပီး မီးစတင္ေလာင္ကၽြမ္းတဲ့ေန႔ကတည္းက ပဲခူးခ႐ုိင္ မီးသတ္ဦးစီးဌာနက ဦးေဆာင္ၿပီး စည္ပင္၀န္ထန္းေတြ၊ ပရဟိတအသင္းအဖဲြ႔ေတြ ပူးေပါင္းၿငိႇမ္း သတ္ေနတာ ၅ ရက္ရွိၿပီျဖစ္ပါတယ္။

ပဲခူးခ႐ုိင္ မီးသတ္ဦးစီးမႉး ဦးဟိန္းသူဟန္က “မီးစေလာင္တုန္းကေတာ့ တဟုန္ထိုး ေလာင္တာပါ။ အမိႈက္ပံုကႀကီးၿပီး အတြင္းမွာ လိႈက္ေလာင္ေနတာပါ။ ေရတခါျဖန္းၿပီတာနဲ႔ မီးခိုးေငြ႔ကေန ျပန္ျပန္ေျခာက္ၿပီး ေလာင္ေနတာပါ။ အဲဒီ မီးေလာင္မႈကို ပဲခူးခ႐ုိင္မီးသတ္က ေရသယ္ယာဥ္ ၁၂ စီး၊ ႀကီးၾကပ္္ယာဥ္ ၂ စီးနဲ႔ ေခါက္တုတ္ေခါက္ျပန္ မီးၿငိႇမ္းသတ္ေပးေနပါတယ္။ ဒါ့အျပင္ စည္ပင္က ေရးျဖန္းၿပီးသားအမိႈက္ပံုကို ဘတ္ဖိုးယာဥ္နဲ႔ မီးၿငိမ္းမၿငိမ္း ထိုးဆြေပးၿပီး ေန႔ေရာညပါ ၿငိႇမ္းသတ္ ေပးေနရာ ေနာက္ ၂ ရက္ေလာက္ဆို လံုး၀အၿပီး ၿငိႇမ္းမွာျဖစ္တယ္”လို႔ ေျပာပါတယ္။

လက္၇ွိအခ်ိန္ထိ မီးမၿငိမ္းႏိုင္ေသးဘဲ အမိႈက္ပံုမီးေလာင္ရာက ထြက္တဲ့ မီးခုိးေငြ႔ေတြေၾကာင့္ အနီးပတ္၀န္းက်င္က ေဒသခံရြာသားေတြရဲ႕ က်န္းမာေရး ထိခိုက္ႏိုင္တဲ့ အေနအထားနဲ႔ ၾကံဳေတြ႔ေနရပါတယ္။

ဒါ့ေၾကာင့္ ပဲခူးတိုင္းအေနနဲ႔ မီးသတ္ကား မလံုေလာက္ရင္ အျခားတိုင္းေဒသႀကီးေတြကပါ ကူညီၿပီး အျမန္ဆံုး မီးၿငိႇမ္းသတ္ေပးေစ လိုတယ္လို ့ ေဒသခံတဦးကေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်က အမှိုက်ပုံ မီးလောင်နေတာ ၅ ရက် ရှိပြီဖြစ်ပေမယ့် မီးမငြှိမ်းသတ်နိုင်သေးတဲ့အတွက် ဒေသခံတွေက ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။

ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်နားက အမှိုက်ပုံဟာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ကတည်းက စတင် မီးလောင်နေတာဖြစ်ပြီး မီးစတင်လောင်ကျွမ်းတဲ့နေ့ကတည်းက ပဲခူးခရိုင် မီးသတ်ဦးစီးဌာနက ဦးဆောင်ပြီး စည်ပင်ဝန်ထန်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေ ပူးပေါင်းငြှိမ်း သတ်နေတာ ၅ ရက်ရှိပြီဖြစ်ပါတယ်။

ပဲခူးခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်က “မီးစလောင်တုန်းကတော့ တဟုန်ထိုး လောင်တာပါ။ အမှိုက်ပုံကကြီးပြီး အတွင်းမှာ လှိုက်လောင်နေတာပါ။ ရေတခါဖြန်းပြီတာနဲ့ မီးခိုးငွေ့ကနေ ပြန်ပြန်ခြောက်ပြီး လောင်နေတာပါ။ အဲဒီ မီးလောင်မှုကို ပဲခူးခရိုင်မီးသတ်က ရေသယ်ယာဉ် ၁၂ စီး၊ ကြီးကြပ်ယာဉ် ၂ စီးနဲ့ ခေါက်တုတ်ခေါက်ပြန် မီးငြှိမ်းသတ်ပေးနေပါတယ်။ ဒါ့အပြင် စည်ပင်က ရေးဖြန်းပြီးသားအမှိုက်ပုံကို ဘတ်ဖိုးယာဉ်နဲ့ မီးငြိမ်းမငြိမ်း ထိုးဆွပေးပြီး နေ့ရောညပါ ငြှိမ်းသတ် ပေးနေရာ နောက် ၂ ရက်လောက်ဆို လုံးဝအပြီး ငြှိမ်းမှာဖြစ်တယ်”လို့ ပြောပါတယ်။

လက်၇ှိအချိန်ထိ မီးမငြိမ်းနိုင်သေးဘဲ အမှိုက်ပုံမီးလောင်ရာက ထွက်တဲ့ မီးခိုးငွေ့တွေကြောင့် အနီးပတ်ဝန်းကျင်က ဒေသခံရွာသားတွေရဲ့ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အနေအထားနဲ့ ကြုံတွေ့နေရပါတယ်။

ဒါ့ကြောင့် ပဲခူးတိုင်းအနေနဲ့ မီးသတ်ကား မလုံလောက်ရင် အခြားတိုင်းဒေသကြီးတွေကပါ ကူညီပြီး အမြန်ဆုံး မီးငြှိမ်းသတ်ပေးစေ လိုတယ်လို့ ဒေသခံတဦးကပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top