






ကိုးကား-အဖြည့်ခံလူ

Credit:WeLoveCele

#Unicode Version# ဖြင့်ဖတ်ပါ ။

ဗုဒ္ဒဘာသာ မြန်မာလူမျိုးတွေဟာ ဘာသာတရားကို လွန်စွာကိုင်းရှိုင်းကြပြီး အလှူအတန်းတွေမှာ လက်မနှေးဘဲ သဒ္ဒါတရား ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်ကြပါတယ်။

ထိုသို့ ပေးကမ်းလှူဒါန်းတဲ့အလျောက် ကံ၊ ကံ၏အကျိုးကိုလည်း ယုံကြည်အားကိုးကြသူများဖြစ်ကြပါတယ်။

အထူးသဖြင့် လိုအပ်နေတဲ့ ဘိုးဘွားရိပ်သာ၊ ပရဟိတကျောင်းများ၊ မိဘမဲ့ဂေဟာများကိုလည်း အလှူအတန်းများပြုသလို ဘုန်းကြီးကျောင်း၊ ဘုရားစေတီတည်ခြင်း၊

ထီးတင်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်းစတဲ့ မြင့်မြတ်တဲ့အလှူအတန်းတွေကိုလည်း သဒ္ဒါတရားနဲ့ ရက်ရောစွာ လှူဒါန်းကြပါတယ်။

ယခုလည်း မြင်းခြံမြို့ရဲ့ ဒေါင်းတောင်ရွာမှာနေထိုင်ကြတဲ့ အဘိုး ဦးရီနဲ့ အဘွား ဒေါ်တင်ထွေးတို့ ဇနီးမောင်နှံ (၂) ဦးဟာ သူတို့ ပိုင်ဆိုင်တဲ့ အိမ်မြေတွေကို ရောင်းချပြီးတော့

သိန်း(၉၅၀) ကျော်တဲ့ ဓမ္မာရုံကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံကိုယ်တိုင်ကတော့ လန်းလက်တဲထိုးပြီးနေထိုင်ကြတာလည်းဖြစ်ပါတယ်။

ဒီလိုလှူဒါန်းရတဲ့အကျိုးကျေးဇူးလေးတွေကို ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ပါရန် မျှဝေပေးလိုက်ပါတယ်။

ကိုးကား-အဖြည့်ခံလူ

ဖိုးသူတော် (www.phothutaw.com)
Credit:WeLoveCele
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top