ေအာင္လအန္ဆန္းဟာ ၿပီးခဲ့တဲ့မတ္လ ၃၁ ရက္ေန႔က ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕မွာ ဂ်ပန္ႏုိင္ငံသား ဟဆဲဂါဝါနဲ႔ ONE: A NEW ERA ပြဲကို ထိုးသတ္အႏုိင္ရခဲ့ၿပီးေနာက္ သူ႕ရဲ႕ မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံဆုကို တတိယအၾကိမ္ေျမာက္ ေအာင္ျမင္စြာ ကာကြယ္ႏုိင္ခဲ့ပါတယ္။



ဒါေပမယ့္ ပြဲၿပီးၿပီးခ်င္းမွာပဲ ဟဲဗီးဝိတ္ကမာၻ႕ခ်န္ပီယံျဖစ္တဲ့ ဘရန္ဒန္ဗီရာမွ ေအာင္လအန္ဆန္းကို လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႕ေရႊခါးပတ္ဆုအတြက္ ထပ္မံစိန္ေခၚခဲ့ပါတယ္။ ဗီရာက ေအာင္လ အန္ဆန္းရဲ႕ ႏုိင္ပြဲကို ခ်ီးက်ဴးလိုက္ၿပီးေနာက္ ႏွစ္ေယာက္စလုံးသာ က်န္းမာေရးေကာင္းခဲ့မယ္၊ ပုံစံေကာင္းကို ထိန္းထားႏုိင္ခဲ့မယ္ဆုိရင္ ဂ်ပန္ႏုိင္ငံမွာပဲ လိုက္ဟဲဗီးဝိတ္တန္း ခါးပတ္အတြက္ ဗုိလ္လုထုိးသတ္ရေအာင္လို႔ စိန္ေခၚခဲ့ကာ အသက္ ၃၃ ႏွစ္အရြယ္ ေအာင္လအန္ဆန္းက ခ်က္ခ်င္း သေဘာတူလက္ခံခဲ့ပါတယ္။



“ကၽြန္ေတာ္က ဘရန္ဒန္ဗီရာရဲ႕ ပရိသတ္တစ္ေယာက္ပါ၊ လာမယ့္ေအာက္တိုဘာမွာ သူနဲ႔ ထိုးသတ္ခြင့္ ရတာဟာ ဂုဏ္ယူစရာပါပဲ” လို႔ သူကဆုိပါတယ္။ ေအာင္လအန္ဆန္နဲ႔ ဗီရာတုိ႔ရဲ႕ ပြဲကိုေတာ့ ONE Championship ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္တဲ့ ခ်ာထရီဆစ္ယုိ႔ေတာင္က အတည္ျပဳေပးလုိက္ၿပီး ONE: GREATNESS UNLEASHED ဆုိတဲ့ အမည္နဲ႔ ထိုးသတ္သြားေစမွာပါ။

“ဒီေကာင္ေလးေတြဟာ အျမဲတမ္း ပြဲစမ္းၾကည့္ခ်င္ေနတာ ကၽြန္ေတာ္သိတယ္၊ ဒီေနာက္ေတာ့ ဘရန္ဒန္က ေဟ့ ခ်ာထရီ ငါ ၾကိဳးဝုိင္းထဲ ဝင္သြားလို႔ရၿပီလား လို႔ ေျပာလာတယ္” ဟု သူကဆုိ ပါတယ္။ ခ်ာထရီက ဘရန္ဒန္ရဲ႕ ေတာင္းဆုိမႈကို လက္ခံလုိက္ၿပီး ဝိတ္တန္းမတူေပမယ့္ ခ်န္ပီ ယံႏွစ္ေယာက္ရဲ႕ တစ္ဦးကိုတစ္ဦး ေလးစားစြာ စိန္ေခၚျခင္းကို ခ်ီးက်ဴးခဲ့ပါတယ္။



ဒါ့ျပင္ လုိက္ဟဲဗီးဝိတ္တန္း အတြက္ ေတြ႕ဆုံမွာျဖစ္တာေၾကာင့္ တုိက်ဳိက ပရိသတ္ေတြ အတြက္လည္း မယုံႏုိင္စရာ တုိက္ပြဲတစ္ခုကို ထပ္ေတြ႕ရဦးမယ္လို႔ သူက ျဖည့္စြက္ေျပာၾကား ခဲ့ပါတယ္။

ဗီရာဟာ လြန္ခဲ့တဲ့ ႏုိဝင္ဘာက ကမာၻ႔ခ်န္ပီယံခါးပတ္ကို ခုခံကာကြယ္ခဲ့ၿပီးေနာက္ ဝိတ္အေတာ္ေလး က်ေနတယ္လို႔ မီဒီယာေတြက ဆုိၿပီး ေအာင္လအန္ဆန္းနဲ႔ ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ေနခဲ့တာ ျဖစ္ႏုိင္တယ္လို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။

ဖိလစ္ပုိင္လူမ်ဳိးျဖစ္တဲ့ ဗီရာက ေအာင္လအန္ဆန္းနဲ႔ ထိုးသတ္ဖို႔ကို ႀကိဳတင္ပစ္မွတ္ထားခဲ့ေၾကာင္း ဝန္ခံခဲ့သလို ခႏၶာကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ အျခားအေၾကာင္းျပခ်က္ေတြလည္း ရွိပါတယ္လို႔ ဆုိခဲ့ပါတယ္။ သူဟာ ရုပ္ရွင္ကားသုံးကားမွာ ပါဝင္သြားမွာျဖစ္လို႔ သူ႕ရဲ႕ ခႏၶာကိုယ္ကို က်စ္လစ္လွပေအာင္ ျပဳျပင္ေနေၾကာင္း ေျပာၾကားခဲ့တယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်နိုင်ငံသား ဟဆဲဂါဝါနဲ့ ONE: A NEW ERA ပွဲကို ထိုးသတ်အနိုင်ရခဲ့ပြီးနောက် သူ့ရဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို တတိယအကြိမ်မြောက် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲပြီးပြီးချင်းမှာပဲ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ ဘရန်ဒန်ဗီရာမှ အောင်လအန်ဆန်းကို လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ရွှေခါးပတ်ဆုအတွက် ထပ်မံစိန်ခေါ်ခဲ့ပါတယ်။ ဗီရာက အောင်လ အန်ဆန်းရဲ့ နိုင်ပွဲကို ချီးကျူးလိုက်ပြီးနောက် နှစ်ယောက်စလုံးသာ ကျန်းမာရေးကောင်းခဲ့မယ်၊ ပုံစံကောင်းကို ထိန်းထားနိုင်ခဲ့မယ်ဆိုရင် ဂျပန်နိုင်ငံမှာပဲ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်အတွက် ဗိုလ်လုထိုးသတ်ရအောင်လို့ စိန်ခေါ်ခဲ့ကာ အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်းက ချက်ချင်း သဘောတူလက်ခံခဲ့ပါတယ်။

“ကျွန်တော်က ဘရန်ဒန်ဗီရာရဲ့ ပရိသတ်တစ်ယောက်ပါ၊ လာမယ့်အောက်တိုဘာမှာ သူနဲ့ ထိုးသတ်ခွင့် ရတာဟာ ဂုဏ်ယူစရာပါပဲ” လို့ သူကဆိုပါတယ်။ အောင်လအန်ဆန်နဲ့ ဗီရာတို့ရဲ့ ပွဲကိုတော့ ONE Championship ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ချာထရီဆစ်ယို့တောင်က အတည်ပြုပေးလိုက်ပြီး ONE: GREATNESS UNLEASHED ဆိုတဲ့ အမည်နဲ့ ထိုးသတ်သွားစေမှာပါ။

“ဒီကောင်လေးတွေဟာ အမြဲတမ်း ပွဲစမ်းကြည့်ချင်နေတာ ကျွန်တော်သိတယ်၊ ဒီနောက်တော့ ဘရန်ဒန်က ဟေ့ ချာထရီ ငါ ကြိုးဝိုင်းထဲ ဝင်သွားလို့ရပြီလား လို့ ပြောလာတယ်” ဟု သူကဆို ပါတယ်။ ချာထရီက ဘရန်ဒန်ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ပြီး ဝိတ်တန်းမတူပေမယ့် ချန်ပီ ယံနှစ်ယောက်ရဲ့ တစ်ဦးကိုတစ်ဦး လေးစားစွာ စိန်ခေါ်ခြင်းကို ချီးကျူးခဲ့ပါတယ်။

ဒါ့ပြင် လိုက်ဟဲဗီးဝိတ်တန်း အတွက် တွေ့ဆုံမှာဖြစ်တာကြောင့် တိုကျိုက ပရိသတ်တွေ အတွက်လည်း မယုံနိုင်စရာ တိုက်ပွဲတစ်ခုကို ထပ်တွေ့ရဦးမယ်လို့ သူက ဖြည့်စွက်ပြောကြား ခဲ့ပါတယ်။

ဗီရာဟာ လွန်ခဲ့တဲ့ နိုဝင်ဘာက ကမ္ဘာ့ချန်ပီယံခါးပတ်ကို ခုခံကာကွယ်ခဲ့ပြီးနောက် ဝိတ်အတော်လေး ကျနေတယ်လို့ မီဒီယာတွေက ဆိုပြီး အောင်လအန်ဆန်းနဲ့ ပွဲအတွက် ကြိုတင်ပြင်ဆင်နေခဲ့တာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဖိလစ်ပိုင်လူမျိုးဖြစ်တဲ့ ဗီရာက အောင်လအန်ဆန်းနဲ့ ထိုးသတ်ဖို့ကို ကြိုတင်ပစ်မှတ်ထားခဲ့ကြောင်း ဝန်ခံခဲ့သလို ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့ အခြားအကြောင်းပြချက်တွေလည်း ရှိပါတယ်လို့ ဆိုခဲ့ပါတယ်။ သူဟာ ရုပ်ရှင်ကားသုံးကားမှာ ပါဝင်သွားမှာဖြစ်လို့ သူ့ရဲ့ ခန္ဓာကိုယ်ကို ကျစ်လစ်လှပအောင် ပြုပြင်နေကြောင်း ပြောကြားခဲ့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top