20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေ႐ြးေကာက္ပြဲကို မတ္လ ၃၁ ရက္ေန႔က က်င္းပခဲ့ရာတြင္ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ မဲ႐ုံ ႏွစ္႐ုံတြင္ မဲေပးႏိုင္သည့္ ျပည္သူအခ်ိဳ႕ မဲစာရင္းတြင္ ပါဝင္ျခင္းသည့္မရွိဘဲ ဝင္ေရာက္မဲေပးမႈမ်ား ျဖစ္ေပၚခဲ့ သျဖင့္ ယင္းအေပၚ ခုံ႐ုံးဖြဲ႕ စစ္ေဆးအေရးယူသြားမည္ျဖစ္ေၾကာင္း ေကာ္မရွင္ဥကၠ႒က ေျပာဆိုလိုက္သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး လက္ရွိတြင္ စုံစမ္းစစ္ေဆးေရးခုံ႐ုံးဖြဲ႕ထားၿပီး မဲ႐ုံမွ တာဝန္ရွိသူမ်ားကို စစ္ေဆး ကာ ခုံ႐ုံး၏ ထင္ျမင္ယူဆခ်က္အရ ေပၚေပါက္လာသည့္ အေျခအေနေပၚမူတည္ၿပီး စည္ပင္ဥပေဒျဖင့္ လည္းေကာင္း၊ သက္ဆိုင္ရာ ဥပေဒအရေသာ္လည္းေကာင္း အေရးယူရန္ စီစဥ္ထားေၾကာင္း သိရသည္။

"  ခုံ႐ုံးအဖြဲ႕ကေန စစ္ေဆးမယ္။ တကယ္လို႔ အဲ့ဒီလူေတြက တရားမဲ့ျပဳက်င့္တယ္ဆိုရင္ေတာ့ တရား မဲ့ျပဳက်င့္တဲ့ အတိုင္းအေရးယူမယ္။ အခုကေတာ့ အၾကားပဲရွိေသးတယ္။ အဲ့ဒီအၾကားေပ ၚမႈတည္ၿပီး ေတာ့ ေလာေလာဆယ္ ကြၽန္ေတာ္တို႔က ခုံ႐ုံးဖြဲ႕ၿပီးေတာ့ အဲ့ဒီခုံ႐ုံးရဲ႕ ေတြ႕ရွိခ်က္နဲ႔ ယူဆခ်က္ေပၚမွာ မူတည္ၿပီးေတာ့မွ ေဆာင္႐ြက္မွာ"ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေ႐ြးေကာက္ ပြဲေကာ္မရွင္ ဥကၠ႒ ဦးေအာင္ခိုင္က  ဧၿပီလ ၁ ရက္ေန႔၊ ညေနပိုင္း စည္ပင္ေ႐ြးေကာက္ပြဲ ေၾကညာအၿပီး မီဒီယာ မ်ားဝိုင္းဝန္းေမးျမန္းစဥ္ ယခုကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ျဖစ္ပြားခဲ့သည့္ မဲ႐ုံမွ မဲမ်ားကို စည္ပင္ေ႐ြးေကာက္ပြဲေကာ္မရွင္မွ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒအရ ထည့္သြင္းေရတြက္ျခင္းမရွိဘဲ ပယ္ခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာ ယာေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးေအာင္ခိုင္ ေျပာဆိုခ်က္အရ သိရသည္။

" ကိုယ္စားလွယ္ေလာင္းေတြကိုေတာ့ မထိခိုက္ဘူး။ ထိခိုက္မႈ မရွိဘူး။ နည္းပါတယ္"ဟု ဦးေအာင္ခိုင္က ေျပာသည္။

ျဖစ္စဥ္ ျဖစ္ပြားခဲ့သည့္ မဲ႐ုံ ၂ ႐ုံမွာ စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္းေျမာက္ရပ္ကြက္ရွိ မဲ႐ုံအမွတ္ (၃)ႏွင့္ အမွတ္ (၄) ျဖစ္ကာ ပယ္ခဲ့သည့္ မဲအေရအတြက္မွာ ၄ဝ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့ရာတွင် စမ်းချောင်းမြို့နယ်ရှိ မဲရုံ နှစ်ရုံတွင် မဲပေးနိုင်သည့် ပြည်သူအချို့ မဲစာရင်းတွင် ပါဝင်ခြင်းသည့်မရှိဘဲ ဝင်ရောက်မဲပေးမှုများ ဖြစ်ပေါ်ခဲ့ သဖြင့် ယင်းအပေါ် ခုံရုံးဖွဲ့ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ထားပြီး မဲရုံမှ တာဝန်ရှိသူများကို စစ်ဆေး ကာ ခုံရုံး၏ ထင်မြင်ယူဆချက်အရ ပေါ်ပေါက်လာသည့် အခြေအနေပေါ်မူတည်ပြီး စည်ပင်ဥပဒေဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေအရသော်လည်းကောင်း အရေးယူရန် စီစဉ်ထားကြောင်း သိရသည်။

"  ခုံရုံးအဖွဲ့ကနေ စစ်ဆေးမယ်။ တကယ်လို့ အဲ့ဒီလူတွေက တရားမဲ့ပြုကျင့်တယ်ဆိုရင်တော့ တရား မဲ့ပြုကျင့်တဲ့ အတိုင်းအရေးယူမယ်။ အခုကတော့ အကြားပဲရှိသေးတယ်။ အဲ့ဒီအကြားပေ ါ်မှုတည်ပြီး တော့ လောလောဆယ် ကျွန်တော်တို့က ခုံရုံးဖွဲ့ပြီးတော့ အဲ့ဒီခုံရုံးရဲ့ တွေ့ရှိချက်နဲ့ ယူဆချက်ပေါ်မှာ မူတည်ပြီးတော့မှ ဆောင်ရွက်မှာ"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က  ဧပြီလ ၁ ရက်နေ့၊ ညနေပိုင်း စည်ပင်ရွေးကောက်ပွဲ ကြေညာအပြီး မီဒီယာ များဝိုင်းဝန်းမေးမြန်းစဉ် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖြစ်ပွားခဲ့သည့် မဲရုံမှ မဲများကို စည်ပင်ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ထည့်သွင်းရေတွက်ခြင်းမရှိဘဲ ပယ်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင် ပြောဆိုချက်အရ သိရသည်။

" ကိုယ်စားလှယ်လောင်းတွေကိုတော့ မထိခိုက်ဘူး။ ထိခိုက်မှု မရှိဘူး။ နည်းပါတယ်"ဟု ဦးအောင်ခိုင်က ပြောသည်။

ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် မဲရုံ ၂ ရုံမှာ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်ရှိ မဲရုံအမှတ် (၃)နှင့် အမှတ် (၄) ဖြစ်ကာ ပယ်ခဲ့သည့် မဲအရေအတွက်မှာ ၄ဝ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top