ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေရႊနဲ႔ ဇနီးေဒၚႀကိဳင္ႀကဳိင္မိသားစုက ရဟန္း၊ ရွင္သာမေဏ၊ သီလရွင္နဲ႔ ေယာဂီ စုစုေပါင္း ၅၀၀ ေက်ာ္ကို ဗုဒၶသာသနာေတာ္အတြင္း သြတ္သြင္းခ်ီးေျမႇာက္ အလႉေတာ္ မဂၤလာပြဲ က်င္းပဖို႔ ရွိေနပါတယ္။

အလႉေတာ္ မဂၤလာပြဲကို ဧၿပီလ ၁၂ ရက္နဲ႔ ၁၃ ရက္ေတြမွာ ေနျပည္ေတာ္၊ လယ္ေ၀းၿမဳိ႕နယ္၊ သာ၀တၱိရွိ မဟာပရဟိတေဂဟာ (စမေတာင္မွာ) က်င္းပမွာ ျဖစ္တယ္လို႔ ေဂဟာရဲ႕ လက္ေထာက္ ဆရာေတာ္ ဦးေရ၀တက ဒီဗြီဘီကို မိန္႔ပါတယ္။

ဧၿပီ ၁၂ ရက္ေန႔မွာ ရဟန္းခံရွင္ျပဳမဂၤလာပြဲက်င္းပမွာျဖစ္ၿပီး ဧၿပီ ၁၃ ရက္မွာေတာ့ သိမ္ဆင္းေလာင္းတာ၊ ဆြမ္းေလာင္းတာနဲ႔ အလႉေတာ္ ေရစက္သြန္းခ်တဲ့ အခမ္းအနားေတြ ျပဳလုပ္မွာ ျဖစ္ပါတယ္။

ရဟန္းခံရွင္ျပဳပြဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊနဲ႔ မိသားစု၀င္ေတြကေတာ့ သာသနာ့ ေဘာင္၀င္ၾကဖုိ႔ မရွိဘဲ တပ္မေတာ္သား ၁၀၀ ေက်ာ္ေလာက္နဲ႔ ေဂဟာက ကေလးငယ္ေတြ သာသနာ့ေဘာင္ ၀င္ၾကဖို႔ ရွိတယ္လို႔ ဦးေရ၀တက မိန္႔ပါတယ္။

ရဟန္းခံရွင္ျပဳပြဲနဲ႔ အတူ ၇ ရက္တရားစခန္းပြဲကိုလည္း စမေတာင္မွာ က်င္းပဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:DVB TV News
#Unicode Version#
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်မိသားစုက ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်နဲ့ ယောဂီ စုစုပေါင်း ၅၀၀ ကျော်ကို ဗုဒ္ဓသာသနာတော်အတွင်း သွတ်သွင်းချီးမြှောက် အလှူတော် မင်္ဂလာပွဲ ကျင်းပဖို့ ရှိနေပါတယ်။

အလှူတော် မင်္ဂလာပွဲကို ဧပြီလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သာဝတ္တိရှိ မဟာပရဟိတဂေဟာ (စမတောင်မှာ) ကျင်းပမှာ ဖြစ်တယ်လို့ ဂေဟာရဲ့ လက်ထောက် ဆရာတော် ဦးရေဝတက ဒီဗွီဘီကို မိန့်ပါတယ်။

ဧပြီ ၁၂ ရက်နေ့မှာ ရဟန်းခံရှင်ပြုမင်္ဂလာပွဲကျင်းပမှာဖြစ်ပြီး ဧပြီ ၁၃ ရက်မှာတော့ သိမ်ဆင်းလောင်းတာ၊ ဆွမ်းလောင်းတာနဲ့ အလှူတော် ရေစက်သွန်းချတဲ့ အခမ်းအနားတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ရဟန်းခံရှင်ပြုပွဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုဝင်တွေကတော့ သာသနာ့ ဘောင်ဝင်ကြဖို့ မရှိဘဲ တပ်မတော်သား ၁၀၀ ကျော်လောက်နဲ့ ဂေဟာက ကလေးငယ်တွေ သာသနာ့ဘောင် ဝင်ကြဖို့ ရှိတယ်လို့ ဦးရေဝတက မိန့်ပါတယ်။

ရဟန်းခံရှင်ပြုပွဲနဲ့ အတူ ၇ ရက်တရားစခန်းပွဲကိုလည်း စမတောင်မှာ ကျင်းပဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:DVB TV News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top