20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 အိျႏၵာေက်ာ္ဇင္ ကေတာ့ ျမန္မာရုပ္ရွင္ေလာကမွာ ထိပ္တန္းစာရင္း၀င္နာမည္ၾကီးမင္းသမီးတစ္ေယာက္ ျဖစ္သလို သရုပ္ေဆာင္ ပီျပင္လြန္းလို႕ အနုပညာေမွာ္၀င္ေနတဲ့ မင္းသမီးလို႕ေတာင္ တင္စားၾကတာ ပရိသတ္ၾကီး သိမွာပါ ။

ကေလးနွစ္ေယာက္အေမျဖစ္ေပမယ့္ အျမဲတမ္း နုပ်ိဳလွပေနလို႕ ပရိသတ္ေတြက သူမရဲ႕နုပ်ိဳမႈလ်ွိဳ႕၀ွက္ခ်က္ကို အျမဲတမ္း သိခ်င္ေနၾကတာပါ ။ လတ္တေလာမွာေတာ့ အူ၀ဲရဲ႕ ဟစ္တိုင္ ရိုက္ကြင္း ပံုရိပ္ေတြနဲပတ္သက္ျပီး ပရိသတ္ေတြရဲ႕ခ်ီးက်ဴး ေထာပနာျပဳမႈေတြကို ခံေနရပါတယ္ ။ ခ်ီးလဲခ်ီးက်ဴးခ်င္စရာ ေကာင္းေလာက္ေအာင္ သဘာ၀ က်က်သရုပ္ေဆာင္ခဲ့တာပဲ မဟုတ္လား ။

သူမရဲ႕ပရိသတ္လည္း ျဖစ္ Costumes designer တစ္ေယာက္လည္းျဖစ္တဲ့အစ္မက “ ႐ုပ္ရွင္မ႐ိုက္ခင္မွာလည္း ကေလးေလး ထ ငိုလို႔ မအူဝဲ ပုခက္ထဲ က ခ်ီပီးေခ်ာ့ေနတာ…႐ိုက္ေတာ့မယ္ဆိုတာ နဲ႔ ထမီ ကိုဖ်က္ကနဲခပ္တိုတို ျပင္ဝတ္ပီး ဆံပင္ကို ကပိုက႐ို နဲ႔ သိပ္သဘာဝဆန္ေအာင္ကို သ႐ုပ္ေဆာင္တတ္တဲ့ မင္းသမီး…” လုိ႕အစခ်ီျပီး ေရးသားထားတာ ျဖစ္ပါတယ္ ။

အူ၀ဲဟာ ဇာတ္႐ုပ္နဲ႔လိုက္မဲ့ ကာ႐ိုက္တာ ဝတ္ပံုစားပံုကို ဘယ္ေလာက္ ႐ိုးရွင္းေနပါေစ ဒီဇိုင္နာ ကို ႐ိုက္မဲ့ scene တိုင္းအၿမဲ တိုင္ပင္ပီး ေသေသခ်ာခ်ာ ေတြးေနတတ္တဲ့ မင္းသမီးတစ္ေယာက္ပါ ။ မင္းသမီးျဖစ္ဖို႕ေမြးဖြားလာတာလို႕ တင္စားရေလာက္ေအာင္ အနုပညာ ေမွာ္ေ၀င္ေနတဲ့ တကယ့္သရုပ္ေဆာင္ေကာင္းတစ္ေယာက္ဆိုလည္း မမွားပါဘူး ။ ဟစ္တုိင္ဇာတ္ကားမွာလည္း မိခင္တစ္ေယာက္ရဲ႕ ေမတၱာေတြကို ေပၚလြင္ေအာင္ ဘယ္လိုသရုပ္ေဆာင္ထားလဲဆိုတာ စိတ္လႈပ္ရွားစရာပါပဲ ပရိသတ္ၾကီးေရ။ ဒီကားကို ၅ လပိုင္း ၁၆ ရက္ေန႕မွာ ရံုတင္မွာျဖစ္လို႕ အူ၀ဲရဲ႕ပရိသတ္ၾကီးကို သတင္းေကာင္းပါးလိုက္ျပီေနာ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:CeleGabar

#Unicode Version# ျဖင့္ဖတ္ပါ ။

အိန္ဒြာကျော်ဇင် ကတော့ မြန်မာရုပ်ရှင်လောကမှာ ထိပ်တန်းစာရင်းဝင်နာမည်ကြီးမင်းသမီးတစ်ယောက် ဖြစ်သလို သရုပ်ဆောင် ပီပြင်လွန်းလို့ အနုပညာမှော်ဝင်နေတဲ့ မင်းသမီးလို့တောင် တင်စားကြတာ ပရိသတ်ကြီး သိမှာပါ ။

ကလေးနှစ်ယောက်အမေဖြစ်ပေမယ့် အမြဲတမ်း နုပျိုလှပနေလို့ ပရိသတ်တွေက သူမရဲ့နုပျိုမှုလျှို့ဝှက်ချက်ကို အမြဲတမ်း သိချင်နေကြတာပါ ။ လတ်တလောမှာတော့ အူဝဲရဲ့ ဟစ်တိုင် ရိုက်ကွင်း ပုံရိပ်တွေနဲပတ်သက်ပြီး ပရိသတ်တွေရဲ့ချီးကျူး ထောပနာပြုမှုတွေကို ခံနေရပါတယ် ။ ချီးလဲချီးကျူးချင်စရာ ကောင်းလောက်အောင် သဘာ၀ ကျကျသရုပ်ဆောင်ခဲ့တာပဲ မဟုတ်လား ။

သူမရဲ့ပရိသတ်လည်း ဖြစ် Costumes designer တစ်ယောက်လည်းဖြစ်တဲ့အစ်မက “ ရုပ်ရှင်မရိုက်ခင်မှာလည်း ကလေးလေး ထ ငိုလို့ မအူဝဲ ပုခက်ထဲ က ချီပီးချော့နေတာ…ရိုက်တော့မယ်ဆိုတာ နဲ့ ထမီ ကိုဖျက်ကနဲခပ်တိုတို ပြင်ဝတ်ပီး ဆံပင်ကို ကပိုကရို နဲ့ သိပ်သဘာဝဆန်အောင်ကို သရုပ်ဆောင်တတ်တဲ့ မင်းသမီး…” လို့အစချီပြီး ရေးသားထားတာ ဖြစ်ပါတယ် ။

အူဝဲဟာ ဇာတ်ရုပ်နဲ့လိုက်မဲ့ ကာရိုက်တာ ဝတ်ပုံစားပုံကို ဘယ်လောက် ရိုးရှင်းနေပါစေ ဒီဇိုင်နာ ကို ရိုက်မဲ့ scene တိုင်းအမြဲ တိုင်ပင်ပီး သေသေချာချာ တွေးနေတတ်တဲ့ မင်းသမီးတစ်ယောက်ပါ ။ မင်းသမီးဖြစ်ဖို့မွေးဖွားလာတာလို့ တင်စားရလောက်အောင် အနုပညာ မှော်ဝေင်နေတဲ့ တကယ့်သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုလည်း မမှားပါဘူး ။ ဟစ်တိုင်ဇာတ်ကားမှာလည်း မိခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ပေါ်လွင်အောင် ဘယ်လိုသရုပ်ဆောင်ထားလဲဆိုတာ စိတ်လှုပ်ရှားစရာပါပဲ ပရိသတ်ကြီးရေ။ ဒီကားကို ၅ လပိုင်း ၁၆ ရက်နေ့မှာ ရုံတင်မှာဖြစ်လို့ အူဝဲရဲ့ပရိသတ်ကြီးကို သတင်းကောင်းပါးလိုက်ပြီနော် ။

ဖိုးသူတော် (www.phothutaw.com)
Credit:CeleGabar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top