အခ်ိန္ၾကာျမင့္စြာေစာင့္ဆိုင္းရမယ္႔ ယာဥ္ေၾကာၾကပ္ေနရာေတြနဲ႔ မီးပိြဳင့္ရိွတဲ႔လမ္းဆံုလမ္းခြေတြမွာ ယာဥ္အသံုးျပဳသူေတြ ေနပူဒဏ္ခံရမႈသက္သာေစဖို႔အတြက္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက အပူကာအရိပ္မိုးစနစ္ေတြတပ္ဆင္ေပးသြားဖို႔စီစဥ္ေနတယ္လို႔ မႏၲေလးၿမိဳ႕ေတာ္၀န္ေဒါက္တာရဲလြင္ကေျပာပါတယ္။

“ပထမဆုံးအလွဴရွင္က Promote လုပ္တဲ႔အတြက္ ၇၈ လမ္း စစ္ကိုင္းလမ္းခဲြမွာစလုပ္ၿပီးသြားပါၿပီ၊ နဂိုက တည္းကလုပ္ဖုိ႔အစီအစဥ္ရွိၿပီးသားပါ၊ ရာသီဥတုတအားပူလာတာနဲ႔ လုပ္ဖုိ႔စဥ္းစားၿပီးသားပါ၊ ၾကာၾကာေစာင့္ေနရမယ္႔ေနရာေတြမွာ လုပ္ေပးသြားဖုိ႔စီစဥ္ထားပါတယ္” လို႔ မႏၲေလးၿမိဳ႕ေတာ္၀န္ကဆိုပါတယ္။
ေနပူဒဏ္သက္သာေစဖိုု႔ အပူကာအရိပ္မိုုးစနစ္

အထူးသျဖင့္ မီးပိြဳင့္မီးနီခ်ိန္ ေစာင့္ဆိုင္းေနၾကရတဲ႔ယာဥ္အသံုးျပဳသူေတြအတြက္ ေနပူဒဏ္ခံစားရမႈသက္သာေစဖို႔ပဲျဖစ္ၿပီး ဒါအတြက္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအုံႏွင့္ကုန္႐ုံဌာနကဦးေဆာင္ၿပီး လိုက္လံတပ္ဆင္ေပးသြားမွာလို႔သိရပါတယ္။

“ယာဥ္ၾကပ္တည္းမႈမ်ားတဲ့ေနရာေတြ မီးပြိဳင့္မီးနီေစာင့္ဆုိင္းၾကာမယ္႔ေနရာမ်ိဳးေတြကုိ ေရြးလုပ္သြားမွာပါ၊ေနတည့္တည့္ျဖစ္တဲ႔အခ်ိန္မွာ ကာကြယ္ဖို႔အေရးႀကီးတယ္၊ အတတ္ႏိုင္ဆုံး အပူရွိန္နည္းနည္း ေလ်ာ့သြား ေအာင္ ေန႔လည္ေနပူတာကို ကာကြယ္ေပးထားတဲ႔အတြက္ ေအာက္မွာ အပူရွိန္ကေတာ့နည္းေနမွာပါ” လို႔လည္း ၎ကေျပာပါတယ္။

အပူကာအရိပ္မိုးစနစ္ကိုသီးသန္႔တုိင္ေထာင္ၿပီးမွလုပ္တာျဖစ္ေၾကာင္း၊ ၂၅ ေပ ေပ ၃၀ ရိွတဲ႔ ေနပူဒဏ္ခံအမိုးပိုက္နဲ႔လမ္းလယ္မီးတုိင္စိုက္တဲ႔ပုံစံမ်ိဳးလုပ္သြားမွာျဖစ္ေၾကာင္း၊ ပံုမွန္ရာသီေတြမွာ တုိင္ေတြကိုျပန္ျဖဳတ္မွာျဖစ္ေၾကာင္း၊ အမုိးေတြကုိ ျပန္သိမ္းမွာျဖစ္ေၾကာင္း၊ ရာသီဥုတုပူျပင္းခ်ိန္ေတြမွာ ျပန္လည္တပ္ဆင္ေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒီကေန႔ပထမဆံုးအျဖစ္နဲ႔ေတာ့ ၇၈ လမ္း စစ္ကိုင္းလမ္းခဲြမီးပိြဳင့္မွာ တပ္ဆင္ေပးလိုက္ၿပီး အလွဴရွင္ေတြထြင္ေပၚလာမႈအေပၚမူတည္ၿပီး ေဆာင္ရြက္သြားမယ္လို႔လည္းသိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေစာေထြး
Popular News
#Unicode Version#
အချိန်ကြာမြင့်စွာစောင့်ဆိုင်းရမယ့် ယာဉ်ကြောကြပ်နေရာတွေနဲ့ မီးပွိုင့်ရှိတဲ့လမ်းဆုံလမ်းခွတွေမှာ ယာဉ်အသုံးပြုသူတွေ နေပူဒဏ်ခံရမှုသက်သာစေဖို့အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အပူကာအရိပ်မိုးစနစ်တွေတပ်ဆင်ပေးသွားဖို့စီစဉ်နေတယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကပြောပါတယ်။

“ပထမဆုံးအလှူရှင်က Promote လုပ်တဲ့အတွက် ၇၈ လမ်း စစ်ကိုင်းလမ်းခွဲမှာစလုပ်ပြီးသွားပါပြီ၊ နဂိုက တည်းကလုပ်ဖို့အစီအစဉ်ရှိပြီးသားပါ၊ ရာသီဥတုတအားပူလာတာနဲ့ လုပ်ဖို့စဉ်းစားပြီးသားပါ၊ ကြာကြာစောင့်နေရမယ့်နေရာတွေမှာ လုပ်ပေးသွားဖို့စီစဉ်ထားပါတယ်” လို့ မန္တလေးမြို့တော်ဝန်ကဆိုပါတယ်။
နေပူဒဏ်သက်သာစေဖို့ အပူကာအရိပ်မိုးစနစ်

အထူးသဖြင့် မီးပွိုင့်မီးနီချိန် စောင့်ဆိုင်းနေကြရတဲ့ယာဉ်အသုံးပြုသူတွေအတွက် နေပူဒဏ်ခံစားရမှုသက်သာစေဖို့ပဲဖြစ်ပြီး ဒါအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့်ကုန်ရုံဌာနကဦးဆောင်ပြီး လိုက်လံတပ်ဆင်ပေးသွားမှာလို့သိရပါတယ်။

“ယာဉ်ကြပ်တည်းမှုများတဲ့နေရာတွေ မီးပွိုင့်မီးနီစောင့်ဆိုင်းကြာမယ့်နေရာမျိုးတွေကို ရွေးလုပ်သွားမှာပါ၊နေတည့်တည့်ဖြစ်တဲ့အချိန်မှာ ကာကွယ်ဖို့အရေးကြီးတယ်၊ အတတ်နိုင်ဆုံး အပူရှိန်နည်းနည်း လျော့သွား အောင် နေ့လည်နေပူတာကို ကာကွယ်ပေးထားတဲ့အတွက် အောက်မှာ အပူရှိန်ကတော့နည်းနေမှာပါ” လို့လည်း ၎င်းကပြောပါတယ်။

အပူကာအရိပ်မိုးစနစ်ကိုသီးသန့်တိုင်ထောင်ပြီးမှလုပ်တာဖြစ်ကြောင်း၊ ၂၅ ပေ ပေ ၃၀ ရှိတဲ့ နေပူဒဏ်ခံအမိုးပိုက်နဲ့လမ်းလယ်မီးတိုင်စိုက်တဲ့ပုံစံမျိုးလုပ်သွားမှာဖြစ်ကြောင်း၊ ပုံမှန်ရာသီတွေမှာ တိုင်တွေကိုပြန်ဖြုတ်မှာဖြစ်ကြောင်း၊ အမိုးတွေကို ပြန်သိမ်းမှာဖြစ်ကြောင်း၊ ရာသီဥုတုပူပြင်းချိန်တွေမှာ ပြန်လည်တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒီကနေ့ပထမဆုံးအဖြစ်နဲ့တော့ ၇၈ လမ်း စစ်ကိုင်းလမ်းခွဲမီးပွိုင့်မှာ တပ်ဆင်ပေးလိုက်ပြီး အလှူရှင်တွေထွင်ပေါ်လာမှုအပေါ်မူတည်ပြီး ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:စောထွေး

Popular News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top