အီရန္ႏုိင္ငံတ၀ွမး္မွာ ေရႀကီးမႈေၾကာင့္ ေသဆံုးသူအေယာက္ ၇၀ အထိ ရိွလာၿပီးေနာက္ ႏုိင္ငံ အေနာက္ေတာင္ပိုင္းမွာ ေရႀကီးအႏၱရာယ္ ႀကံဳေနရတဲ့ၿမိဳ႕ေတြ၊ ရြာေတြက ေဒသခံေတြကို ေဘး လြတ္ရာေျပာင္းေရႊ႕ခဲ့တယ္လို႔ နုိင္ငံပိုင္ သတင္းဌာနက ဧၿပီလ ၆ ရက္မွာ ေျပာၾကားပါတယ္။

ဆည္ႀကီးေတြက ေရေတြကို အာဏာပိုင္ေတြ ဖြင့္ခ်ၿပီးေနာက္ ခူဇက္စတန္ ျပည္နယ္ ေဒသ ၅ ခုက ေနထိုင္သူေတြကို ေဘးလြတ္ရာေျပာင္းေရႊ႕ေပးေနပါတယ္။

အနီး၀န္းက်င္ ေလာစတန္ျပည္နယ္က ရြာ ၇  ရြာဟာလညး္ ေျမ ၿပိဳမယ့္ အႏၱရာယ္ ႀကံဳေနတာမို႔ ေဘးလြတ္ရာ ေျပာင္းေပးခဲ့တယ္လို႔ ႏုိင္ငံပိုင္ မီဒီယာက အစီရင္ခံပါတယ္။

မတ္လ ၁၉ ရက္ကတည္းက မိုးႀကီးတာေၾကာင့္ ၿမိဳ႕ရြာ ၁,၉၀၀ ၀န္းက်င္ ေရႀကီးခဲ့တာပါ။ ေရႀကီးၿပီး ရြာေတြ နစ္ျမဳပ္ေနတာေၾကာင့္ ေတာင္ပိုင္း ျပည္နယ္ေတြကို ေရြ႕လ်ား ေဆးအဖြဲ႔ေတြ ေစလႊတ္ထားတယ္လို႔ အစိုးရက ေျပာပါတယ္။

မၾကာေသးခင္ ရက္ေတြက ေရႀကီးတာေၾကာင့္ လူ ၁၀၀၀ ၀နး္က်င္ကို ရဟတ္ယာဥ္ေတြနဲ႔ အေရးေပၚ ကယ္ဆယ္ခဲ့ရတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #



အီရန်နိုင်ငံတဝှမ်းမှာ ရေကြီးမှုကြောင့် သေဆုံးသူအယောက် ၇၀ အထိ ရှိလာပြီးနောက် နိုင်ငံ အနောက်တောင်ပိုင်းမှာ ရေကြီးအန္တရာယ် ကြုံနေရတဲ့မြို့တွေ၊ ရွာတွေက ဒေသခံတွေကို ဘေး လွတ်ရာပြောင်းရွှေ့ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဧပြီလ ၆ ရက်မှာ ပြောကြားပါတယ်။

ဆည်ကြီးတွေက ရေတွေကို အာဏာပိုင်တွေ ဖွင့်ချပြီးနောက် ခူဇက်စတန် ပြည်နယ် ဒေသ ၅ ခုက နေထိုင်သူတွေကို ဘေးလွတ်ရာပြောင်းရွှေ့ပေးနေပါတယ်။

အနီးဝန်းကျင် လောစတန်ပြည်နယ်က ရွာ ၇  ရွာဟာလည်း မြေပြိုမယ့် အန္တရာယ် ကြုံနေတာမို့ ဘေးလွတ်ရာ ပြောင်းပေးခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက အစီရင်ခံပါတယ်။

မတ်လ ၁၉ ရက်ကတည်းက မိုးကြီးတာကြောင့် မြို့ရွာ ၁,၉၀၀ ဝန်းကျင် ရေကြီးခဲ့တာပါ။ ရေကြီးပြီး ရွာတွေ နစ်မြုပ်နေတာကြောင့် တောင်ပိုင်း ပြည်နယ်တွေကို ရွေ့လျား ဆေးအဖွဲ့တွေ စေလွှတ်ထားတယ်လို့ အစိုးရက ပြောပါတယ်။

မကြာသေးခင် ရက်တွေက ရေကြီးတာကြောင့် လူ ၁၀၀၀ ဝန်းကျင်ကို ရဟတ်ယာဉ်တွေနဲ့ အရေးပေါ် ကယ်ဆယ်ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top