သင္ကို အရမ္းခ်စ္ၿပီး သင္ဘာပဲလုပ္လုပ္ အျမဲေစာင့္ၾကည့္ေနတဲ့ ခ်စ္သူမ်ိဳးရွိေနၿပိီလား။ တကယ္လုိ႕ ရွိေနၿပီးဆုိရင္ေတာ့ သူ႕ကိုနားလည္ေပးလုိက္ပါ။ သင့္ကို အဆုံးရႈံးမခံႏုိင္ေလာက္ေအာင္ကိုခ်စ္လုိ႕ ဒီလုိေတြ စိတ္ပူေနတတ္တာပါ။ အဲ့လို သင့္အတြက္ကုိပဲ ေတြးပူေနတတ္တဲ့ခ်စ္သူရွိေနၿပီးဆုိရင္ သူ႕ကို အဆုံးရႈံးမခံလုိက္ပါနဲ႕။

(၁) သူနဲ႕မဆုိင္တဲ့ status ေလးတစ္ခုတင္မိလုိက္တာနဲ႕ ဘယ္သူနဲ႕ဘာျဖစ္လုိ႕လဲ၊ သူက်ေတာ့ဘာလုိ႕မေျပာတာလဲဆုိၿပီး ျပာျပာသလဲျဖစ္သြားတတ္တဲ့ ခ်စ္သူမ်ိဳး ။
(၂) ေဖ့ဘြတ္ေပၚမွာ သင္တင္မယ့္ ဓာတ္ပုံတစ္ပုံနဲ႕ပတ္သက္ၿပီး ဒါမတင္နဲ႕ မႀကိဳက္ဘူးလုိ႕ ေျပာတတ္တဲ့ခ်စ္သူမ်ိဳး ။ ေနာက္ဆုံး သူတင္ခိုင္းလိုက္တဲ့ ဓာတ္ပုံေတြက မလွတဲ့ပုံေတြခ်ည္းပါပဲ။

(၃) သင္အျပင္ထြက္ၿပီးဆုိတာနဲ႕ ဘာ၀တ္သြားတာလဲ၊ ဘယ္သူေတြနဲ႕လဲ ၊ ဘယ္ကိုသြားမွာလဲ ဆုိတာေတြ အားလုံးကို အစီရင္တင္သြားခုိင္းတတ္တဲ့ခ်စ္သူမ်ိဳး။ အတုိေတြ၀တ္သြားမိရင္ ေျပာလို႕ကို မဆုံးႏုိင္ေလာက္ေအာင္ရစ္တယ္။

(၄) အျပင္ေရာက္ေနၿပီးဆုိတာနဲ႕ ဖုန္းေတြ ခဏခဏဆက္တတ္တဲ့ခ်စ္သူမ်ိဳး။ သင္သာ ဖုန္းတစ္ခါမကိုင္လုိက္မိရင္ ျပသနာ အႀကီးႀကီးေတြရွာတတ္တယ္.
(၅) ေဖ့ဘြတ္မွာ သင္တစ္ေယာက္တည္းပုံကုိပဲ အသဲေတြလာေပးထားရင္လည္း ေဒါသေတြထြက္ေနတတ္တဲ့ ခ်စ္သူမ်ိဳး။ သူက ဘယ္သူလဲ၊ ဘာလုိ႕ အသဲေတြေပးေနရတာလဲဆုိၿပီး တပ်စ္ေတာက္ေတာက္ လုိက္ေမးၿပီး ေဒါသေတြျဖစ္ေနတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:lwinpyin
# Unicode Version # ျဖင့္ ဖတ္ပါ #


သင်ကို အရမ်းချစ်ပြီး သင်ဘာပဲလုပ်လုပ် အမြဲစောင့်ကြည့်နေတဲ့ ချစ်သူမျိုးရှိနေပြီလား။ တကယ်လို့ ရှိနေပြီးဆိုရင်တော့ သူ့ကိုနားလည်ပေးလိုက်ပါ။ သင့်ကို အဆုံးရှုံးမခံနိုင်လောက်အောင်ကိုချစ်လို့ ဒီလိုတွေ စိတ်ပူနေတတ်တာပါ။ အဲ့လို သင့်အတွက်ကိုပဲ တွေးပူနေတတ်တဲ့ချစ်သူရှိနေပြီးဆိုရင် သူ့ကို အဆုံးရှုံးမခံလိုက်ပါနဲ့။

(၁) သူနဲ့မဆိုင်တဲ့ status လေးတစ်ခုတင်မိလိုက်တာနဲ့ ဘယ်သူနဲ့ဘာဖြစ်လို့လဲ၊ သူကျတော့ဘာလို့မပြောတာလဲဆိုပြီး ပြာပြာသလဲဖြစ်သွားတတ်တဲ့ ချစ်သူမျိုး ။
(၂) ဖေ့ဘွတ်ပေါ်မှာ သင်တင်မယ့် ဓာတ်ပုံတစ်ပုံနဲ့ပတ်သက်ပြီး ဒါမတင်နဲ့ မကြိုက်ဘူးလို့ ပြောတတ်တဲ့ချစ်သူမျိုး ။ နောက်ဆုံး သူတင်ခိုင်းလိုက်တဲ့ ဓာတ်ပုံတွေက မလှတဲ့ပုံတွေချည်းပါပဲ။

(၃) သင်အပြင်ထွက်ပြီးဆိုတာနဲ့ ဘာဝတ်သွားတာလဲ၊ ဘယ်သူတွေနဲ့လဲ ၊ ဘယ်ကိုသွားမှာလဲ ဆိုတာတွေ အားလုံးကို အစီရင်တင်သွားခိုင်းတတ်တဲ့ချစ်သူမျိုး။ အတိုတွေဝတ်သွားမိရင် ပြောလို့ကို မဆုံးနိုင်လောက်အောင်ရစ်တယ်။

(၄) အပြင်ရောက်နေပြီးဆိုတာနဲ့ ဖုန်းတွေ ခဏခဏဆက်တတ်တဲ့ချစ်သူမျိုး။ သင်သာ ဖုန်းတစ်ခါမကိုင်လိုက်မိရင် ပြသနာ အကြီးကြီးတွေရှာတတ်တယ်.
(၅) ဖေ့ဘွတ်မှာ သင်တစ်ယောက်တည်းပုံကိုပဲ အသဲတွေလာပေးထားရင်လည်း ဒေါသတွေထွက်နေတတ်တဲ့ ချစ်သူမျိုး။ သူက ဘယ်သူလဲ၊ ဘာလို့ အသဲတွေပေးနေရတာလဲဆိုပြီး တပျစ်တောက်တောက် လိုက်မေးပြီး ဒေါသတွေဖြစ်နေတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top