အပူခ်ိန္အရမ္း ျမင့္တက္ေနပါတယ္ သတိထားႀကပါ။

ဒီေန႔ အပူခ်ိန္ဟာ ၄၁´C အထိ တက္လာပါၿပီ။

ဒီအတိုင္း ဆက္တက္ေနရင္ ၄၃-၄၅´C အထိ ေရာက္နိုင္ပါတယ္။

အပူခ်ိန္ တက္ႏုွန္းေတြကိုေလ့လာၾကည့္ရင္ ယခက္က ၁´C တက္ဖို႔ ၁၀ နွစ္ ၾကာပါတယ္။ အခု ၃ နွစ္ အတြင္း ၂`C တက္လာပါတယ္။

အပူခ်ိန္ ၁´C တက္လာတိုင္းပ်မ္းမ်ွအသက္ ၂ နွစ္ ေလ်ာ့ေစပါတယ္။စစ္ကိုင္းတိုင္းသားတို႔သတိထားၾကပါ။

စစ္ကိုင္းတိုင္းသားေတြရဲ႕ပ်မ္းမ်ွအသက္ဟာ က်ား ၅၃၊ မ ၅၅ ျဖစ္ပါတယ္။ အခု အပူခ်ိန္ ၂´C တက္လာမႈေၾကာင့္၄ နွစ္ ထပ္ေလ်ာ့သြားနိုင္ပါတယ္။

စိုထိုင္းဆလည္း အရမ္းေလ်ာ့နည္းေနပါတယ္။ ဒီအေျခအေနဟာ ေတာ္ေသးတယ္လို႔ေျပာလို႔ ရေပမယ့္အပုဒဏ္ပို ခံစားရနိုင္ပါတယ္။

ဒီအခ်ိန္မွာ အစားအစာ၊ အေနအထိုင္သတိျပဳၾကပါ။အေအးစာေတြက အပူစုပ္နိုင္ေပမယ့္အပူရွပ္ျခင္းကိုအဓိက ျဖစ္ေစပါတယ္။

အေရးႀကီးတာကေနပူထဲမွာနံက္ ၁၁ နာရီမွ ညေန ၃ နာရီအတြင္းသြားလာ လႈပ္ရွားအလုပ္လုပ္ကိုင္ျခင္း ေရွာင္ၾကဥ္ၾကပါ။

ဗမာခ်ည္သား အဝတ္ထူထူေတြကအပူဒဏ္ကို ကာကြယ္ေပးနိုင္ပါတယ္။အပူက ျပန္ေရာက္လာစဥ္အဝတ္မ်ား ခြၽတ္ျခင္း၊ ေရခဲေရေသာက္ျခင္း၊ ေရခ်ိဳးျခင္းတို႔ ေရွာင္ပါ။

ဆားနွင့္ ေရေသာက္ျခင္းကိုလည္းမျပဳလုပ္ၾကပါနဲ႔။အပူက ျပန္ေရာက္စဥ္ ၅ မိနစ္ခန္႔ ျပန္လာစဥ္ကအတိုင္း ေနေပးၾကပါ။

အဲယားကြန္းခန္းအတြင္း အဝင္အထြက္ လုပ္ကိုင္သြားလာေနရသူမ်ားသတိျပဳၾကပါ။

အပူမွ ျပန္ေရာက္ခ်ိန္အဲကြန္းခန္းအတြင္းရုတ္တရက္ ဝင္ေရာက္ပါကခႏၵာကိုယ္အေရျပားမွ ေသြးမ်ား ဗဟို ေသြးလွည့္အဖြဲ႕ထဲေရာက္ရိွၿပီးရုတ္တရက္ ေသြးေပါင္တက္ကာေလျဖတ္ျခင္း၊ ဦးေနွာက္ေသြးေၾကာေပါက္ျခင္းတို႔ျဖစ္တတ္ပါတယ္။

အဲကြန္းခန္းထဲ ၾကာရွည္ေနရသူမ်ားအပူထဲသို ထြက္ခ်ိန္မွာေသြးေပါင္ထိုးက်ၿပီးမူးေဝတတ္ပါတယ္။ေရမ်ားမ်ား ေသာက္ပါ။

အငန္/အခ်ဳိေလ်ာ့စားၾကပါ။ေခြၽးထြက္လြန္သူမွ လြဲ၍ဓာတ္ဆားေရ ေသာက္ျခင္း ေလ်ာ့ပါ။

ဟင္းက်န္ထမင္းက်န္မ်ား စားျခင္း ေရွာင္ပါ။

ဟင္းက်န္မ်ား ေႏြးရာတြင္ေရျဖည့္ထည့္၍ ေႏြးပါ။လက္သုပ္မ်ား ေလ်ာ့စားပါ။

မိဘျပည္သူအမ်ား ေဘးရန္ကင္းကြာ က်န္းမာခ်မ္းသာၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


အပူချိန်အရမ်း မြင့်တက်နေပါတယ် သတိထားကြပါ။

ဒီနေ့ အပူချိန်ဟာ ၄၁´C အထိ တက်လာပါပြီ။

ဒီအတိုင်း ဆက်တက်နေရင် ၄၃-၄၅´C အထိ ရောက်နိုင်ပါတယ်။

အပူချိန် တက်နုှန်းတွေကိုလေ့လာကြည့်ရင် ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။ အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်းပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။စစ်ကိုင်းတိုင်းသားတို့သတိထားကြပါ။

စစ်ကိုင်းတိုင်းသားတွေရဲ့ပျမ်းမျှအသက်ဟာ ကျား ၅၃၊ မ ၅၅ ဖြစ်ပါတယ်။ အခု အပူချိန် ၂´C တက်လာမှုကြောင့်၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။ ဒီအခြေအနေဟာ တော်သေးတယ်လို့ပြောလို့ ရပေမယ့်အပုဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။အအေးစာတွေက အပူစုပ်နိုင်ပေမယ့်အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာနံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်းသွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေကအပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။အပူက ပြန်ရောက်လာစဉ်အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်းမပြုလုပ်ကြပါနဲ့။အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့် ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။

အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါကခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာလေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများအပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီးမူးဝေတတ်ပါတယ်။ရေများများ သောက်ပါ။

အငန်/အချိုလျော့စားကြပါ။ချွေးထွက်လွန်သူမှ လွဲ၍ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။

ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်ရေဖြည့်ထည့်၍ နွေးပါ။လက်သုပ်များ လျော့စားပါ။

မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top