မိသားစုအတြက္သာဆို အရာရာကိုစြန႔္လႊတ္ႏိုင္တဲ့သူေတြ အပုံအပင္မွာ။ တ႐ုတ္မွ ဆယ္ေက်ာ္သက္ေကာင္မေလး Caoဟာ ကင္ဆာေရာဂါသည္အေမကို ကုသဖို႔အတြက္ ေငြေၾကးအလုံအေလာက္မရွိတာေၾကာင့္ သူမကိုယ္သူမ အင္တာနက္မွာ ေရာင္းေစ်းတင္ခဲ့ပါတယ္..။

အသက္၄၅ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Caoရဲ႕အေမဟာ အေရျပားကင္ဆာေရာဂါကို ခံစားေနရတာပါ။ ေနာက္ဆုံး နည္းလမ္းရွာမရေတာ့တဲ့ အသက္၁၉ႏွစ္အ႐ြယ္ Caoဟာ သူအရမ္းခ်စ္ရတဲ့မိခင္ကို ကယ္တင္ဖို႔အတြက္ ေနာက္ဆုံးနည္းလမ္းကို အသုံးျပဳခဲ့ပါတယ္..။

Caoဟာ သူမကိုယ္သူမေရာင္းမယ္ဆိုၿပီး Wechatမွာ ေၾကညာတင္ခဲ့ပါတယ္။ ဝယ္တဲ့သူခိုင္းသမွ်လုပ္ေပးပါ့မယ္ဆိုၿပီး ကတိေပးထားတဲ့ Caoဟာ လယ္သမားမိသားစုကျဖစ္ၿပီး Operation လုပ္ရမယ့္ မိခင္ရဲ႕ ေဆးကုသမႈစရိတ္ကို မတတ္ႏိုင္တာေၾကာင့္ပဲျဖစ္ပါတယ္..။

Caoရဲ႕ ေၾကညာဟာ ေန႔ခ်င္းညခ်င္း နာမည္ႀကီးခဲ့ၿပီး ပါဝင္လႉဒါန္းလိုသူေတြ ေပၚလာခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ အမည္မေဖာ္လိုသူ လူတစ္ဦးကေန Cao ရဲ႕ မိခင္ရဲ႕ Operationကို အစအဆုံး တာဝန္ယူမယ္လို႔ေျပာၾကားခဲ့ၿပီးေနာက္ Caoဟာ သူမရဲ႕ ေၾကညာခ်က္ကို ႐ုပ္သိမ္းခဲ့တယ္လို႔ သိရပါတယ္..။

ဖိုးသူေတာ္(www.phothutaw.com)
Credit:thutastar
#Unicode Version#
မိသားစုအတွက်သာဆို အရာရာကိုစွန့်လွှတ်နိုင်တဲ့သူတွေ အပုံအပင်မှာ။ တရုတ်မှ ဆယ်ကျော်သက်ကောင်မလေး Caoဟာ ကင်ဆာရောဂါသည်အမေကို ကုသဖို့အတွက် ငွေကြေးအလုံအလောက်မရှိတာကြောင့် သူမကိုယ်သူမ အင်တာနက်မှာ ရောင်းဈေးတင်ခဲ့ပါတယ်..။

အသက်၄၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ Caoရဲ့အမေဟာ အရေပြားကင်ဆာရောဂါကို ခံစားနေရတာပါ။ နောက်ဆုံး နည်းလမ်းရှာမရတော့တဲ့ အသက်၁၉နှစ်အရွယ် Caoဟာ သူအရမ်းချစ်ရတဲ့မိခင်ကို ကယ်တင်ဖို့အတွက် နောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့ပါတယ်..။

Caoဟာ သူမကိုယ်သူမရောင်းမယ်ဆိုပြီး Wechatမှာ ကြေညာတင်ခဲ့ပါတယ်။ ဝယ်တဲ့သူခိုင်းသမျှလုပ်ပေးပါ့မယ်ဆိုပြီး ကတိပေးထားတဲ့ Caoဟာ လယ်သမားမိသားစုကဖြစ်ပြီး Operation လုပ်ရမယ့် မိခင်ရဲ့ ဆေးကုသမှုစရိတ်ကို မတတ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်..။

Caoရဲ့ ကြေညာဟာ နေ့ချင်းညချင်း နာမည်ကြီးခဲ့ပြီး ပါဝင်လှူဒါန်းလိုသူတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမည်မဖော်လိုသူ လူတစ်ဦးကနေ Cao ရဲ့ မိခင်ရဲ့ Operationကို အစအဆုံး တာဝန်ယူမယ်လို့ပြောကြားခဲ့ပြီးနောက် Caoဟာ သူမရဲ့ ကြေညာချက်ကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်..။


ဖိုးသူတော်(www.phothutaw.com)
Credit:thutastar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top