ေၾကာက္လန္႔ဖြယ္ေကာင္းတဲ့သတင္းရင္းျမစ္တစ္ခုမွာဆိုရင္ မေလးရွားၿမိဳ႕စြန္ပိုင္းမွာ ျမင့္မားလွတဲ့အေဆာက္အအုံေတြကိုေသးသြားသလိုထင္ရေစတဲ့ ဧရာမေရပန္းထြက္မႈႀကီးျဖစ္ပြားခဲ့ မႈကိုေဖာ္ျပထားခဲ့ပါတယ္။ ပီနမ္ကြ်န္းေပၚ၊ ေဂ်ာ့ရွ္ေတာင္းၿမိဳ႕စြန္၊ တန္ဂြ်န္တိုကြန္ မွာ တနလၤာေန႔ ဧရာမေရပန္းထြက္မႈႀကီးအပီးမွာ အနဲဆုံး အိမ္ ေပါင္း ၅၀ ေလာက္ပ်က္စီးဆုံးရံႈးခဲ့ရပါတယ္။

ဒီထိတ္လန့္စရာမုန္တိုင္းျကီးဟာ အဆိုပါေနရာကေနအေဝးကိုမေရာက္သြားခင္မွာ ၁၅ မိနစ္တိတိေလာက္ ကြ်န္းေပၚမွာရွိတဲ့အေဆာက္အအုံေတြကိုပုတ္ခတ္ကာ ျမိဳ့ရဲ့ေနထိုင္သူေပါင္း ၂ သိန္းကိုတုန္လႈပ္သြားေစခဲ့ပါတယ္။

ေဒသခံတစ္ဦးျဖစ္တဲ့ ၇၅ ႏွစ္အရြယ္ႏိုနာကာလစ္ဒ္ ဟာမေလးသတင္းစာကိုအခုလို ပဲေျပာျပခဲ့ပါတယ္။ “ေလရဲ႕အသံကအရမ္းျပင္းလြန္းပီးေတာ့ ေခါင္မိုးေပၚကသြပ္ျပားတစ္ခ်ပ္ လႊင့္ထြက္ေတာ့မွာကိုျမင္ေနရပါတယ္။

အမွန္တကယ္ကိုေၾကာက္စရာေကာင္းပီးေတာ့ ဒါဒီေနရာမွာေနထိုင္ခဲ့တဲ့ႏွစ္ေပါင္း ၅၀ အတြင္းမွာပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ အဆိုပါမုန္တိုင္းနဲ႔ပတ္သတ္လို႔ဗီဒီယို ၃ ခုအြန္လိုင္းမွာပ်ံ႕ႏွံ့ခဲ့ပီး ၁၂ နာရီအတြင္းမွာ ၾကည့္ရႈသူေပါင္း ၁ သိန္းနီးပါးရွိခဲ့ပါတယ္။

ပထမဆုံးဗီဒီယိုမွာဆိုရင္ေတာ့ ဧရာမေရပန္းႀကီးဟာ ျမင့္မားတဲ့အေဆာက္အအုံေတြရွိတဲ့ဘက္ကို ေရြ႕ေနတယ္ဆိုတာေတြ႕ရမွာပါ။ ေနာက္ထပ္ဗီဒီယိုတစ္ခုမွာဆိုရင္ ကမ္းေျခေရွ႕ကေန ေရေတြပန္းထြက္ေနတာကိုေတြ႕ရမွာျဖစ္ပီး အမ်ိဳးသမီးတစ္ဦးရဲ႕ “ဝိုး သိပ္ကိုဆန္းၾကယ္တဲ့ျဖစ္ရပ္ ပါလား” ဆိုတဲ့စကားသံေတာင္ၾကားေနႏိုင္ပါတယ္။ တကယ့္ကိုေလဆင္ႏွာေမာင္းပုံစံအတိုင္း ပါပဲ။ေဒသခံေတြအရ အဆိုပါျဖစ္ရပ္ဟာ ညေန ၁:၃၀ ေလာက္မွာျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။



ေရပန္းေတြဟာ ေရမ်က္ႏွာျပင္ေပၚမွာေလဆင္ႏွာေမာင္းျဖစ္တဲ့အတြက္ေပၚထြက္လာတာျဖစ္ပါတယ္။ သူတို႔ဟာေျမျပင္ေပၚက ေလဆင္ႏွာေမာင္းထက္ပိုအားေပ်ာ့ပါတယ္။ အပူပိုင္းေဒသေတြမွာျဖစ္ပြားေလ့ရွိပါတယ္။

 ေရပန္းေတြတာ စက္ဝိုင္းပုံစံ ၅ ပိုင္းနဲ႔ ေရမ်က္ႏွာျပင္ေပၚမွာ ဝက္အူရစ္ပုံစံနဲ့လည္ပတ္ေနပါ တယ္။ေနာက္ဆုံးမေပ်ာက္ကြယ္သြားခင္မွာေတာ့ ကြင္းပုံစံေတြ ကေတာ့ပုံစံေတြေျပာင္းသြား ခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznews
# Unicode Version # ျဖင့္ ဖတ္ပါ #

ကြောက်လန့်ဖွယ်ကောင်းတဲ့သတင်းရင်းမြစ်တစ်ခုမှာဆိုရင် မလေးရှားမြို့စွန်ပိုင်းမှာ မြင့်မားလှတဲ့အဆောက်အအုံတွေကိုသေးသွားသလိုထင်ရစေတဲ့ ဧရာမရေပန်းထွက်မှုကြီးဖြစ်ပွားခဲ့ မှုကိုဖော်ပြထားခဲ့ပါတယ်။ ပီနမ်ကျွန်းပေါ်၊ ဂျော့ရှ်တောင်းမြို့စွန်၊ တန်ဂျွန်တိုကွန် မှာ တနင်္လာနေ့ ဧရာမရေပန်းထွက်မှုကြီးအပီးမှာ အနဲဆုံး အိမ်ပေါင်း ၅၀ လောက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒီထိတ်လန့်စရာမုန်တိုင်းကြီးဟာ အဆိုပါနေရာကနေအဝေးကိုမရောက်သွားခင်မှာ ၁၅ မိနစ်တိတိလောက် ကျွန်းပေါ်မှာရှိတဲ့အဆောက်အအုံတွေကိုပုတ်ခတ်ကာ မြို့ရဲ့နေထိုင်သူပေါင်း ၂ သိန်းကိုတုန်လှုပ်သွားစေခဲ့ပါတယ်။

ဒေသခံတစ်ဦးဖြစ်တဲ့ ၇၅ နှစ်အရွယ်နိုနာကာလစ်ဒ် ဟာမလေးသတင်းစာကိုအခုလို ပဲပြောပြခဲ့ပါတယ်။ “လေရဲ့အသံကအရမ်းပြင်းလွန်းပီးတော့ ခေါင်မိုးပေါ်ကသွပ်ပြားတစ်ချပ် လွှင့်ထွက်တော့မှာကိုမြင်နေရပါတယ်။

အမှန်တကယ်ကိုကြောက်စရာကောင်းပီးတော့ ဒါဒီနေရာမှာနေထိုင်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်းမှာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အဆိုပါမုန်တိုင်းနဲ့ပတ်သတ်လို့ဗီဒီယို ၃ ခုအွန်လိုင်းမှာပျံ့နှံ့ခဲ့ပီး ၁၂ နာရီအတွင်းမှာ ကြည့်ရှုသူပေါင်း ၁ သိန်းနီးပါးရှိခဲ့ပါတယ်။

ပထမဆုံးဗီဒီယိုမှာဆိုရင်တော့ ဧရာမရေပန်းကြီးဟာ မြင့်မားတဲ့အဆောက်အအုံတွေရှိတဲ့ဘက်ကို ရွေ့နေတယ်ဆိုတာတွေ့ရမှာပါ။ နောက်ထပ်ဗီဒီယိုတစ်ခုမှာဆိုရင် ကမ်းခြေရှေ့ကနေ ရေတွေပန်းထွက်နေတာကိုတွေ့ရမှာဖြစ်ပီး အမျိုးသမီးတစ်ဦးရဲ့ “ဝိုး သိပ်ကိုဆန်းကြယ်တဲ့ဖြစ်ရပ် ပါလား” ဆိုတဲ့စကားသံတောင်ကြားနေနိုင်ပါတယ်။ တကယ့်ကိုလေဆင်နှာမောင်းပုံစံအတိုင်း ပါပဲ။ဒေသခံတွေအရ အဆိုပါဖြစ်ရပ်ဟာ ညနေ ၁:၃၀ လောက်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ရေပန်းတွေဟာ ရေမျက်နှာပြင်ပေါ်မှာလေဆင်နှာမောင်းဖြစ်တဲ့အတွက်ပေါ်ထွက်လာတာဖြစ်ပါတယ်။ သူတို့ဟာမြေပြင်ပေါ်က လေဆင်နှာမောင်းထက်ပိုအားပျော့ပါတယ်။ အပူပိုင်းဒေသတွေမှာဖြစ်ပွားလေ့ရှိပါတယ်။

 ရေပန်းတွေတာ စက်ဝိုင်းပုံစံ ၅ ပိုင်းနဲ့ ရေမျက်နှာပြင်ပေါ်မှာ ဝက်အူရစ်ပုံစံနဲ့လည်ပတ်နေပါ တယ်။နောက်ဆုံးမပျောက်ကွယ်သွားခင်မှာတော့ ကွင်းပုံစံတွေ ကတော့ပုံစံတွေပြောင်းသွား ခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top