ေသၿပီးတဲ့ေနာက္ ဘာျဖစ္မလဲ၊ ကိုယ္ကိုယ္တိုင္ မဆံုးျဖတ္ႏိုင္ပါ။ မိမိကိုယ္တိုင္ မဆံုးျဖတ္ႏိုင္တဲ့အခါ ျမတ္စြာဘုရားက "အၾကံဉာဏ္” ဆံုးမၾသဝါဒေပးထားပါတယ္။ အဲဒီလို မဆံုးျဖတ္ႏိုင္တဲ့အခါ ေသခ်ာတာကိုလုပ္ပါတဲ့။ ဒီဘဝမွာ ေကာင္းေအာင္ေနျခင္းျဖင့္ ေနာင္ဘဝအေရး စိတ္ေအးရမယ့္ အခ်က္ေလးခ်က္ကို ျမတ္စြာဘုရား ေဟာထားပါတယ္။ တခ်ိဳ႕ ဘာသာေရးဆရာက......

(၁) တမလြန္ေလာက မ႐ွိဘူးလို႔ေျပာတယ္။
(၂) တခ်ိဳ႕ က ႐ွိတယ္လို႔ ေဟာတယ္။ အဲဒီလို _ ဆန္႔က်င္ဘက္ႏွစ္ခုၾကားမွာ ျမတ္စြာဘုရားေဟာၾကားထားတာက "ဒီဘဝမွာ ေကာင္းေအာင္လုပ္၊ ေမတၱာ၊ က႐ုဏာ၊ မုဒိတာနဲ႔ေန။ အမ်ားအတြက္ ကိုယ္ကိုယ္တိုင္က ေလာဘ၊ ေဒါသ၊ ေမာဟ အေျခခံတဲ့ အကုသိုလ္ေတြကို စြန္႔ပယ္ၿပီး အေလာဘ၊ အေဒါသ၊ အေမာဟ အေျခခံတဲ့ ကုသိုလ္တရားေတြ ၿပီးျပည့္စံုေအာင္လုပ္” ပါတဲ့။

အဲဒီလို ျဖဴစင္ေနတဲ့စိတ္႐ွိတဲ့ပုဂၢိဳလ္ဟာ တမလြန္ေလာကမ႐ွိလည္း ဘာမွ ပူစရာမလိုပါ။
ဒီဘဝမွာ ေကာင္းမွဳကုသိုလ္ေတြ ႐ွိေနရင္ တမလြန္ေလာက ႐ွိၿပီဆိုရင္လည္း ဟိုဘဝမွာ ခ်မ္းသာတဲ့ဘဝဆီ ေရာက္သြားမယ္။ ဒါဆို- စိတ္သက္သာရာ ရသြားပါတယ္။ ဘယ္ဘက္က ၾကည့္ၾကည့္ သူ႕အတြက္က လံုေလာက္ပါတယ္။

ဒီဘ၀မွာ ေကာင္းေအာင္ေနသည့္အတြက္ေၾကာင့္ တမလြန္ဘဝ ႐ွိတယ္ဆိုရင္လည္း ေနာင္ဘဝ ငါေကာင္းတဲ့ဘံု ေရာက္မွာပါပဲ၊ တမလြန္မ႐ွိဘူးဆိုရင္လည္း ဘာမွပူစရာ ကိစၥမ႐ွိပါ။ ဒီဘ၀မွာ ေကာင္းမွဳကုသိုလ္ေတြ လုပ္ေနျခင္းျဖင့္ ကိုယ့္ကိုယ္ကိုယ္ ခ်မ္းခ်မ္းသာသာနဲ႔ ထိန္းသိမ္းေစာင့္ေ႐ွာက္သြားႏိုင္ပါတယ္။ ဒီလိုနဲ႔ - စိတ္သက္သာရာ ႏွစ္မ်ိဳးရပါတယ္။

(၃) အကုသိုလ္ဆိုတာမ႐ွိဘူး၊ အကုသိုလ္ဆိုတာ လုပ္လို႔မရဘူးလို႔ ေျပာတဲ့ ပုဂၢိဳလ္က တစ္ဦး။

(၄) လုပ္လို႔ရတယ္လို႔ ေျပာတဲ့ ပုဂၢိဳလ္ကတစ္ဦး၊ ဒီလိုႏွစ္မ်ိဳးကြဲေနပါတယ္။
လုပ္လို႔မရဘူးဆိုရင္ ငါကိုယ္တိုင္ကမွ အကုသိုလ္မလုပ္တာ၊ မလုပ္ရင္ အကုသိုလ္အက်ိဳး ဘယ္ကလာမလဲလို႔ သက္သာရာရပါတယ္။ ႏွစ္ဖက္စလံုး သူ႕အတြက္ ေသခ်ာေပါက္ႀကီးပဲ။

မလုပ္ျခင္းေၾကာင့္လည္း အကုသိုလ္ မရဘူး၊ လုပ္မျဖစ္ျခင္းေၾကာင့္လည္း အကုသိုလ္မျဖစ္ဘူး။ အဲဒီေတာ့ ေလးဘက္ေလးတန္က သက္သာရာရပါတယ္။ ဒီလို- ေသခ်ာတဲ့ နည္းစနစ္ကို လိုက္နာက်င့္သံုးရမယ္လို႔ ျမတ္စြာဘုရားက ကာလာမသုတ္မွာ ေဟာၾကားထားပါတယ္။

ျမတ္စြာဘုရားက အကုသိုလ္ေတြေ႐ွာင္ဖို႔၊ ကုသိုလ္ေတြေဆာင္ဖို႔၊ ေမတၱာ၊ က႐ုဏာ၊ မုဒိတာ၊ ဥေပကၡာတရားေတြ ပြားမ်ားအားထုတ္ၾကဖို႔ဆိုတဲ့ ဒီအေျခခံတရားေတြကို ကာလာမအမ်ိဳးေတြကို ေဟာၾကားသြားပါတယ္။ ေကသမုတၱနိဂံုးမွာေနတဲ့ ကာလာမလူမ်ိဳးေတြ အင္မတန္မွ သေဘာက်ၿပီး ေနာက္ဆံုး ဗုဒၶဘာသာအျဖစ္ကို ခံယူၾကပါတယ္တဲ့။ ဒါက- ကြယ္လြန္ၿပီးတဲ့ေနာက္ စိတ္ပူစရာမလိုတဲ့ နည္းလမ္းျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ တရားခ်စ္ခင္သူေတာ္စဥ္ ပရိသတ္တို႔၊ ကာလာမသုတၱန္အတိုင္း ျမတ္စြာ ဘုရားေဟာၾကားဆံုးမတဲ့ တရားကို နာယူမွတ္သားၿပီး မိမိတို႔ဘဝမွာ တကယ္ဆင္ျခင္စဥ္းစားရမွာက အျပစ္႐ွိတဲ့အရာလား၊ အျပစ္မ႐ွိတဲ့အရာလား၊ အကုသိုလ္လား၊ ကုသိုလ္လား၊ ပညာ႐ွိေတြ ကဲ့ရဲ႕တဲ့အရာလား၊ ခ်ီးမြမ္းတဲ့ အရာလား၊ လက္ေတြ႕က်င့္သံုးလို႔႐ွိရင္ ေကာင္းက်ိဳးခ်မ္းသာကို ေပးတတ္လား၊ ဆင္းရဲဒုကၡကို ေပးတတ္လားဆိုတာေတြ ျဖစ္ပါတယ္။

ဒီအတိုင္းအတာေတြနဲ႔ ဆင္ျခင္သံုးသပ္ၿပီး ကိုယ္ပိုင္ဉာဏ္ျဖင့္ ဆံုးျဖတ္ကာ လက္ေတြ႕လိုက္နာ က်င့္သံုးရမွာ ျဖစ္တယ္လို႔ ကိုယ္စီကိုယ္စီ သေဘာက်ၿပီး က်င့္ၾကံႀကိဳးကုတ္ အားထုတ္ႏိုင္ၾကပါေစသ တည္း။

ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအ႐ွင္နႏၵမာလာဘိဝံသ(ကာလာမသုတ္ အႏွစ္ခ်ဳပ္ တရားေတာ္မွ ေကာက္ႏွဳတ္ပူေဇာ္ပါသည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼေရခ်မ္းစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


သေပြီးတဲ့နောက် ဘာဖြစ်မလဲ၊ ကိုယ်ကိုယ်တိုင် မဆုံးဖြတ်နိုင်ပါ။ မိမိကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့အခါ မြတ်စွာဘုရားက "အကြံဉာဏ်” ဆုံးမသြဝါဒပေးထားပါတယ်။ အဲဒီလို မဆုံးဖြတ်နိုင်တဲ့အခါ သေချာတာကိုလုပ်ပါတဲ့။ ဒီဘဝမှာ ကောင်းအောင်နေခြင်းဖြင့် နောင်ဘဝအရေး စိတ်အေးရမယ့် အချက်လေးချက်ကို မြတ်စွာဘုရား ဟောထားပါတယ်။ တချို့ ဘာသာရေးဆရာက......

(၁) တမလွန်လောက မရှိဘူးလို့ပြောတယ်။
(၂) တချို့ က ရှိတယ်လို့ ဟောတယ်။ အဲဒီလို _ ဆန့်ကျင်ဘက်နှစ်ခုကြားမှာ မြတ်စွာဘုရားဟောကြားထားတာက "ဒီဘဝမှာ ကောင်းအောင်လုပ်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့နေ။ အများအတွက် ကိုယ်ကိုယ်တိုင်က လောဘ၊ ဒေါသ၊ မောဟ အခြေခံတဲ့ အကုသိုလ်တွေကို စွန့်ပယ်ပြီး အလောဘ၊ အဒေါသ၊ အမောဟ အခြေခံတဲ့ ကုသိုလ်တရားတွေ ပြီးပြည့်စုံအောင်လုပ်” ပါတဲ့။

အဲဒီလို ဖြူစင်နေတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာ တမလွန်လောကမရှိလည်း ဘာမှ ပူစရာမလိုပါ။
ဒီဘဝမှာ ကောင်းမှုကုသိုလ်တွေ ရှိနေရင် တမလွန်လောက ရှိပြီဆိုရင်လည်း ဟိုဘဝမှာ ချမ်းသာတဲ့ဘဝဆီ ရောက်သွားမယ်။ ဒါဆို- စိတ်သက်သာရာ ရသွားပါတယ်။ ဘယ်ဘက်က ကြည့်ကြည့် သူ့အတွက်က လုံလောက်ပါတယ်။

ဒီဘဝမှာ ကောင်းအောင်နေသည့်အတွက်ကြောင့် တမလွန်ဘဝ ရှိတယ်ဆိုရင်လည်း နောင်ဘဝ ငါကောင်းတဲ့ဘုံ ရောက်မှာပါပဲ၊ တမလွန်မရှိဘူးဆိုရင်လည်း ဘာမှပူစရာ ကိစ္စမရှိပါ။ ဒီဘဝမှာ ကောင်းမှုကုသိုလ်တွေ လုပ်နေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ချမ်းချမ်းသာသာနဲ့ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ပါတယ်။ ဒီလိုနဲ့ - စိတ်သက်သာရာ နှစ်မျိုးရပါတယ်။

(၃) အကုသိုလ်ဆိုတာမရှိဘူး၊ အကုသိုလ်ဆိုတာ လုပ်လို့မရဘူးလို့ ပြောတဲ့ ပုဂ္ဂိုလ်က တစ်ဦး။

(၄) လုပ်လို့ရတယ်လို့ ပြောတဲ့ ပုဂ္ဂိုလ်ကတစ်ဦး၊ ဒီလိုနှစ်မျိုးကွဲနေပါတယ်။
လုပ်လို့မရဘူးဆိုရင် ငါကိုယ်တိုင်ကမှ အကုသိုလ်မလုပ်တာ၊ မလုပ်ရင် အကုသိုလ်အကျိုး ဘယ်ကလာမလဲလို့ သက်သာရာရပါတယ်။ နှစ်ဖက်စလုံး သူ့အတွက် သေချာပေါက်ကြီးပဲ။

မလုပ်ခြင်းကြောင့်လည်း အကုသိုလ် မရဘူး၊ လုပ်မဖြစ်ခြင်းကြောင့်လည်း အကုသိုလ်မဖြစ်ဘူး။ အဲဒီတော့ လေးဘက်လေးတန်က သက်သာရာရပါတယ်။ ဒီလို- သေချာတဲ့ နည်းစနစ်ကို လိုက်နာကျင့်သုံးရမယ်လို့ မြတ်စွာဘုရားက ကာလာမသုတ်မှာ ဟောကြားထားပါတယ်။

မြတ်စွာဘုရားက အကုသိုလ်တွေရှောင်ဖို့၊ ကုသိုလ်တွေဆောင်ဖို့၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတွေ ပွားများအားထုတ်ကြဖို့ဆိုတဲ့ ဒီအခြေခံတရားတွေကို ကာလာမအမျိုးတွေကို ဟောကြားသွားပါတယ်။ ကေသမုတ္တနိဂုံးမှာနေတဲ့ ကာလာမလူမျိုးတွေ အင်မတန်မှ သဘောကျပြီး နောက်ဆုံး ဗုဒ္ဓဘာသာအဖြစ်ကို ခံယူကြပါတယ်တဲ့။ ဒါက- ကွယ်လွန်ပြီးတဲ့နောက် စိတ်ပူစရာမလိုတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စဉ် ပရိသတ်တို့၊ ကာလာမသုတ္တန်အတိုင်း မြတ်စွာ ဘုရားဟောကြားဆုံးမတဲ့ တရားကို နာယူမှတ်သားပြီး မိမိတို့ဘဝမှာ တကယ်ဆင်ခြင်စဉ်းစားရမှာက အပြစ်ရှိတဲ့အရာလား၊ အပြစ်မရှိတဲ့အရာလား၊ အကုသိုလ်လား၊ ကုသိုလ်လား၊ ပညာရှိတွေ ကဲ့ရဲ့တဲ့အရာလား၊ ချီးမွမ်းတဲ့ အရာလား၊ လက်တွေ့ကျင့်သုံးလို့ရှိရင် ကောင်းကျိုးချမ်းသာကို ပေးတတ်လား၊ ဆင်းရဲဒုက္ခကို ပေးတတ်လားဆိုတာတွေ ဖြစ်ပါတယ်။

ဒီအတိုင်းအတာတွေနဲ့ ဆင်ခြင်သုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ကာ လက်တွေ့လိုက်နာ ကျင့်သုံးရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသ တည်း။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ(ကာလာမသုတ် အနှစ်ချုပ် တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)

ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရေချမ်းစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top