ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕မွာ လူသတ္ၿပီး ထြက္ေျပးလြတ္ေျမာက္ေနတဲ့ တရားခံလုိ႔ ယူဆရသူကို ဧၿပီ ၁၇ ရက္ေန႔ ညေန ၆ နာရီက ဖမ္းမိခဲ့တယ္လို႔ မိုးညႇင္းရဲစခန္းကသိရပါတယ္။

ဧၿပီ ၁၂ ရက္ညေန႔က သက္ပုိင္ဦးဆုိသူဟာ စိမ္းေျမာက္ဓမၼာ႐ုံမွာ သႀကၤန္ယိမ္းအကတိုက္ဖို႔ လာၾကတဲ့ ေမမီႏွင္းနဲ႔ စကားမ်ားၿပီး ဓားနဲ႔ထိုးခဲ့ေၾကာင္း၊ ဝင္ေရာက္ဖ်န္ေျဖသူ ေမာ္ေမာ္ေအးကိုလည္း ဓားနဲ႔ထိုးၿပီး ထြက္ေျပးသြားခဲ့တယ္လုိ႔ ဆုိပါတယ္။

၀င္ေရာက္ျဖန္ေျဖသူ ေမာ္ေမာ္ေအး ေသဆံုးခဲ့ၿပီး ထြက္ေျပးသြားတဲ့ သက္ပုိင္ဦးကုိ ေမာ္ဟန္-နမၼခ်ီ ေက်ာက္စိမ္းေမွာ္မွာ ဖမ္းမိခဲ့တယ္လုိ႔ သိရပါတယ္။

လူသတ္မႈနဲ႔ပတ္သက္ၿပီး ေဒသခံအမ်ိဳးသမီးတခ်ိဳ႕က အမွန္အတိုင္းျဖစ္ေစခ်င္ေၾကာင္း၊ က်ဴးလြန္သူကုိ ေသစားေသေစ အမိန္႔ခ်ေပးေစခ်င္တယ္လို႔ ဆိုပါတယ္။တရားခံလို႔ ယူဆရသူ သက္ပိုင္ဦးကို မိုးညႇင္းရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ ဖမ္းဆီးအေရးယူထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ကချင်ပြည်နယ် မိုးညှင်းမြို့မှာ လူသတ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံလို့ ယူဆရသူကို ဧပြီ ၁၇ ရက်နေ့ ညနေ ၆ နာရီက ဖမ်းမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းကသိရပါတယ်။

ဧပြီ ၁၂ ရက်ညနေ့က သက်ပိုင်ဦးဆိုသူဟာ စိမ်းမြောက်ဓမ္မာရုံမှာ သြင်္ကန်ယိမ်းအကတိုက်ဖို့ လာကြတဲ့ မေမီနှင်းနဲ့ စကားများပြီး ဓားနဲ့ထိုးခဲ့ကြောင်း၊ ဝင်ရောက်ဖျန်ဖြေသူ မော်မော်အေးကိုလည်း ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဝင်ရောက်ဖြန်ဖြေသူ မော်မော်အေး သေဆုံးခဲ့ပြီး ထွက်ပြေးသွားတဲ့ သက်ပိုင်ဦးကို မော်ဟန်-နမ္မချီ ကျောက်စိမ်းမှော်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး ဒေသခံအမျိုးသမီးတချို့က အမှန်အတိုင်းဖြစ်စေချင်ကြောင်း၊ ကျူးလွန်သူကို သေစားသေစေ အမိန့်ချပေးစေချင်တယ်လို့ ဆိုပါတယ်။တရားခံလို့ ယူဆရသူ သက်ပိုင်ဦးကို မိုးညှင်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top