ထိုင္းအစားအစာေတြတိုင္းလိုလိုမွာေတြ႔ရတတ္တဲ့ အေမႊးအၾကိဳင္တစ္ခုပါ။ တို႔ဟူးသုပ္၊ ငါးဖယ္သုပ္၊ကင္းမြန္သုပ္ေတြထဲထည့္စားရင္လည္း အနံ႔အရသာျပည့္စံုေစတဲ့ ဟင္းခတ္အေမႊးအၾကိဳင္ေလးေပါ့။ တို႔စားရင္လည္းေမႊးေမႊးေလးနဲ႔ ခံတြင္းရွင္းပါေသးတယ္ေနာ္။ ေရွာက္ရြက္ရဲ႕ အသံုးတည့္မႈက ဒီေလာက္ပဲလား။ ဒီထက္မကတဲ့ က်န္းမာေရးအက်ိဳးထူးေတြပိုင္ဆိုင္ထားတဲ့ ေရွာက္ရြက္ေလးအေၾကာင္း နည္းနည္းေလာက္  ေဆြးေႏြးၾကရေအာင္လား။
ေရွာက္ရြက္မွာဘာေတြပါလဲ

ေရွာက္ရြက္မွာ ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးႏိုင္တဲ့ ဗီတာမင္ C၊ ေရွာက္မ်ိဳးႏြယ္ဝင္အပင္ေတြမွာ ပါတဲ့ ဗီတာမင္ တစ္မ်ိဳးျဖစ္တဲ့ ဗီတာမင္ Pတို႔အဓိကပါဝင္ေနပါတယ္။
ဘယ္လိုက်န္းမာေရးအက်ိဳးေက်းဇူးေတြရရွိေစႏုိင္တာလဲ

ေရွာက္ရြက္က ဖေလဗာႏိြဳက္ၾကြယ္ဝစြာပါဝင္ေနတာေၾကာင့္ ႏွလံုးေရာဂါနဲ႔ ကင္ဆာေဝဒနာခံစားေနရသူေတြအတြက္ သင့္ေတာ္ပါတယ္။  အစားမ်ားလို႔ မအီမသာျဖစ္တာ၊ ပင္ပန္းႏံုးခ်ိတာ၊ ေအာ့အန္တာ၊ ဗိုက္မေကာင္းတာေတြအတြက္လည္း ေရွာက္ရြက္ကို ေရစင္စင္ေလးေဆးျပီး ဝါးစားလိုက္ရံုပါ။ ဝမ္းသြားေနသူေြအေနနဲ႔ ေရွာက္ရြက္ႏုႏုေလးကိုဝါးစားေပးလို႔ရသလို ေရွာက္ရြက္ျပဳတ္ရည္ေသာက္ေပးလို႔လည္းရပါတယ္။ အနာေတြ၊ ျပတ္ရွဒဏ္ရာေတြ အနာစိမ္းေတြျဖစ္တဲ့အခါမွာလည္း အနာကိုပိုးဝင္ကူးစက္တာမ်ိဳးမျဖစ္ေစဖို႔ ေရွာက္ရြက္ကိုေရစင္ေအာင္ေဆးျပီး သတၱဳရည္ကို စြတ္ေပးလို႔ရပါတယ္။ အဆစ္အျမစ္ေတြေရာင္တာ၊ အေၾကာအျခင္ေတြေရာင္ရမ္းနာက်င္တာကိုလည္း သက္သာေစႏိုင္ပါေသးတယ္။ ေသြးေၾကာေတြကို က်န္းမာေစျပီး ကိုယ္ခံအားစနစ္ကိုလည္း က်န္းမာေစႏို္င္ပါတယ္။

အာရံုေၾကာေတြက်န္းမာေစဖို႔ အသံုးျပဳလို႔ရသလို၊ေသြးတိုးတာ၊ အစာေျခစနစ္မွာျဖစ္တဲ့အနာေတြကို သက္သာေစဖို႔ အတြက္လည္း အသံုးျပဳလို႔ရပါတယ္။ ညဘက္အိပ္မေပ်ာ္သူေတြအတြက္လည္း အစြမ္းထက္တဲ့သဘာဝေဆးတစ္မ်ိဳးပါ။ အေအးမိတာ၊ အစာမေၾကတာ၊ဝမ္းခ်ဳပ္တာ၊ ပန္းနာရင္ၾကပ္ခံစားေနရတာ၊ေလျပြန္ေရာင္ရမ္းတာ၊ အသက္ရႈလမ္းေၾကာင္း ဆိုင္ရာေရာဂါခံစားေနရတာ၊ ဗီတာမင္ C ခ်ိဳ႕တဲ့မႈေတြကို သက္သာေစႏိုင္ပါတယ္။ စိတ္ျငိမ္ေစျပီး အာရံုေၾကာေတြကို က်န္းမာေစႏိုင္တဲ့ အာနိသင္လည္းရွိပါတယ္။

ေခါင္းကိုက္တာ၊ ေခါင္းတစ္ျခမ္းကိုက္တာခံစားေနရမယ္ဆိုရင္ေတာ့ ေရွာက္ရြက္ကို ေရေႏြးဆူဆူထဲမွာ ၁၀ မိနစ္ေလာက္စိမ္ျပီး ရလာတဲ့ အရည္ကို ေသာက္ေပးပါ။ ေန႔စဉ္ ႏွစ္ခြက္ပံုမွန္ေသာက္ေပးမယ္ဆိုရင္ ေခါင္းကိုက္တာ သက္သာသြားမွၾပါ။ ပန္းနာရင္ၾကပ္ရွိသူေတြအေနနဲ႔လည္း ေရွာက္ရြက္ကို ေဆးျဖစ္ဝါးျဖစ္စားေပးသင့္ပါတယ္။

ဒီေလာက္ဆိုရင္ေတာ့ ေရွာက္ရြက္ေလးက ဟင္းလ်ာေတြကိုပဲ အနံ႔အရသာျပည့္စံုေစတာလား၊ က်န္းမာေရးကိုပါ အေထာက္အကူျပဳလားဆိုတာကို သဲသဲကြဲကြဲသိေလာက္မယ္ထင္ပါတယ္ေနာ္။ ေရွာက္ရြက္ႏုႏုေလးေတြကို က်န္းမာေရးအတြက္ စားလိုက္ၾကရေအာင္လား…….


ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းအစားအစာတွေတိုင်းလိုလိုမှာတွေ့ရတတ်တဲ့ အမွှေးအကြိုင်တစ်ခုပါ။ တို့ဟူးသုပ်၊ ငါးဖယ်သုပ်၊ကင်းမွန်သုပ်တွေထဲထည့်စားရင်လည်း အနံ့အရသာပြည့်စုံစေတဲ့ ဟင်းခတ်အမွှေးအကြိုင်လေးပေါ့။ တို့စားရင်လည်းမွှေးမွှေးလေးနဲ့ ခံတွင်းရှင်းပါသေးတယ်နော်။ ရှောက်ရွက်ရဲ့ အသုံးတည့်မှုက ဒီလောက်ပဲလား။ ဒီထက်မကတဲ့ ကျန်းမာရေးအကျိုးထူးတွေပိုင်ဆိုင်ထားတဲ့ ရှောက်ရွက်လေးအကြောင်း နည်းနည်းလောက်  ဆွေးနွေးကြရအောင်လား။
ရှောက်ရွက်မှာဘာတွေပါလဲ

ရှောက်ရွက်မှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C၊ ရှောက်မျိုးနွယ်ဝင်အပင်တွေမှာ ပါတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် Pတို့အဓိကပါဝင်နေပါတယ်။
ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်တာလဲ

ရှောက်ရွက်က ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးရောဂါနဲ့ ကင်ဆာဝေဒနာခံစားနေရသူတွေအတွက် သင့်တော်ပါတယ်။  အစားများလို့ မအီမသာဖြစ်တာ၊ ပင်ပန်းနုံးချိတာ၊ အော့အန်တာ၊ ဗိုက်မကောင်းတာတွေအတွက်လည်း ရှောက်ရွက်ကို ရေစင်စင်လေးဆေးပြီး ဝါးစားလိုက်ရုံပါ။ ဝမ်းသွားနေသူေွအနေနဲ့ ရှောက်ရွက်နုနုလေးကိုဝါးစားပေးလို့ရသလို ရှောက်ရွက်ပြုတ်ရည်သောက်ပေးလို့လည်းရပါတယ်။ အနာတွေ၊ ပြတ်ရှဒဏ်ရာတွေ အနာစိမ်းတွေဖြစ်တဲ့အခါမှာလည်း အနာကိုပိုးဝင်ကူးစက်တာမျိုးမဖြစ်စေဖို့ ရှောက်ရွက်ကိုရေစင်အောင်ဆေးပြီး သတ္တုရည်ကို စွတ်ပေးလို့ရပါတယ်။ အဆစ်အမြစ်တွေရောင်တာ၊ အကြောအခြင်တွေရောင်ရမ်းနာကျင်တာကိုလည်း သက်သာစေနိုင်ပါသေးတယ်။ သွေးကြောတွေကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

အာရုံကြောတွေကျန်းမာစေဖို့ အသုံးပြုလို့ရသလို၊သွေးတိုးတာ၊ အစာခြေစနစ်မှာဖြစ်တဲ့အနာတွေကို သက်သာစေဖို့ အတွက်လည်း အသုံးပြုလို့ရပါတယ်။ ညဘက်အိပ်မပျော်သူတွေအတွက်လည်း အစွမ်းထက်တဲ့သဘာဝဆေးတစ်မျိုးပါ။ အအေးမိတာ၊ အစာမကြေတာ၊ဝမ်းချုပ်တာ၊ ပန်းနာရင်ကြပ်ခံစားနေရတာ၊လေပြွန်ရောင်ရမ်းတာ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါခံစားနေရတာ၊ ဗီတာမင် C ချို့တဲ့မှုတွေကို သက်သာစေနိုင်ပါတယ်။ စိတ်ငြိမ်စေပြီး အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။

ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာခံစားနေရမယ်ဆိုရင်တော့ ရှောက်ရွက်ကို ရေနွေးဆူဆူထဲမှာ ၁၀ မိနစ်လောက်စိမ်ပြီး ရလာတဲ့ အရည်ကို သောက်ပေးပါ။ နေ့စဉ် နှစ်ခွက်ပုံမှန်သောက်ပေးမယ်ဆိုရင် ခေါင်းကိုက်တာ သက်သာသွားမှပြါ။ ပန်းနာရင်ကြပ်ရှိသူတွေအနေနဲ့လည်း ရှောက်ရွက်ကို ဆေးဖြစ်ဝါးဖြစ်စားပေးသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ရှောက်ရွက်လေးက ဟင်းလျာတွေကိုပဲ အနံ့အရသာပြည့်စုံစေတာလား၊ ကျန်းမာရေးကိုပါ အထောက်အကူပြုလားဆိုတာကို သဲသဲကွဲကွဲသိလောက်မယ်ထင်ပါတယ်နော်။ ရှောက်ရွက်နုနုလေးတွေကို ကျန်းမာရေးအတွက် စားလိုက်ကြရအောင်လား…….


ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top