မႏၱေလးမွ ရန္ကုန္သို႔ ထြက္ခြာလာသည့္ ” မင္းသစၥာ ” ခရီးသည္တင္ယာဥ္္အား သတ္မွတ္လူဦးေရးထက္ ပိုမိုၿပီး အလယ္ခံု တြင္ ခရီးသည္တင္ေဆာင္မႈေၾကာင့္ ခံဝန္ထိုးခိုင္းၿပီး သတိေပးခဲ့သည္ ဟု အျမန္လမ္းရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္သည္။

ခရီးသည္ပိုမိုတင္ေဆာင္ေၾကာင္း အြန္လိုင္းတြင္ပ်ံႏွံေနသည့္ ပို႔စ္ တစ္ခုေၾကာင့္ သီးကုန္းစခန္းမွ ရဲတပ္ဖြဲ႔ဝင္မ်ားက toll gate တြင္ အေဝးေျပးယာဥ္မ်ားအား စစ္ေဆးရာတြင္ ယခုကဲ့သို႔ ေတြ႔ရွိခဲ့ ျခင္းျဖစ္သည္။

ပိုမိုတင္ေဆာင္လာေသာ ခရီးသည္မ်ားအား အျခားခရီးသည္တင္ ယာဥ္ေပၚသို႔ ေ႐ြ႕ေျပာင္းခဲ့ၿပီး ယာဥ္ေမာင္းအား ေနာက္ေနာင္ သတ္မွတ္လူဦးေရထက္ ေက်ာ္လြန္မတင္ေဆာင္ရန္အတြက္ ခံဝန္ထိုးသတိေပးခဲ့ေၾကာင္း အျမန္လမ္းရဲတပ္ဖြဲ႔မွဴး႐ံုးက သတင္း ထုတ္ျပန္ထားသည္။

အျမန္လမ္းမႀကီး ရဲတပ္ဖြဲ ့သည္ အျမန္လမ္းမတေလ်ာက္ ခရီးသြား လာၾကသည့္ ျပည္သူမ်ား အတြက္ လိုအပ္ေသာ အခက္အခဲမ်ားကို ဝန္ေဆာင္မွဳ ျပဳ ေျဖရွင္းေပးရန္ ျပည္သူ မ်ားမွ အျမန္ဆုံး ဆက္သြယ္ နိုင္ေရးအတြက္ Hot line တယ္လီဖုန္း(၈၀)လုးံထားရွိ ထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Fifth Wave News
#Unicode Version#
 မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် ” မင်းသစ္စာ ” ခရီးသည်တင်ယာဉ်အား သတ်မှတ်လူဦးရေးထက် ပိုမိုပြီး အလယ်ခုံ တွင် ခရီးသည်တင်ဆောင်မှုကြောင့် ခံဝန်ထိုးခိုင်းပြီး သတိပေးခဲ့သည် ဟု အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ခရီးသည်ပိုမိုတင်ဆောင်ကြောင်း အွန်လိုင်းတွင်ပျံနှံနေသည့် ပို့စ် တစ်ခုကြောင့် သီးကုန်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက toll gate တွင် အဝေးပြေးယာဉ်များအား စစ်ဆေးရာတွင် ယခုကဲ့သို့ တွေ့ရှိခဲ့ ခြင်းဖြစ်သည်။

ပိုမိုတင်ဆောင်လာသော ခရီးသည်များအား အခြားခရီးသည်တင် ယာဉ်ပေါ်သို့ ရွေ့ပြောင်းခဲ့ပြီး ယာဉ်မောင်းအား နောက်နောင် သတ်မှတ်လူဦးရေထက် ကျော်လွန်မတင်ဆောင်ရန်အတွက် ခံဝန်ထိုးသတိပေးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်ထားသည်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့သည် အမြန်လမ်းမတလျောက် ခရီးသွား လာကြသည့် ပြည်သူများ အတွက် လိုအပ်သော အခက်အခဲများကို ဝန်ဆောင်မှု ပြု ဖြေရှင်းပေးရန် ပြည်သူ များမှ အမြန်ဆုံး ဆက်သွယ် နိုင်ရေးအတွက် Hot line တယ်လီဖုန်း(၈၀)လုးံထားရှိ ထားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:The Fifth Wave News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top