ကြၽန္မငယ္ငယ္က စာမေတာ္ဘူး 1 to 10 မေျပာနဲ႔ 1to 20 ေတာင္ မဝင္ခဲ့ဘူး က်ြန္မလည္း ကိုယ့္စြမ္းအားရွိသေလာက္ ႀကိဳးစားက်က္တာပဲ..
နားလည္တာေတြရွိသလို နားမလည္တာေတြလည္းရွိတယ္…

ဒီေတာ့ အလြတ္က်က္ ဒါေမး ဒါေျဖကာလက စာေမးပြဲေတြမွာ အလြတ္မက်က္ႏိုင္တဲ့ကြၽန္မ အဆင့္ေတြလည္း မေကာင္းခဲ့ဘူး…
စာေတာ္တဲ့အထဲမပါေတာ့ အတန္းထဲမွာကြၽန္မ မ်က္ႏွာလည္းမရခဲ့ပါဘူး..
ဆရာမနားေနခန္းမွာ စာေတြသြားသြားေမးၿပီး အခ်ိန္ရွိသေရြ႕စာလုပ္ေနတဲ့ မိန္းကေလးေတြကလည္း က်ြန္မကိုမေပါင္းၾကဘူး..

အရမ္းမခ်မ္းသာေတာ့ ဆရာေတြဆရာမေတြကို အိမ္မွာဝိုင္းေခၚၿပီးလည္းမသင္ႏိုင္ခဲ့ေတာ့ အတန္းထဲမွာကြ်န္မနာမည္ဟာ အတန္းတက္လို႔နာမည္ေခၚရင္ထူးဖို႔တစ္ခုပဲ အသံုးဝင္ခဲ့တယ္..
အတူထိုင္တဲ့သူငယ္ခ်င္း သံုးေလးေယာက္ေလာက္ကလြဲရင္ ကြၽန္မ ရွိမွန္းေတာင္မသိၾကဘူး..
အရင္ကေတာ့ ကြၽန္မစိတ္ထဲ အဆင့္၁ရသူေတြဟာ …
သူတို႔အသက္ႀကီးလာရင္ ပညာတက္ႀကီးေတြျဖစ္လာလိမ့္မယ္ ေငြေတြခ်မ္းသာၾကလိမ့္မယ္ သူတို႔ဘဝေတြအျမဲေအာင္ျမင္ၾကမယ္လို႔ ထင္ခဲ့မိတယ္…
ဆရာဆရာမေတြကလည္း သူတို႔သည္သာ စံျပ သူတို႔သည္သာ ဆရာဝန္ အင္ဂ်င္နီယာေတြျဖစ္ၾကလိမ့္မယ္ သူတို႔သည္သာ ခ်မ္းခ်မ္းသာသာေနရလိမ့္မယ္ ဆိုၿပီး အျမဲေျပာခဲ့ၾကတယ္…

က်ြန္မတို႔က အဆင့္မေကာင္းဘူး ပညာမေတာ္ဘူး ႀကီးလာရင္ ဆင္းရဲလိမ့္မယ္ ပင္ပန္းလိမ့္မယ္ဆိုၿပီး စာေတြကိုပဲအလြတ္က်က္ခိုင္းၾကတယ္…
အဲ့အတြက္ က်ြန္မတို႔လို အမွတ္မေကာင္း အဆင့္မေကာင္းသူေတြဟာ ငါတို႔ႀကီးလာရင္ လူရာဝင္မွာမဟုတ္ဘူးဆိုၿပီး အေတြးရွိခဲ့ၾကဘူးတယ္….
အဆင့္မေကာင္းတဲ့က်ြန္မဟာ ဘယ္ဆရာမရဲ႕မ်က္ႏွာသာေပးျခင္းကိုမွ မခံရသလို ေငြေၾကးမခ်မ္းသာလို႔ ေက်ာင္းပြဲေတာ္ေတြရဲ႕ဘယ္ေနရာမွာမွ လူရာမဝင္ခဲ့ဘူး…

ဒီအေၾကာင္းေတြကိုကြၽန္မအေမကိုျပန္ေျပာတိုင္း အေမကစကားတစ္ခြန္းအျမဲေျပာတယ္ “အဆင့္မေကာင္းေပမယ့္ လူေကာင္းျဖစ္ေအာင္ႀကိဳးစားေပါ့သမီးရဲ႕”တဲ့ “ငါ့သမီးက စာညံ့ေပမယ့္ ႀကီးလာရင္ လူရာဝင္မွာပါ”တဲ့…..
ခုျပန္ေတြးၾကည့္ေတာ့လည္း အေမေျပာတာေလးေတြမမွားခဲ့ဘူးဆိုတာ က်ြန္မသိလာတယ္ ခုခ်ိန္မွာ ငယ္ငယ္က အဆင့္၁ ဆိုတဲ့သူတိုင္းလည္း မခ်မ္းသာၾကသလို…
အမွတ္ေကာင္းခဲ့တဲ့သူတိုင္းလည္း ဆရာဝန္မျဖစ္ခဲ့ၾကပါဘူး ဆရာမေတြရဲ႕မ်က္ႏွာသာေပးတာခံခဲ့ရတဲ့ သူတခ်ိဳ႕လည္း ေလာကဓံရဲ႕မ်က္ႏွာသာေပးျခင္းကိုမခံရဘဲ အဆင္မေျပေနၾကတဲ့သူေတြလည္း က်ြန္မေတြ႕ေနရတယ္ ၉တန္းေတာင္မေအာင္တဲ့သူေတြက သိန္းကိုေသာင္းနဲ႔ခ်ီခ်မ္းသာေနၾကၿပီး…

ႏွစ္စဥ္ပထမရခဲ့တဲ့သူတခ်ိဳ႕ကေတာ့ ရာထူးတစ္ခု ခံုတစ္လံုး ေဘာပင္တစ္ေခ်ာင္းနဲ႔ အသက္ေတြႀကီးသြားတာက်မျမင္ေနရတယ္ ဆယ္တန္းကိုရိုးရိုးသာေအာင္ခဲ့တဲ့သူေတြက ကားထည္လဲစီးေနၾကၿပီး ဂုဏ္ထူးေတြနဲ႔ေအာင္တဲ့သူေတြက Bus ကားစီးေနရတုန္းပဲ…
စာေတာ္ခဲ့ၿပီး ခုလည္းအဆင္ေျပေနၾကသူေတြရွိသလို စာညံ့တဲ့သူေတြ ခုလည္းဆင္းရဲေနတုန္းပဲဆိုတာလည္း ကြၽန္မေတြ႕ေနရတယ္ ဆိုေတာ့…

က်ြန္မငယ္ငယ္က စာမရလို႔စိတ္ဓာတ္က်ၿပီး ငိုခဲ့တာေတြ..
အဆင့္၁ရတဲ့သူေတြရဲ႕က်ြန္မတို႔ကို ႏွိမ္ခ်ဆက္ဆံတာေတြ…
ကြၽန္မတို႔ဘဝရဲ႕အဆံုးအျဖတ္ဟာ Report card ေပၚကအဆင့္သာလၽွင္ျဖစ္တယ္လို႔ ကြၽန္မထင္ေနခဲ့တာေတြ…
အားလံုးဟာ ဟာသေတြျဖစ္ကုန္တယ္ ကံၾကမၼာရဲ႕အဆံုးအျဖတ္ဟာ အဆင့္သက္မွတ္ခ်က္ေတြထက္ ပိုအေရးႀကီးတယ္ဆိုတာသိလာတဲ့အခါ..
ဘဝေပးအေျခအေနနဲ႔ မိဘရဲ႕ေထာက္ပံ့ေပးႏိုင္မႈေတြဟာ အတန္းထဲမွာ ပထမရတာထက္ ပိုအေရးႀကီးတယ္ဆိုတာ…

ပညာေရးမွာမထူးခၽြန္ေပမယ့္ လူတိုင္းဟာ တျခားတစ္ခုခုမွာ ထူးခၽြန္ႏိုင္တယ္ဆိုတာ…
ဘဝမွာ ကိုယ္ယံုၾကည္ရာကိုသာ ေသခ်ာႀကိဳးစားရင္ အဆင့္၁မရလည္းကိစၥမရွိဘူးဆိုတာ သိလာတဲ့အခ်ိန္မွာ…
က်ြန္မ သားသမီးေတြကို အတန္းထဲမွာ ပထမရဖို႔ အသည္းအသန္ႀကိဳးစားၿပီး အပူေလာင္ေနတဲ့မိဘေတြထဲ က်မ မပါေတာ့ဘူး…

က်ြန္မအေမလိုပဲ က်ြန္မ သားသမီးေတြကို စကားတခြန္းပဲက်ြန္မအျမဲေျပာတယ္ “အဆင့္ ၁ရဖို႔ထက္ လူေကာင္းျဖစ္ေအာင္ ႀကိဳးစားပါ အဆင့္၁ ရဖို႔ထက္ လူရာဝင္ေအာင္ လူဝင္ဆံ့ေအာင္ပိုႀကိဳးစားပါ အတန္းထဲမွာ မ်က္ႏွာရဖို႔ထက္ ျပင္ပေလာကမွာ ေအာင္ျမင္စြာရပ္တည္ဖို႔ အျမဲႀကိဳးစားပါ”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွန်မငယ်ငယ်က စာမတော်ဘူး 1 to 10 မပြောနဲ့ 1to 20 တောင် မဝင်ခဲ့ဘူး ကျွန်မလည်း ကိုယ့်စွမ်းအားရှိသလောက် ကြိုးစားကျက်တာပဲ..
နားလည်တာတွေရှိသလို နားမလည်တာတွေလည်းရှိတယ်…

ဒီတော့ အလွတ်ကျက် ဒါမေး ဒါဖြေကာလက စာမေးပွဲတွေမှာ အလွတ်မကျက်နိုင်တဲ့ကျွန်မ အဆင့်တွေလည်း မကောင်းခဲ့ဘူး…
စာတော်တဲ့အထဲမပါတော့ အတန်းထဲမှာကျွန်မ မျက်နှာလည်းမရခဲ့ပါဘူး..
ဆရာမနားနေခန်းမှာ စာတွေသွားသွားမေးပြီး အချိန်ရှိသရွေ့စာလုပ်နေတဲ့ မိန်းကလေးတွေကလည်း ကျွန်မကိုမပေါင်းကြဘူး..

အရမ်းမချမ်းသာတော့ ဆရာတွေဆရာမတွေကို အိမ်မှာဝိုင်းခေါ်ပြီးလည်းမသင်နိုင်ခဲ့တော့ အတန်းထဲမှာကျွန်မနာမည်ဟာ အတန်းတက်လို့နာမည်ခေါ်ရင်ထူးဖို့တစ်ခုပဲ အသုံးဝင်ခဲ့တယ်..
အတူထိုင်တဲ့သူငယ်ချင်း သုံးလေးယောက်လောက်ကလွဲရင် ကျွန်မ ရှိမှန်းတောင်မသိကြဘူး..
အရင်ကတော့ ကျွန်မစိတ်ထဲ အဆင့်၁ရသူတွေဟာ …
သူတို့အသက်ကြီးလာရင် ပညာတက်ကြီးတွေဖြစ်လာလိမ့်မယ် ငွေတွေချမ်းသာကြလိမ့်မယ် သူတို့ဘဝတွေအမြဲအောင်မြင်ကြမယ်လို့ ထင်ခဲ့မိတယ်…
ဆရာဆရာမတွေကလည်း သူတို့သည်သာ စံပြ သူတို့သည်သာ ဆရာဝန် အင်ဂျင်နီယာတွေဖြစ်ကြလိမ့်မယ် သူတို့သည်သာ ချမ်းချမ်းသာသာနေရလိမ့်မယ် ဆိုပြီး အမြဲပြောခဲ့ကြတယ်…

ကျွန်မတို့က အဆင့်မကောင်းဘူး ပညာမတော်ဘူး ကြီးလာရင် ဆင်းရဲလိမ့်မယ် ပင်ပန်းလိမ့်မယ်ဆိုပြီး စာတွေကိုပဲအလွတ်ကျက်ခိုင်းကြတယ်…
အဲ့အတွက် ကျွန်မတို့လို အမှတ်မကောင်း အဆင့်မကောင်းသူတွေဟာ ငါတို့ကြီးလာရင် လူရာဝင်မှာမဟုတ်ဘူးဆိုပြီး အတွေးရှိခဲ့ကြဘူးတယ်….
အဆင့်မကောင်းတဲ့ကျွန်မဟာ ဘယ်ဆရာမရဲ့မျက်နှာသာပေးခြင်းကိုမှ မခံရသလို ငွေကြေးမချမ်းသာလို့ ကျောင်းပွဲတော်တွေရဲ့ဘယ်နေရာမှာမှ လူရာမဝင်ခဲ့ဘူး…

ဒီအကြောင်းတွေကိုကျွန်မအမေကိုပြန်ပြောတိုင်း အမေကစကားတစ်ခွန်းအမြဲပြောတယ် “အဆင့်မကောင်းပေမယ့် လူကောင်းဖြစ်အောင်ကြိုးစားပေါ့သမီးရဲ့”တဲ့ “ငါ့သမီးက စာညံ့ပေမယ့် ကြီးလာရင် လူရာဝင်မှာပါ”တဲ့…..
ခုပြန်တွေးကြည့်တော့လည်း အမေပြောတာလေးတွေမမှားခဲ့ဘူးဆိုတာ ကျွန်မသိလာတယ် ခုချိန်မှာ ငယ်ငယ်က အဆင့်၁ ဆိုတဲ့သူတိုင်းလည်း မချမ်းသာကြသလို…
အမှတ်ကောင်းခဲ့တဲ့သူတိုင်းလည်း ဆရာဝန်မဖြစ်ခဲ့ကြပါဘူး ဆရာမတွေရဲ့မျက်နှာသာပေးတာခံခဲ့ရတဲ့ သူတချို့လည်း လောကဓံရဲ့မျက်နှာသာပေးခြင်းကိုမခံရဘဲ အဆင်မပြေနေကြတဲ့သူတွေလည်း ကျွန်မတွေ့နေရတယ် ၉တန်းတောင်မအောင်တဲ့သူတွေက သိန်းကိုသောင်းနဲ့ချီချမ်းသာနေကြပြီး…

နှစ်စဉ်ပထမရခဲ့တဲ့သူတချို့ကတော့ ရာထူးတစ်ခု ခုံတစ်လုံး ဘောပင်တစ်ချောင်းနဲ့ အသက်တွေကြီးသွားတာကျမမြင်နေရတယ် ဆယ်တန်းကိုရိုးရိုးသာအောင်ခဲ့တဲ့သူတွေက ကားထည်လဲစီးနေကြပြီး ဂုဏ်ထူးတွေနဲ့အောင်တဲ့သူတွေက Bus ကားစီးနေရတုန်းပဲ…
စာတော်ခဲ့ပြီး ခုလည်းအဆင်ပြေနေကြသူတွေရှိသလို စာညံ့တဲ့သူတွေ ခုလည်းဆင်းရဲနေတုန်းပဲဆိုတာလည်း ကျွန်မတွေ့နေရတယ် ဆိုတော့…

ကျွန်မငယ်ငယ်က စာမရလို့စိတ်ဓာတ်ကျပြီး ငိုခဲ့တာတွေ..
အဆင့်၁ရတဲ့သူတွေရဲ့ကျွန်မတို့ကို နှိမ်ချဆက်ဆံတာတွေ…
ကျွန်မတို့ဘဝရဲ့အဆုံးအဖြတ်ဟာ Report card ပေါ်ကအဆင့်သာလျှင်ဖြစ်တယ်လို့ ကျွန်မထင်နေခဲ့တာတွေ…
အားလုံးဟာ ဟာသတွေဖြစ်ကုန်တယ် ကံကြမ္မာရဲ့အဆုံးအဖြတ်ဟာ အဆင့်သက်မှတ်ချက်တွေထက် ပိုအရေးကြီးတယ်ဆိုတာသိလာတဲ့အခါ..
ဘဝပေးအခြေအနေနဲ့ မိဘရဲ့ထောက်ပံ့ပေးနိုင်မှုတွေဟာ အတန်းထဲမှာ ပထမရတာထက် ပိုအရေးကြီးတယ်ဆိုတာ…

ပညာရေးမှာမထူးချွန်ပေမယ့် လူတိုင်းဟာ တခြားတစ်ခုခုမှာ ထူးချွန်နိုင်တယ်ဆိုတာ…
ဘဝမှာ ကိုယ်ယုံကြည်ရာကိုသာ သေချာကြိုးစားရင် အဆင့်၁မရလည်းကိစ္စမရှိဘူးဆိုတာ သိလာတဲ့အချိန်မှာ…
ကျွန်မ သားသမီးတွေကို အတန်းထဲမှာ ပထမရဖို့ အသည်းအသန်ကြိုးစားပြီး အပူလောင်နေတဲ့မိဘတွေထဲ ကျမ မပါတော့ဘူး…

ကျွန်မအမေလိုပဲ ကျွန်မ သားသမီးတွေကို စကားတခွန်းပဲကျွန်မအမြဲပြောတယ် “အဆင့် ၁ရဖို့ထက် လူကောင်းဖြစ်အောင် ကြိုးစားပါ အဆင့်၁ ရဖို့ထက် လူရာဝင်အောင် လူဝင်ဆံ့အောင်ပိုကြိုးစားပါ အတန်းထဲမှာ မျက်နှာရဖို့ထက် ပြင်ပလောကမှာ အောင်မြင်စွာရပ်တည်ဖို့ အမြဲကြိုးစားပါ”

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top