






ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွန်ုပ်တို့ရဲ့တနေ့တာမှာစက္ကန့်ပေါင်း ၈၆, ၄၀၀ ရှိတယ်။




#Unicode Version# ဖြင့်ဖတ်ပါ ။

ကောင်းလိုက်တဲ့စကားလေးပါ

သင့် ပိုက်ဆံအိတ်ထဲမှာ ငွေ ရှစ်သောင်းခြောက်ထောင့်လေးရာ(၈၆, ၄၀၀) ရှိတယ်။ လူတစ်ယောက်ကသင့်ဆီက ၁၀၀တန်တရွက် ခိုးသွားတယ်

ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့အဲဒီလူကို လိုက်ရှာဖမ်းဖို့အတွက်သင့်ကျန်တဲ့ပိုက်ဆံ (၈၆, ၃၀၀)လုံးကို ပုံပြီးသုံးမလား

ဒါမှမဟုတ်မေ့မေ့ပျောက်ပျောက်နေမလား

အဖြေ ကတော့ ရှင်းပါတယ်ဗျာ

စိတ်ပြေ လက်ပျောက်ပဲ နေမှာပေါ့

၁၀၀လောက်လျော့သွားတာ အတွက်ဘာကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်နေမလဲ။

ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွနု်ပ်တို့ရဲ့တနေ့တာမှာစက္ကန့်ပေါင်း ၈၆, ၄၀၀ ရှိတယ်။

အဲဒီထဲက တစုံတယောက်ကြောင့်စိတ် အနှောင့်အယှက်ဖြစ်ရတဲ့အချိန် တစ်မိနစ်ကျော်ကျော်(စက္ကန့် ၁၀၀လောက်) အတွက်နဲ့ဘာကြောင့်များစိတ်ဆိုးဒေါသတွေ ထွက်ပြီးကျန်တဲ့ တနေ့တာရဲ့လက်ကျန်၈၆, ၃၀၀စက္ကန့် လုံးလုံးကိုအဆင်မပြေဖြစ်အောင် လုပ်မလဲဘဝဟာ ကျယ်ပြန့်ပါတယ်

အသေးအမွှားကိစ္စလေးတွေကြောင့်အနှောင့်အယှက် အဖြစ်မခံပါနဲ့နော်

ဖိုးသူတော် (www.phothutaw.com)
Credit:Practical Dreams
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top