ထိုင္းႏိုင္ငံရဲ႕ ေျမာက္ပိုင္းၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္တဲ့ ခ်င္းမိုင္မွာေတာ့ လက္ရွိအခ်ိန္မွာ အႏၲရာယ္ အဆိပ္အေတာက္ျဖစ္ေစတဲ့ မီးခိုးျမဴ ဖုံးလႊမ္းမႈျပႆနာနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရလ်က္ ရွိပါတယ္။

ႏိုင္ငံမွာ ခရီးသြားေတြကို အထူးဆြဲေဆာင္ေနတဲ့့ ၿမိဳ႕လည္း ျဖစ္တဲ့ ခ်င္းမိုင္မွာေတာ့ ယခုသီတင္းပတ္အတြင္း အာရွေဒသတြင္း အဆိုးဝါးဆုံးေသာ အဆိပ္အေတာက္ပါ ေလထုနဲ႔ ဖုံးလႊမ္းခံေနရတာ ျဖစ္ပါတယ္။

ယင္းၿမိဳ႕က ေလထုထဲမွာ အႏၲရာယ္ရွိ ေသးငယ္တဲ့ အမႈန္အမႊား ပါဝင္မႈ လယ္ဗယ္ အလြန္အမင္း ျမင့္တက္ေနလ်က္ ရွိပါတယ္။

အလားတူ ထိုင္းစစ္အစိုးရေခါင္းေဆာင္ ပရာယြတ္ခ်န္အိုခ်ာလည္း ယင္းခ်င္းမိုင္ၿမိဳ႕ဆီ ဧၿပီ ၂ ရက္က ေရာက္ရွိလာခဲ့ၿပီး ဒီလို မီးခိုးျမဴဖုံးမႈ ျပႆနာကို အေလးေပးကိုင္တြယ္ေျဖရွင္းဖို႔ တိုက္တြန္းသြားခဲ့ပါတယ္။

ယခုသီတင္းပတ္အတြင္း ယင္းၿမိဳ႕ မီးခိုးျမဴဖုံးလႊမ္းမႈမွာေတာ့ ေလထုထဲ အႏၲရာယ္ရွိ အမႈန္အမႊားပါဝင္မႈႏႈန္း PM2.5  က ၄၈၀ အထိ ရွိေနခဲ့တယ္လို႔ သိရပါတယ္။ PM အဆင့္ ၃၀၀ ေက်ာ္တယ္ဆိုရင္ အႏၲရာယ္ရွိ အဆိပ္အေတာက္ျဖစ္ေစတဲ့အဆင့္အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းမြို့ တစ်မြို့ ဖြစ်တဲ့ ချင်းမိုင်မှာတော့ လက်ရှိအချိန်မှာ အန္တရာယ် အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးမြူ ဖုံးလွှမ်းမှုပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရလျက် ရှိပါတယ်။

နိုင်ငံမှာ ခရီးသွားတွေကို အထူးဆွဲဆောင်နေတဲ့ မြို့လည်း ဖြစ်တဲ့ ချင်းမိုင်မှာတော့ ယခုသီတင်းပတ်အတွင်း အာရှဒေသတွင်း အဆိုးဝါးဆုံးသော အဆိပ်အတောက်ပါ လေထုနဲ့ ဖုံးလွှမ်းခံနေရတာ ဖြစ်ပါတယ်။

ယင်းမြို့က လေထုထဲမှာ အန္တရာယ်ရှိ သေးငယ်တဲ့ အမှုန်အမွှား ပါဝင်မှု လယ်ဗယ် အလွန်အမင်း မြင့်တက်နေလျက် ရှိပါတယ်။

အလားတူ ထိုင်းစစ်အစိုးရခေါင်းဆောင် ပရာယွတ်ချန်အိုချာလည်း ယင်းချင်းမိုင်မြို့ဆီ ဧပြီ ၂ ရက်က ရောက်ရှိလာခဲ့ပြီး ဒီလို မီးခိုးမြူဖုံးမှု ပြဿနာကို အလေးပေးကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ယခုသီတင်းပတ်အတွင်း ယင်းမြို့ မီးခိုးမြူဖုံးလွှမ်းမှုမှာတော့ လေထုထဲ အန္တရာယ်ရှိ အမှုန်အမွှားပါဝင်မှုနှုန်း PM2.5  က ၄၈၀ အထိ ရှိနေခဲ့တယ်လို့ သိရပါတယ်။ PM အဆင့် ၃၀၀ ကျော်တယ်ဆိုရင် အန္တရာယ်ရှိ အဆိပ်အတောက်ဖြစ်စေတဲ့အဆင့်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top