ေသာင္ရင္းျမစ္ထဲ လူေသအေလာင္း ၁ ေလာင္း ေမ်ာပါလာ
ျမန္မာ-ထိုင္းနယ္စပ္ ခ်စ္ၾကည္ေရးတံတားနဲ႔ ကိုက္ ၃၀၀ ေလာက္မွာ ေသာင္ရင္းျမစ္ထဲ ေမ်ာပါလာတဲ့ လူေသအေလာင္းတေလာင္းကို ဧၿပီ ၁၁ ရက္ေန႔က ေတြ႔ရိွခဲ့ပါတယ္။
အမည္မသိ ေသဆံုးသူ အမ်ဳိးသားတဦးကို ကရင္ျပည္နယ္ ျမဝတီၿမဳိ႕နယ္ ရဲတပ္ဖြဲ႔မႉးနဲ႔ အမွတ္ ၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြက ပူးေပါင္းကြင္းဆင္း စစ္ေဆးေနဆဲ ျဖစ္ပါတယ္။
ေသဆံုးသူဟာ ေမးႏႈတ္ခမ္းမွာ ဒဏ္ရာအနည္းငယ္ ရရွိထားတဲ့အတြက္ ႐ိုး႐ိုးေသဆံုးတာ မျဖစ္ႏုိင္ဘူးလို႔ အာဏာပုိင္ေတြက ယူဆထားပါတယ္။
ျမန္မာ-ထုိင္း နယ္စပ္ ေသာင္ရင္းျမစ္ထဲမွာ လူေသအေလာင္းေတြ ေမ်ာပါလာတာကို ေဒသခံေတြ မၾကာခဏဆိုသလို ေတြ႔ရေလ့ရွိတာပါ။
၂၀၁၂ ခု ေနာက္ပိုင္းမွာ ေကအန္ယူနဲ႔ အစိုးရအၾကား အပစ္အခတ္ရပ္စဲ ၿငိမ္းခ်မ္းေရး သေဘာတူညီမႈရၿပီး ေနာက္မွာေတာ့ ေသာင္ရင္းျမစ္ထဲ လူေသအေလာင္းေတြ ေတြ႔ရမႈ သိသိသာသာ ေလ်ာ့နည္းသြားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ ကိုက် ၃၀၀ လောက်မှာ သောင်ရင်းမြစ်ထဲ မျောပါလာတဲ့ လူသေအလောင်းတလောင်းကို ဧပြီ ၁၁ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။
အမည်မသိ သေဆုံးသူ အမျိုးသားတဦးကို ကရင်ပြည်နယ် မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပူးပေါင်းကွင်းဆင်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
သေဆုံးသူဟာ မေးနှုတ်ခမ်းမှာ ဒဏ်ရာအနည်းငယ် ရရှိထားတဲ့အတွက် ရိုးရိုးသေဆုံးတာ မဖြစ်နိုင်ဘူးလို့ အာဏာပိုင်တွေက ယူဆထားပါတယ်။
မြန်မာ-ထိုင်း နယ်စပ် သောင်ရင်းမြစ်ထဲမှာ လူသေအလောင်းတွေ မျောပါလာတာကို ဒေသခံတွေ မကြာခဏဆိုသလို တွေ့ရလေ့ရှိတာပါ။
၂၀၁၂ ခု နောက်ပိုင်းမှာ ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေး သဘောတူညီမှုရပြီး နောက်မှာတော့ သောင်ရင်းမြစ်ထဲ လူသေအလောင်းတွေ တွေ့ရမှု သိသိသာသာ လျော့နည်းသွားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb