












#Unicode Version#
စစ်တွေမြို့ အမြင့်ကျွန်း ကျေးရွာ အနီး ကားလမ်းဘေး၌ ၈နှစ်အရွယ်ကလေးမလေးတစ်ဦး သေဆုံးနေကြောင်း ၂ .၄ . ၂၀၁၉ နေ့က တွေ့ရှိကြောင်း ကနဦးသတင်း ထွက်ပေါ်လာခဲ့တဲ့ သတင်း နောက်ဆက်တွဲကို တင်ပြပေးလိုက်ပါတယ်..။

ကလေးမလေး သေဆုံးမှုနဲ့ ပတ်သက်ပြီးတရားခံပေါ်ပြီဆိုတဲ့ အကြောင်းကိုလည်း Khine May အကောင့်ပိုင်ရှင်မှ ပုံနှင့်တကွ အပြည့်အစုံ တင်ပြထားတာကို တွေ့ရပါတယ်။ တရာခံက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကလေးရဲ့ နားကတ်ကိုဖြုတ်ယူခဲ့ကြောင်း စစ်စေးသိရှိရတယ်လို့ တင်ပြထားပါတယ်။

မနေ့ကရက်ရက်စက်စက်အသတ်ခံရတဲ့ကလေးကိုသတ်တဲ့တရားခံမပါ သူ့မှာသားသမီး၃ယောက်ရှိတာတောင်ကိုယ်ချင်းစာစိတ်မရှိအပြစ်မဲ့တဲ့ကလေးကိုမှသတ်ပီးနားကပ်နဲ့လက်စွပ်ကိုယူသွားတဲ့မိန်းမပါ အသတ်ခံရတဲ့ကလေးလေးရော သတ်တဲ့အယုတ်တမာမပါကျမတို့ရပ်ကွက်ထဲကပါပဲ

ဒါပေမယ့်ဒီကောင်မကကျမတို့ရပ်ကွက်ကလူနဲ့အိမ်ထောင်ကျပီးမှဒီကိုရောက်လာတာပါအယင်ကကော့သောင်းကစားသောက်ဆိုင်တခုမှာအလုပ်လုပ်တာပါ သူ့မိဘတွေကရန်ကုန်ကပါ

သူ့ယောက်ကျားကရပ်ကွက်ထဲက ကလေးတွေကိုကျောင်းကားပို့ပေးတာပါ အသတ်ခံရတဲ့သမီးလေးကသူတို့ကားကိုတနှစ်လုံးစီးပီးမူကြိုတက်ခဲ့တော့ဒီကောင်မနဲ့ရင်းနှီးခဲ့တာပေါ့

ကလေးကအသက်၅နှစ်ကျော်ပဲရှိပါသေးတယ် အင်မတန်လိမ္မာရေးခြားရှိတဲ့ကလေးပါ မနေ့ကကလေးတွေနဲ့ကစားနေတုန်းဒီကောင်မခေါ်လို့သူ့ခမျာလိုက်ပါသွားခဲ့တာပါ

စစ်တွေမြို့ကကားစီးပီးအမြင့်ကျွန်းတံတားအောက်ထိကလေးကိုခေါ်မသေမချင်းသတ်ကလေးလေးနားကပ်နဲ့လက်စွပ်ယူပီးဟန်မပျက်ဈေးသွား ပီးတော့နားကပ်လေးကို၈သောင်းနဲ့ရောင်းပီးအိမ်ကိုပြန်လာခဲ့တာပါ အိမ်ရောက်တာနဲ့အေးအေးဆေးဆေးပဲလုပ်စရာရှိတာတွေလုပ်နေခဲ့တာပေါ့

သူကမနက်ပိုင်းအိမ်မှာမုန့်တီ ထမင်းကြော်ရောင်းတော့မနက်အတွက်အကုန်အရံသင့်သွေးအေးအေးနဲ့ပီးအောင်လုပ်နေနိုင်ခဲ့တာ ကားသမားကခြေရာခံလို့ရဲတွေလာဖမ်းတော့ခပ်တည်တည်ပဲစခန်းလိုက်သွားတာ

စခန်းရောက်တော့အစကငြင်းသေးတယ် နောက်မှသူကလေးကိုဘယ်လိုသတ်ခဲ့ပါတယ်ဆိုတာပုံပြင်ပြောသလိုလွယ်လွယ်လေးပြောခဲ့တာပါ

ကလေးကိုအုတ်ခဲ့နဲ့ရက်ရက်စက်စက်ထုသတ် ရေနစ်သတ်ပီးတခေါက်ထားခဲ့ပီးပြန်လှည့်ကြည့်တော့ကလေးလေးခမျာအသက်မသေသေးတာသိတော့နောက်တခေါက်ပြန်ပီးကိုင်ပေါက် ထုသတ် ရေနစ်ပီးသတ်ခဲ့တာလို့သူ့ပါးစပ်ကအေးအေးဆေးဆေးပြောထွက်နိုင်ခဲ့တာ ကလေးလေးခမျာအော်ဟစ်ရုန်းကန်တောင်းပန်တယ်လို့လဲသူ့ပါးစပ်ကပြောထွက်သေးတယ်အယုတ်တမာမ မိဘတိုင်းကိုယ်ချင်းစာပီးရင်နင့်အောင်ခံစားမိကြမှာပါ ဒီလိုအယုတ်တမာမမိဘကလွဲလို့ပေါ့..

သမီးလေးရေကောင်းရာသုဂတိလားပါစေ ဝဋ်ကြွေးရှိခဲ့ရင်ဒီလောက်နဲ့ပဲကြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ် မိဘတိုင်းလဲဒီလိုအဖြစ်ဆိုးမျိုးကကင်းလွတ်ကြပါစေ

အယုတ်တမာမ တိရစ္ဆာန်မရေနင့်အတွက်တော့ဆုတောင်းပေးလိုက်ပါတယ်သေဒဏ်ပဲကျပါစေလို့.. ဆိုပြီး Khine May အကောင့်မှ တင်ထားတာကို တွေ့ရပါတယ်..။

ဖိုးသူတော်(www.phothutaw.com)
Credit: ApannPyay – Source – Khine May
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top