ျဖဴစင္ရိုးသားလြန္းတဲ့ အသက္ ၆ ႏွစ္အရြယ္ ကေလးငယ္ေလးဟာ သူစက္ဘီးစီးလာစဥ္ ၾကက္ေပါက္စေလး တစ္ေကာင္ကို တိုက္မိတာေၾကာင့္ ရွိုက္ႀကီးတငင္ငင္ ငိုေႂကြးၿပီး ေသသြားတဲ့ ၾကက္ေပါက္စေလးကို လက္ထဲမွာ ဆုပ္ကိုင္ရင္း ေဆး႐ုံကို အေျပးအလႊား ေရာက္လာခဲ့ပါတယ္။

ဒီျမင္ကြင္းဟာ ျမင္ရသူတိုင္းကို ရင္ဆို႔သြားေစပါတယ္။ သူ႔လက္ထဲမွာ ႐ူပီး ၁၀ တန္ ေငြစကၠဴေလးကို ကိုင္ရင္း ၾကက္ေလးကို အသက္ျပန္ရွင္လာေအာင္ ေဆးကုေပးဖို႔ ဆရာဝန္ကို ပိုက္ဆံေပးၿပီး ေတာင္းပန္ခဲ့ပါတယ္။
ဒီဓါတ္ပုံကို အျဖစ္ပ်က္အစုံလင္နဲ႔တစ္ကြ အြန္လိုင္းေပၚမွာ တင္လိုက္တဲ့အခါ အားလုံးက တာဝန္သိၿပီး ျဖဴစင္ရိုးသားတဲ့ ကေလးငယ္ကို သနားၿပီး ခ်ီးက်ဴးေနၾကပါတယ္။
 
ကေလးရဲ့ အမည္က Derek C Lalchhanhima ျဖစ္ၿပီး အိႏၵိယနိုင္ငံ Sairang က ျဖစ္ပါတယ္။ ကေလးရဲ့ဖခင္ျဖစ္သူ ေျပာျပခ်က္အရ Derek ဟာ အိမ္နားမွာ စက္ဘီးစီးေနတုန္း ၾကက္ေပါက္ေလး တစ္ေကာင္ကို မေတာ္တဆ တိုက္မိသြားခဲ့ပါတယ္။ စက္ဘီးတိုက္လို႔ ေသသြားတဲ့ ၾကက္ေပါက္ေလးကို ယူလာၿပီး သူမိဘေတြကို ေဆး႐ုံလိုက္ပို႔ေပးဖို႔ ေတာင္းပန္ခဲ့တာေၾကာင့္ အနီးနားမွာရွိတဲ့ ေဆး႐ုံကိုေခၚလာခဲ့ပါတယ္။ အဲဒီေနာက္ ကေလးက ဆရာဝန္ဆီကို ၾကက္ေပါက္ေလး ကိုင္သြားၿပီး သူ႔လက္ထဲက ႐ူပီး ၁၀ ေပးၿပီး ေဆးျပန္ကုေပးဖို႔ ရွိုက္ႀကီးတငင္ငင္နဲ႔ ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။

ဒီပုံေလးကို လူမွုကြန္ယက္ေပၚ တင္ခဲ့ၿပီး အခုဆိုရင္ Like 25K ျပန္လည္ေဝမၽွသူ 89K နဲ႔ ဝင္ေရာက္ေရးသားသူ 8.8K ရွိေနၿပီျဖစ္ပါတယ္။

သူဟာအိမ္ျပန္ေရာက္လာၿပီး ဆရာဝန္က ၾကက္ေလးကို ေဆးကုမေပးပဲ ဓါတ္ပုံပဲရိုက္တယ္လို႔ စိတ္ပ်က္လက္ပ်က္နဲ႔ ျပန္ေျပာခဲ့ပါတယ္။
ဒါေပမယ့္ ဧၿပီလ ၄ ရက္ေန႔မွာေတာ့ သူ႔ရဲ့ ၾကင္နာတတ္တဲ့ စိတ္ဓါတ္ကို ခ်ီးက်ဴးဂုဏ္ျပဳတဲ့အေနနဲ႔ သူတက္ေနတဲ့ ေက်ာင္းက သူ႔ကို ဂုဏ္ထူးေဆာင္လက္မွတ္ ခ်ီးျမႇင့္ခဲ့တဲ့ ပုံမွာေတာ့ ျပဳံးေပ်ာ္ေနတဲ့ Derek ကိုေတြ႕ရမွာျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
ဖြူစင်ရိုးသားလွန်းတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်လေးဟာ သူစက်ဘီးစီးလာစဉ် ကြက်ပေါက်စလေး တစ်ကောင်ကို တိုက်မိတာကြောင့် ရှိုက်ကြီးတငင်ငင် ငိုကြွေးပြီး သေသွားတဲ့ ကြက်ပေါက်စလေးကို လက်ထဲမှာ ဆုပ်ကိုင်ရင်း ဆေးရုံကို အပြေးအလွှား ရောက်လာခဲ့ပါတယ်။

ဒီမြင်ကွင်းဟာ မြင်ရသူတိုင်းကို ရင်ဆို့သွားစေပါတယ်။ သူ့လက်ထဲမှာ ရူပီး ၁၀ တန် ငွေစက္ကူလေးကို ကိုင်ရင်း ကြက်လေးကို အသက်ပြန်ရှင်လာအောင် ဆေးကုပေးဖို့ ဆရာဝန်ကို ပိုက်ဆံပေးပြီး တောင်းပန်ခဲ့ပါတယ်။
ဒီဓါတ်ပုံကို အဖြစ်ပျက်အစုံလင်နဲ့တစ်ကွ အွန်လိုင်းပေါ်မှာ တင်လိုက်တဲ့အခါ အားလုံးက တာဝန်သိပြီး ဖြူစင်ရိုးသားတဲ့ ကလေးငယ်ကို သနားပြီး ချီးကျူးနေကြပါတယ်။

ကလေးရဲ့ အမည်က Derek C Lalchhanhima ဖြစ်ပြီး အိန္ဒိယနိုင်ငံ Sairang က ဖြစ်ပါတယ်။ ကလေးရဲ့ဖခင်ဖြစ်သူ ပြောပြချက်အရ Derek ဟာ အိမ်နားမှာ စက်ဘီးစီးနေတုန်း ကြက်ပေါက်လေး တစ်ကောင်ကို မတော်တဆ တိုက်မိသွားခဲ့ပါတယ်။ စက်ဘီးတိုက်လို့ သေသွားတဲ့ ကြက်ပေါက်လေးကို ယူလာပြီး သူမိဘတွေကို ဆေးရုံလိုက်ပို့ပေးဖို့ တောင်းပန်ခဲ့တာကြောင့် အနီးနားမှာရှိတဲ့ ဆေးရုံကိုခေါ်လာခဲ့ပါတယ်။ အဲဒီနောက် ကလေးက ဆရာဝန်ဆီကို ကြက်ပေါက်လေး ကိုင်သွားပြီး သူ့လက်ထဲက ရူပီး ၁၀ ပေးပြီး ဆေးပြန်ကုပေးဖို့ ရှိုက်ကြီးတငင်ငင်နဲ့ တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ဒီပုံလေးကို လူမှုကွန်ယက်ပေါ် တင်ခဲ့ပြီး အခုဆိုရင် Like 25K ပြန်လည်ဝေမျှသူ 89K နဲ့ ဝင်ရောက်ရေးသားသူ 8.8K ရှိနေပြီဖြစ်ပါတယ်။

သူဟာအိမ်ပြန်ရောက်လာပြီး ဆရာဝန်က ကြက်လေးကို ဆေးကုမပေးပဲ ဓါတ်ပုံပဲရိုက်တယ်လို့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ပြောခဲ့ပါတယ်။
ဒါပေမယ့် ဧပြီလ ၄ ရက်နေ့မှာတော့ သူ့ရဲ့ ကြင်နာတတ်တဲ့ စိတ်ဓါတ်ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ သူတက်နေတဲ့ ကျောင်းက သူ့ကို ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခဲ့တဲ့ ပုံမှာတော့ ပြုံးပျော်နေတဲ့ Derek ကိုတွေ့ရမှာဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top