ေလးဦးစလုံးကို ထုိင္းႏိုင္ငံ ဘန္ေကာက္ကို ပို႔ေဆာင္ေပးသြားမွာ ျဖစ္ၿပီး ခြဲစိတ္ကုသရမယ့္သူက ခြဲစိတ္ ကုသေစမွာ ျဖစ္ၿပီး ၾကံ့ခိုင္မႈ လုပ္ရမယ့္သူက ၾကံ့ခိုင္မႈ လုပ္ရမယ္လို႔ သိရပါတယ္။ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ ဒဏ္ရာေတြ ကိုယ္စီ ရရွိေနၾကတဲ့ ေက်ာ္မင္းဦး၊ၿငိမ္းခ်မ္းေအာင္၊မ်ိဳးကို ထြန္းနဲ႔ေဇယ်ာႏိုင္တို႔ ၄ ဦးကို ဘန္ေကာက္ကို ပို႔ေဆာင္ၿပီး ေဆးကုသမႈ ျပဳလုပ္ေပးသြားမွာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးကိုကုိသိန္းကေျပာပါတယ္။

“ အဖြဲ႕ခ်ဳပ္အေနနဲ႔ ေက်ာ္မင္းဦး၊ၿငိမ္းခ်မ္းေအာင္၊မ်ိဳးကိုထြန္းနဲ႔ ေဇယ်ာႏိုင္တို႔ ၄ ဦးကို ဘန္ေကာက္မွာ ေဆးကု သႏိုင္ေစဖို႔ ဒီကေန႔ပဲ ပတ္စ္ပို႔ ရရွိေရး ေဆာင္ရြက္ေနပါတယ္၊ လာမယ့္ သၾကၤန္အၿပီး ၁၈၊ ၁၉ ေလာက္ သြားႏိုင္ မယ္လို႔ ထင္ပါတယ္၊ ဟိုမွာ ဆရာ၀န္ေတြနဲ႔လည္း ႀကိဳတင္ ရက္ခ်ိန္းယူထားတာ ရွိတာေၾကာင့္ပါ၊၊

ေက်ာ္မင္းဦး ရဲ႕ MRI ရိုက္ထားတဲ့ အေျဖလည္း ထြက္လာပါၿပီ၊ သူနားထားတာကလည္း နည္းနည္း ၾကာသြားေတာ့ ေတာ္ ေတာ္ေလးေတာ့ျပန္လုပ္ယူရမယ္၊ ဟိုက်ရင္ေတာ့ ခြဲရမယ့္သူကခြဲေပါ့၊ ၾကံ့ခိုင္ေရး လုပ္ရ မယ့္သူက လုပ္ေပါ့” ဆိုၿပီး ဦးကိုကိုသိန္းက ေျပာပါတယ္။ေက်ာ္မင္းဦးအေနနဲ႔ ဒူးဒဏ္ရာ ရထားၿပီး ထိုင္းမွာ ပထမအႀကိမ္ သြားေရာက္ခြဲစိတ္ကုသရာမွာေတာ့ မသက္သာ တာေၾကာင့္ ကစားဘ၀က အနားယူၿပီလို႔ ေၾကညာထားခဲ့ပါတယ္။

ဒီအေျခအေနေပၚမွာ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးေဇာ္ေဇာ္က ေက်ာ္မင္းဦးရဲ႕ ေဆးစစ္မႈ မွတ္တမ္း ဖိုင္ကို ဂ်ပန္သို႔ ပို႔ေဆာင္ စစ္ေဆးေစၿပီးအေျခအေနကို သိရွိေစၿပီးေနာက္ ဒုတိယအႀကိမ္ ဘန္ေကာက္ကို ထပ္ မံ ေစလႊတ္ကုသေစမွာ ျဖစ္ပါတယ္။ေက်ာ္မင္းဦးနည္းတူ ၿငိမ္းခ်မ္းေအာင္ကလည္း ဒူးဒဏ္ရာရခဲ့တာ ဆိုေပမယ့္ ျပန္သက္သာလာလို႔ ၿပီးခဲ့တဲ့ ျမန္မာ့ လက္ေရြးစင္အသင္းရဲ႕ ႏိုင္ငံတကာ ေျခစမ္းပြဲစဥ္ေတြမွာေတာင္ ျပန္လည္ပါ၀င္ကစားေနႏိုင္ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၾကံံ့ခိုင္မႈအပုိင္း ပိုမို သန္မာလာေစဖို႔ ရည္ရြယ္ၿပီး ထုိင္းႏိုင္ငံ ဘန္ေကာက္မွာ လိုအပ္တဲ့ ၾကံ့ခိုင္ မႈ ေလ့က်င့္ခန္းေတြ ျပဳလုပ္ေစမွာ ျဖစ္တယ္လို႔ သိရပါတယ္။အျခားေသာ ကစားသမားေတြ ျဖစ္တဲ့ မေကြးက ေဇယ်ာႏိုင္နဲ႔ ရတနာပုံက မ်ိဳးကိုထြန္းတို႔ကိုလည္း တပါတည္း ထုိင္းႏိုင္ငံမွာ သြားေရာက္ ေနထုိင္ ကုသေစမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:DuwunSports
#Unicode Version#
လေးဦးစလုံးကို ထိုင်းနိုင်ငံ ဘန်ကောက်ကို ပို့ဆောင်ပေးသွားမှာ ဖြစ်ပြီး ခွဲစိတ်ကုသရမယ့်သူက ခွဲစိတ် ကုသစေမှာ ဖြစ်ပြီး ကြံ့ခိုင်မှု လုပ်ရမယ့်သူက ကြံ့ခိုင်မှု လုပ်ရမယ်လို့ သိရပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒဏ်ရာတွေ ကိုယ်စီ ရရှိနေကြတဲ့ ကျော်မင်းဦး၊ငြိမ်းချမ်းအောင်၊မျိုးကို ထွန်းနဲ့ဇေယျာနိုင်တို့ ၄ ဦးကို ဘန်ကောက်ကို ပို့ဆောင်ပြီး ဆေးကုသမှု ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကပြောပါတယ်။

“ အဖွဲ့ချုပ်အနေနဲ့ ကျော်မင်းဦး၊ငြိမ်းချမ်းအောင်၊မျိုးကိုထွန်းနဲ့ ဇေယျာနိုင်တို့ ၄ ဦးကို ဘန်ကောက်မှာ ဆေးကု သနိုင်စေဖို့ ဒီကနေ့ပဲ ပတ်စ်ပို့ ရရှိရေး ဆောင်ရွက်နေပါတယ်၊ လာမယ့် သြင်္ကန်အပြီး ၁၈၊ ၁၉ လောက် သွားနိုင် မယ်လို့ ထင်ပါတယ်၊ ဟိုမှာ ဆရာဝန်တွေနဲ့လည်း ကြိုတင် ရက်ချိန်းယူထားတာ ရှိတာကြောင့်ပါ၊၊

ကျော်မင်းဦး ရဲ့ MRI ရိုက်ထားတဲ့ အဖြေလည်း ထွက်လာပါပြီ၊ သူနားထားတာကလည်း နည်းနည်း ကြာသွားတော့ တော် တော်လေးတော့ပြန်လုပ်ယူရမယ်၊ ဟိုကျရင်တော့ ခွဲရမယ့်သူကခွဲပေါ့၊ ကြံ့ခိုင်ရေး လုပ်ရ မယ့်သူက လုပ်ပေါ့” ဆိုပြီး ဦးကိုကိုသိန်းက ပြောပါတယ်။ကျော်မင်းဦးအနေနဲ့ ဒူးဒဏ်ရာ ရထားပြီး ထိုင်းမှာ ပထမအကြိမ် သွားရောက်ခွဲစိတ်ကုသရာမှာတော့ မသက်သာ တာကြောင့် ကစားဘဝက အနားယူပြီလို့ ကြေညာထားခဲ့ပါတယ်။

ဒီအခြေအနေပေါ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ကျော်မင်းဦးရဲ့ ဆေးစစ်မှု မှတ်တမ်း ဖိုင်ကို ဂျပန်သို့ ပို့ဆောင် စစ်ဆေးစေပြီးအခြေအနေကို သိရှိစေပြီးနောက် ဒုတိယအကြိမ် ဘန်ကောက်ကို ထပ် မံ စေလွှတ်ကုသစေမှာ ဖြစ်ပါတယ်။ကျော်မင်းဦးနည်းတူ ငြိမ်းချမ်းအောင်ကလည်း ဒူးဒဏ်ရာရခဲ့တာ ဆိုပေမယ့် ပြန်သက်သာလာလို့ ပြီးခဲ့တဲ့ မြန်မာ့ လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေမှာတောင် ပြန်လည်ပါဝင်ကစားနေနိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကြံံ့ခိုင်မှုအပိုင်း ပိုမို သန်မာလာစေဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မှာ လိုအပ်တဲ့ ကြံ့ခိုင် မှု လေ့ကျင့်ခန်းတွေ ပြုလုပ်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။အခြားသော ကစားသမားတွေ ဖြစ်တဲ့ မကွေးက ဇေယျာနိုင်နဲ့ ရတနာပုံက မျိုးကိုထွန်းတို့ကိုလည်း တပါတည်း ထိုင်းနိုင်ငံမှာ သွားရောက် နေထိုင် ကုသစေမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:DuwunSports
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top