20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×


ဆံပင်

မျက်လုံး

မျက်လုံး

မျက်နှာအသားအရေ

ခန္ဓာကိုယ်အသားအရေ

လက်၊ ခြေ

Credit:thithtoolwin
# Unicode Version # ဖြင့် ဖတ်ပါ #


ဆံပင်
ဤအသက်အပိုင်းအခြားတွင် ဆံပင်မကြာခဏ လျှော်ခြင်း၊ ခေါင်း လျှော်ရေအမြောက်အများ သုံးခြင်းကို ရှောင်ပါ။ အကယ်၍ မကြာခဏ ခေါင်းလျှော်မိပါက ခေါင်းလျှော်ရေ အစား၊ ပျော့ဆေး (သို့) ပေါင်းဆေးကို သုံးပါ။ ခေါင်းလျှော်ရည်ကိုလည်း sulfate နည်း သောအမျိုးအစားကိုသာ တစ်ပတ် (၁) ကြိမ်သုံးပါ။ ဆံပင်ကို dryer နှင့် အခြောက်ခံခြင်းထက် ရေစင် အောင်သုတ်၍ သဘာဝအတိုင်း အခြောက်ခံပါ။ သို့မှသာ ဆံပင်ခြောက်တတ်သော ပြဿနာကို လျော့ချနိုင်မည်။

မျက်လုံး
ယခုလိုသက်လတ်ပိုင်းအရွယ်တွင် နေကာမျက်မှန် ကို နေပူနေ၍ ဖြစ်စေ၊ လေတိုက်၍ဖြစ်စေ တပ် ထားပါ။ moisturing မျက်စဉ်းကို ခပ်ပေးပါ။ မိနစ် (၂၀) ရောက်တိုင်း Computer Break ခေါ် ကွန်ပျူတာ ကုလားထိုင်သည် ကွန်ပျူတာထက် အနည်းငယ် မြင့်ပြီး ကွန်ပျူတာကို အထက်စီးမှ အနည်းငယ်ကြည့်သကဲ့သို့ ဖြစ်မည်။ မိမိမျက်ခွံက မျက်လုံးကို အနည်းငယ်ကာထား သလို ဖြစ်ရမည်။ သို့မှသာ လေထုကြောင့် မျက်လုံး ခြောက်ခြင်းကို ကာကွယ်ပေးနိုင်မည်။

မျက်လုံး
မျက်လုံးတဝိုက် eye gel ကို လက်သူကြွယ်နှင့် စန္ဒရားတီးသကဲ့သို့ အသာအယာတို့လိမ်းပေးပါ။ ပွတ် လိမ်းခြင်းရှောင်ပါ။ သို့မှသာ အသား ထဲသို့ စိမ်းဝင်မည်။

မျက်နှာအသားအရေ
အသက်အရွယ်နှင့်လိုက်ဖက်သော product ကို သုံးပါ။ သို့မှသာ အသားအရေစိုပြေနိုင်မည်။ အသား မာနှင့် အရေပြားများခြောက်ကြမ်း၍ ကွာခြင်းတို့အတွက် ချေးချွတ်ဆေး အပျော့စားကိုသုံးပြီး SPF 50 ပါသော အစိုဓာတ်ထိန်းခရင်ကိုလိမ်းပါ။ မိတ်ကပ်မလိမ်းမီ မျက်နှာ tissue များအတွက် အုန်းဆီ (သို့) သံလွင်ဆီစစ်စစ်ကို လိမ်းပေးပါ။ နေ့အချိန် အေးသောရာသီမျိုး၌ moisturizer ခရင်ကို သွားလေရာ ဘူးကလေးနှင့် ထည့်သွင်းပြီး လိမ်းပေးပါ။

ခန္ဓာကိုယ်အသားအရေ
သံလွင်ဆီစစ်စစ်က အကောင်းဆုံးဖြစ်သည်။ ရေချိုးစဉ် တကိုယ်လုံးကို သကြားအဖြူနှင့် ချေးချွတ် ပေးပါ။ ရေချိုးပြီး ခန္ဓာကိုယ်ရေမခြောက်မီ သံလွင်ဆီကို တကိုယ်လုံးလိမ်းပေးပါ။ ရနံ့ကြိုက်သူက လာဗင်ဒါဆီကို သုံးပေးပါ။ ချောမွတ်သော အသားအရေကို ရရှိပေမည်။

လက်၊ ခြေ
လက်သည်း၊ ခြေသည်းများမှ ပန်းခုံးနေရာများကိုပါ မကျန် သံလွင်ဆီကို လိမ်းပေးပါ။ ခြောက်သွေ့သော ခြေလက်မျိုးကို NlVEA ကဲ့သို့ ခရင်လိမ်း၍ အပေါ်မှ သံလွင်ဆီလိမ်းပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top