ခ်စ္သူဘဝ၊ အိမ္ေထာင္သည္ဘဝမွာ ျပႆနာတစ္ခုခုျဖစ္ရင္ သံေယာဇဥ္ႀကီးတတ္၊ စိတ္ေပ်ာ့တတ္တဲ့ မိန္းကေလးေတြပဲ အမ်ားအားျဖင့္ ငိုပြဲဆင္ေနရတာပါ။

“Relationship တစ္ခု တည္ေဆာက္ရတာ အရမ္းခက္ခဲပင္ပန္းတာပဲ” လို႔ ခံစားေနရလား။ အဲဒီလို ခံစားေနရတာက ကိုယ္ခ်ည္းပဲ ျဖစ္ေနသလား..ညီမေလးတုိ႔ေရ။ ခ်စ္သူ ဘယ္ႏွေယာက္ေျပာင္းေျပာင္း စိတ္ညစ္ရတာေတြက သိပ္မကြဲျပားဘူးဆုိရင္ေတာ့ ကိုယ္ရဲ႕ပံုစံကိုပါ ျပင္ဆင္ဖို႔ လိုေနပါၿပီေနာ္။

ခ်စ္သူကို အရမ္းႀကီး တြယ္ကပ္မေနသင့္

အေရးႀကီးဆံုးအခ်က္က သူက ကိုယ့္ဘဝလို႔ ေတြးေနမိတယ္ဆုိရင္ အဲဒီအခ်က္ကို စၿပီး ျပင္ဆင္ဖို႔ လိုေနပါၿပီ။ သူ႔ကို အရမ္းခ်စ္တာနဲ႔ပဲ သူ႔အေၾကာင္းပဲေတြး၊ သူနဲ႔႔ပဲ အတူရွိေတာမ်ဳိး လုပ္စရာမလိုပါဘူး။ သူငယ္ခ်င္းေတြကိုလည္း သူ႔အတြက္နဲ႔ ေရွာင္ဖယ္မေနသင့္ဘူး။ သူနဲ႔ပဲ အျမဲေနရင္ ၾကာရင္ ပ်င္းစရာေကာင္းလာမယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ျငဴစူတာေတြ မ်ားလာမယ္။ သူ႔ကို အခ်ိန္ပိုေပးခ်င္ေပးပါ။ ကိုယ့္ဝါသနာ၊ ကိုယ္ခ်စ္ခင္ရသူေတြကိုလည္း အခ်ိန္ေပးဖို႔ လိုပါတယ္။

အဲ…အဲဒါဆုိ ကိုယ္ပဲ အေပါင္းအသင္းနဲ႔ ေနမယ္။ သူ႔ကိုေတာ့ မေနရဘူးလို႔ မလုပ္သင့္ပါဘူး။ သူ႔ကိုလည္း ေပးသင့္တဲ့ လြပ္လပ္ခြင့္ေပးပါ။ ေဖာက္ျပန္တတ္သူက ဘယ္လုိေနေနေဖာက္ျပန္တာပါ။ လႊတ္ထားလိုက္ေတာ့ သူဘယ္လိုလူလဲဆုိတာ သိရတာေပါ့။ သူ႔အတြက္ ကိုယ္ပူေနစရာလိုပါဘူး။ အခ်ိန္တိုင္း သူ႔ဆီ Message ေတြ ပို႔မေနနဲ႔။ အဲဒါ သူတုိ႔ေယာက္်ားေလးေတြ လုပ္ရမယ့္အလုပ္။

ေနာက္ထပ္ အေရးႀကီးဆံုးနဲ႔ အေရးတကာ့အေရးႀကီးဆံုးအခ်က္က ကိုယ့္ကိုယ္ကိုယ္ ခ်စ္ပါ။ ကိုယ့္ကိုယ္ကိုယ္ မခ်စ္တတ္တဲ့သူကို ဘယ္သူမွ မခ်စ္ပါဘူးေနာ္။ ကိုယ့္ကိုယ္ကိုယ္ ေကာင္းေအာင္ေန၊ လွေအာင္ေန၊ မက္ေမာတြယ္တာခ်င္စရာ ျဖစ္ေအာင္ေနထုိင္ပါ။ ကိုယ့္ကိုယ္ကိုယ္ ေလးစားတန္ဖိုးထားပါ။ အဲဒီလိုပဲ က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ လိုေသးတယ္။ အိပ္ေပ်ာ္ေအာင္အိပ္ပါ။ ကိုယ္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ထားပါ။ သူ အနားမွာမရွိလည္း ေနတတ္ပါေစ။

ျပႆနာေတြျဖစ္စမွာကတည္းက ေသခ်ာရွင္း

ျပႆနာဆုိတာ စံုတြဲတုိင္းမွာ ရွိပါတယ္။ ရန္ျဖစ္ရမွာစိုးလို႔ ဆုိၿပီးေတာ့လည္း ျပႆနာေတြကို ေရွာင္မေနပါနဲ႔။ ထိပ္တုိက္ေျဖရွင္းပါ။ ကိုယ္ဘာျဖစ္ခ်င္တယ္၊ သူဘာျဖစ္ခ်င္တယ္ဆုိတာ သိေအာင္လုပ္ပါ။ သူေျပာတာကိုလည္း ေသခ်ာနားေထာင္ေပးပါ။ ငါမွန္တယ္ခ်ည္းပဲ အျမဲလုပ္မေနပါနဲ႔၊ သူ႔ဘက္ ကိုယ့္ဘက္ မွ်မွ်တတေတြးၿပီး အေလွ်ာ့ေပးသင့္တယ္ထင္ရင္ အေလွ်ာ့ေပးလုိက္ပါ။

ျမန္မာမိန္းကေလးေတြ အမ်ားဆံုး ေတြ႕ၾကံဳရတဲ့ ျပႆနာက စံုတြဲေတြ အရမ္းရင္းႏွီးလာတဲ့အခါ အားႀကီးတဲ့ ေယာက္်ားေလးဘက္က လက္ပါတတ္တာပါပဲ။ အဲဒါမ်ဳိး လံုးဝလံုးဝ သည္းမခံသင့္ပါဘူး။ သူက ကိုယ့္ကို ႏႈတ္အားျဖင့္ျဖစ္ေစ၊ ကိုယ္အားျဖင့္ျဖစ္ေစ ႐ိုင္းျပေစာ္ကားလာၿပီဆုိရင္ေတာ့ ေနာက္မျဖစ္ေအာင္ ကတိေတာင္းတာ၊ ထပ္ျဖစ္လာရင္ ဒီဇာတ္လမ္းကို အဆံုးသတ္တာမ်ဳိးကို လုပ္ေပးဖို႔ လိုပါလိမ့္မယ္။

ရည္းစားျဖစ္ျခင္းနဲ႔ လပ္ထပ္ျခင္းက တစ္ထပ္တည္းမက်ဘူး

ကိုယ့္အရြယ္က အိမ္ေထာင္ျပဳသင့္ၿပီ၊ သူနဲ႔ကိုယ္နဲ႔ တြဲလာတာၾကာလို႔ အိမ္ေထာင္ျပဳသင့္ၿပီဆုိတာမ်ဳိး လံုးဝလံုးဝ မလုပ္ပါနဲ႔။ အိမ္ေထာင္ျပဳတာဟာ ျပင္မရတဲ့အရာမ်ဳိးမို႔ အိမ္ေထာင္မျပဳခင္မွာ သူနဲ႔ တစ္ဘဝလံုး လက္တြဲဖုိ႔ ျဖစ္ႏုိင္ရဲ႕လားဆုိတာ ေသခ်ာေတြးပါ။ ဒီလူနဲ႔ ေန႔စဥ္ရက္ဆက္ အသက္ႀကီးသည္အထိ အတူေနထုိင္ဖို႔ ျဖစ္ႏုိင္ရဲ႕လား ???? အိမ္ေထာင္က်သြားရင္ သူ ဆုိးေနတာေတြ ျပဳျပင္သြားမယ္လို႔ လံုးဝမထင္လုိက္ပါနဲ႔၊ ကေလးရသြားရင္ ျပဳျပင္လိမ့္မယ္ဆုိတာလည္း လံုးဝမဟုတ္ပါဘူးေနာ္။ အရာရာျပည့္စံုသူ ဆုိတာ မရွိေပမဲ့ ကိုယ္တကယ္လက္ထပ္ခ်င္သူ ျဖစ္ေနဖို႔ေတာ့လိုပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
#Unicode Version#
ချစ်သူဘဝ၊ အိမ်ထောင်သည်ဘဝမှာ ပြဿနာတစ်ခုခုဖြစ်ရင် သံယောဇဉ်ကြီးတတ်၊ စိတ်ပျော့တတ်တဲ့ မိန်းကလေးတွေပဲ အများအားဖြင့် ငိုပွဲဆင်နေရတာပါ။

“Relationship တစ်ခု တည်ဆောက်ရတာ အရမ်းခက်ခဲပင်ပန်းတာပဲ” လို့ ခံစားနေရလား။ အဲဒီလို ခံစားနေရတာက ကိုယ်ချည်းပဲ ဖြစ်နေသလား..ညီမလေးတို့ရေ။ ချစ်သူ ဘယ်နှယောက်ပြောင်းပြောင်း စိတ်ညစ်ရတာတွေက သိပ်မကွဲပြားဘူးဆိုရင်တော့ ကိုယ်ရဲ့ပုံစံကိုပါ ပြင်ဆင်ဖို့ လိုနေပါပြီနော်။

ချစ်သူကို အရမ်းကြီး တွယ်ကပ်မနေသင့်

အရေးကြီးဆုံးအချက်က သူက ကိုယ့်ဘဝလို့ တွေးနေမိတယ်ဆိုရင် အဲဒီအချက်ကို စပြီး ပြင်ဆင်ဖို့ လိုနေပါပြီ။ သူ့ကို အရမ်းချစ်တာနဲ့ပဲ သူ့အကြောင်းပဲတွေး၊ သူနဲ့ပဲ အတူရှိတောမျိုး လုပ်စရာမလိုပါဘူး။ သူငယ်ချင်းတွေကိုလည်း သူ့အတွက်နဲ့ ရှောင်ဖယ်မနေသင့်ဘူး။ သူနဲ့ပဲ အမြဲနေရင် ကြာရင် ပျင်းစရာကောင်းလာမယ်၊ တစ်ယောက်နဲ့ တစ်ယောက် ငြူစူတာတွေ များလာမယ်။ သူ့ကို အချိန်ပိုပေးချင်ပေးပါ။ ကိုယ့်ဝါသနာ၊ ကိုယ်ချစ်ခင်ရသူတွေကိုလည်း အချိန်ပေးဖို့ လိုပါတယ်။

အဲ…အဲဒါဆို ကိုယ်ပဲ အပေါင်းအသင်းနဲ့ နေမယ်။ သူ့ကိုတော့ မနေရဘူးလို့ မလုပ်သင့်ပါဘူး။ သူ့ကိုလည်း ပေးသင့်တဲ့ လွပ်လပ်ခွင့်ပေးပါ။ ဖောက်ပြန်တတ်သူက ဘယ်လိုနေနေဖောက်ပြန်တာပါ။ လွှတ်ထားလိုက်တော့ သူဘယ်လိုလူလဲဆိုတာ သိရတာပေါ့။ သူ့အတွက် ကိုယ်ပူနေစရာလိုပါဘူး။ အချိန်တိုင်း သူ့ဆီ Message တွေ ပို့မနေနဲ့။ အဲဒါ သူတို့ယောက်ျားလေးတွေ လုပ်ရမယ့်အလုပ်။

နောက်ထပ် အရေးကြီးဆုံးနဲ့ အရေးတကာ့အရေးကြီးဆုံးအချက်က ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်တဲ့သူကို ဘယ်သူမှ မချစ်ပါဘူးနော်။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေ၊ လှအောင်နေ၊ မက်မောတွယ်တာချင်စရာ ဖြစ်အောင်နေထိုင်ပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားပါ။ အဲဒီလိုပဲ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုသေးတယ်။ အိပ်ပျော်အောင်အိပ်ပါ။ ကိုယ်ကိုယ်ကိုယ် ပျော်အောင်ထားပါ။ သူ အနားမှာမရှိလည်း နေတတ်ပါစေ။

ပြဿနာတွေဖြစ်စမှာကတည်းက သေချာရှင်း

ပြဿနာဆိုတာ စုံတွဲတိုင်းမှာ ရှိပါတယ်။ ရန်ဖြစ်ရမှာစိုးလို့ ဆိုပြီးတော့လည်း ပြဿနာတွေကို ရှောင်မနေပါနဲ့။ ထိပ်တိုက်ဖြေရှင်းပါ။ ကိုယ်ဘာဖြစ်ချင်တယ်၊ သူဘာဖြစ်ချင်တယ်ဆိုတာ သိအောင်လုပ်ပါ။ သူပြောတာကိုလည်း သေချာနားထောင်ပေးပါ။ ငါမှန်တယ်ချည်းပဲ အမြဲလုပ်မနေပါနဲ့၊ သူ့ဘက် ကိုယ့်ဘက် မျှမျှတတတွေးပြီး အလျှော့ပေးသင့်တယ်ထင်ရင် အလျှော့ပေးလိုက်ပါ။

မြန်မာမိန်းကလေးတွေ အများဆုံး တွေ့ကြုံရတဲ့ ပြဿနာက စုံတွဲတွေ အရမ်းရင်းနှီးလာတဲ့အခါ အားကြီးတဲ့ ယောက်ျားလေးဘက်က လက်ပါတတ်တာပါပဲ။ အဲဒါမျိုး လုံးဝလုံးဝ သည်းမခံသင့်ပါဘူး။ သူက ကိုယ့်ကို နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ ရိုင်းပြစော်ကားလာပြီဆိုရင်တော့ နောက်မဖြစ်အောင် ကတိတောင်းတာ၊ ထပ်ဖြစ်လာရင် ဒီဇာတ်လမ်းကို အဆုံးသတ်တာမျိုးကို လုပ်ပေးဖို့ လိုပါလိမ့်မယ်။

ရည်းစားဖြစ်ခြင်းနဲ့ လပ်ထပ်ခြင်းက တစ်ထပ်တည်းမကျဘူး

ကိုယ့်အရွယ်က အိမ်ထောင်ပြုသင့်ပြီ၊ သူနဲ့ကိုယ်နဲ့ တွဲလာတာကြာလို့ အိမ်ထောင်ပြုသင့်ပြီဆိုတာမျိုး လုံးဝလုံးဝ မလုပ်ပါနဲ့။ အိမ်ထောင်ပြုတာဟာ ပြင်မရတဲ့အရာမျိုးမို့ အိမ်ထောင်မပြုခင်မှာ သူနဲ့ တစ်ဘဝလုံး လက်တွဲဖို့ ဖြစ်နိုင်ရဲ့လားဆိုတာ သေချာတွေးပါ။ ဒီလူနဲ့ နေ့စဉ်ရက်ဆက် အသက်ကြီးသည်အထိ အတူနေထိုင်ဖို့ ဖြစ်နိုင်ရဲ့လား ???? အိမ်ထောင်ကျသွားရင် သူ ဆိုးနေတာတွေ ပြုပြင်သွားမယ်လို့ လုံးဝမထင်လိုက်ပါနဲ့၊ ကလေးရသွားရင် ပြုပြင်လိမ့်မယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူးနော်။ အရာရာပြည့်စုံသူ ဆိုတာ မရှိပေမဲ့ ကိုယ်တကယ်လက်ထပ်ချင်သူ ဖြစ်နေဖို့တော့လိုပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top